Terminator Genisys (2015)
Reset the future

Synopsis:
ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။
ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။
နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ပါသင့်သလောက် မပါဘဲဖြစ်သွားတယ်။
ဂျွန် ကော်နာ တို့တတွေ စကိုင်းနက်ကို ဝင်စီးတယ်။ ပင်မစခန်းကိုဖြိုတယ်။ အဲဒီမှာ စက်တွေက မော်ဒယ် ၁၀၁ စက်ရုပ်တစ်ရုပ်ကို အတိတ်ကိုလွှတ်လိုက်ပြီး ဂျွန် ကော်နာ ရဲ့ အမေကို သတ်ခိုင်းတယ်။ အဲဒီမှာ ဂျွန် ကော်နာ က တစ်ကိုယ်တော်စစ်သည်တစ်ယောက်ကို လွှတ်ပြီး သူ့အမေကို ကာကွယ်ခိုင်းရတယ်။ ကာကွယ်ရုံတင်မက သူ့အမေနဲ့ချစ်ကျွမ်းဝင်ပေါင်းဖက်ပြီး သူ့ကို သန္ဓေတည်စေဖို့ပါ ရည်ရွယ်တာပေါ့။ ဒါဟာ ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Terminator ရဲ့ အစပါပဲ။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ တစ်ကိုယ်တော်စစ်သည် ကိုင်းလ် ရိစ် က အချိန်စက်ဝန်းနောက်တစ်ခုထဲကို ရောက်သွားခဲ့တယ်။ အဲဒီအချိန်စက်ဝန်းမှာ တီ ၁၀၀၀ စက်ရုပ်တစ်ရုပ်ရယ်၊ တီ ၈၀၀ စက်ရုပ်တစ်ရုပ်ရယ်၊ သူလာမယ်ဆိုတာ ကြိုသိနေတဲ့ ဆာရာ ကော်နာ ရယ်တို့က သူလာမယ့်လမ်းမှာ အသင့်စောင့်ကြိုနေတာကို တွေ့လိုက်ရတာပါပဲ။
ဒီလိုနဲ့ ပထမတာဝန်ဖြစ်တဲ့ ဆာရာ ကော်နာ ကိုကာကွယ်ပြီး ဂျွန် ကော်နာ ဖြစ်လာမယ့် သန္ဓေသားလောင်းကို မျိုးစေ့ချပေးဖို့အဖြစ်ကနေ ဂျန်နင်းစစ် အဖြစ် ရုပ်ဖျက်ထားတဲ့စကိုင်းနက်ကို ဖောက်ခွဲဖျက်ဆီးဖို့ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ အနာဂတ်က ဂျွန် ကော်နာ ကိုယ်တိုင် ရောက်ရှိလာပြီး ဇာတ်လမ်းသပွတ်အူဖြစ်ရပုံတွေကို ရှုစားကြရမှာဖြစ်ကြောင်းပါဗျာ။
File size…(1.9 GB)/(1 GB)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….02:06:00
Genre…Action, Adventure, Sci-Fi
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Arr Kun Winchester
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။