Tees Maar Khan (2010)
A STylish International Conman With Loads Of Attitude.

Synopsis:
Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။
မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး
အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။
ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ
သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ
အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့
နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား
တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက
ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို
မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။
ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။
ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို
ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ
ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ
ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက်
လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။
တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။
” ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့
တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ ” အဲဒီလိုမျိုးတွေ။
ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့
သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။
File size…(2.2 GB)
Quality….WEB-DL 720p 5.1CH
Format…mkv
Duration….02:15:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Alias
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။