Thackeray (2019)


Synopsis:
ဒီရုပ်ရှင်ကား ဟာ အိန္ဒိယ နိုင်ငံရဲ့
လူမျိုးရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့
ဘခရိုထခရေး ရဲ့ ဘ၀ဇတ်ကြောင်းပဲ ဖြစ်ပါတယ်။
ထခရေး ဟာ မဟာရက်ခ်ျတာ လူမျိုး ဖြစ်ပြီး
နိုင်ငံရေး သမားတွေ ရဲ့ လူလည်ကျမှုတွေ
ဘာသာရေး သမားတွေ ရဲ့ အမြတ်ထုတ်မှုတွေကို
သူတက်နိုင်တဲ့ ကာတွန်းတွေ ရေးဆွဲပြီး သတင်းစာတိုက်ကနေ
တိုက်ခိုက်နေသူပဲ ဖြစ်ပါတယ်…
ဒါပေမဲ့ သတင်းစာတိုက် ပိုင်ရှင် နဲ့ ပြသနာဖြစ်ပြီး
ကာတွန်းဆရာ အလုပ်ကနေ ထခရေး ထွက်ခဲ့ရတယ်
ဒီတစ်လျှောက်မှာ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင် (ခိုးဝင်)
အလုပ်လုပ်သူတွေ ရဲ့ ဗိုလ်ကျမှုတွေ ခံလာရတဲ့
မြို့သူ မြို့သားတွေ အတွက် ရပ်တည်ပေးဖို့
အကြောင်းဖန်လာပါတယ်…
မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးတွေ ပေါင်း အပြင်ကနေ ပိုက်ဆံချေးပြီး
နိုင်ငံရေး သတင်းဂျာနယ်တိုက် စတင် တည်ထောင်ခဲ့ပြီး…
တစ်ဖြေးဖြေး နဲ့ ခြေလှမ်းသွတ်လာကာ နိုင်ငံရေးခေါင်းဆောင်
တစ်ဦးအဖြစ်သို့ လှမ်းပါတော့တယ်…
ထခရေး ဟာ အမှန်တရားဘက်တော်သားလို့လဲ ပုံသေချီးကျူးလို့
မရပြန်ပါဘူး သူ့စိတ်ထဲ မှန်တာထင်ရင် သတ်လဲ သတ်တယ်
ရိုက်လဲရိုက်မယ် ဘာမဆို လုပ်ဖို့ အဆင်သင့်ဖြစ်နေသူပါ…
ပြောရရင် အစွန်းရောက် မျိုးချစ်ပုံစံမျိုးလဲ သူ့ဆီမှာ တွေ့ရသလို
ဘာသာခြားတွေကို သနားကြင်နာမှု လဲ သူ့ဆီမှာတွေ့ရတယ်
မှန်းဆရ ခက်ပေမဲ့ သူကတော့ အမျိုးဘာသာ သာသနာအတွက်
နိုင်ငံတော် အစိုးရ နဲ့ အာဏာရှင်တွေကို လုံးဝ မကြောက်ရွံ့ခဲ့သူပါ
နိုင်ငံတော်ဆူပူမှု ဖြစ်အောင် မီးမွှေးနိုင်သူ ဖြစ်သလို
နိုင်ငံတော် ငြိမ်ဝပ်ပိပြားအောင် ပြန်ထိန်းနိုင်သူလဲ ဖြစ်ပြန်တယ်
ထခရေး က မျိုးချစ်နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပေမဲ့
တိုင်းပြည်ရဲ့ အာဏာရှင် စနစ်ကို အတော်ကြီး လှုပ်လှုပ်ရှားရှား
ဖြစ်စေခဲ့သူပါပဲ….
ဇတ်လမ်းတစ်ခုလုံးမှာ သီချင်းဆိုပြီး အားအားယားယား
ခုန်ပေါက်ကနေတာမျိုး မပါတဲ့ အတွက် ကြည့်ရတာ
ပိုကောင်းနေသလိုပါပဲ…
နိုင်ငံရေး လှည့်ကွက်တွေ မျိုးချစ် နဲ့ ဘာသာရေး
ပြသနာတွေက အသက်မရှုရဲလောက်အောင်
ဇတ်လမ်းရဲ့ အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာပါ
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့
Htet Wai Liwn ဖြစ်ပြီး XCode မှ
အညွှန်းရေး တင်ဆက်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။