TE3N (2016) မြန်မာစာတန်းထိုး

Synopsis:
လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားမျိုးကိုမှ ရွေးချယ်ကြိုက်သူတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ မှတ်ကျောက်တင်ခံရဦးမှာပါ။ IMDB rating ကလည်း 7.3 အထိရရှိထားပြီး မင်းသားကြီး အမီတာဘဂျမ်းပါဝင်ထားတာကြောင့် ဇာတ်ကားအရှိန်အဝါဟာ ပိုကြီးမားလာခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းအားဖြင့် အဘိုးအို “ဂျွန်” ဟာ ၈ နှစ်ကြာ ကာလအထိ မပေါ်ပေါက်သေးတဲ့ သူ့မြေးလေး ပြန်ပေးဆွဲခံရမှု အပေါ် ဇွဲမလျှော့တဲ့ လူတစ်ယောက်ပါ။ သေဆုံးသွားခဲ့ရသူ မြေးလေးအတွက်လည်း နေ့စဉ်အမျှ ဝမ်းနည်းနေခဲ့ရတဲ့ မြေးချစ်အဖိုး တစ်ယောက်လည်း ဖြစ်ပါတယ်။ရဲစခန်းဌာနတွေမှာ နေ့နေ့ညည စုံစမ်းရင်းနဲ့ အမှုမှန် ပေါ်ပေါက်လာဖို့ “ဂျွန်” တစ်ယောက် မျှော်လင့်နေခဲ့တယ်။ တစ်နေ့မှာတော့ “ဂျွန်” ဟာ မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက် သူ့မြေးဦးထုပ်လေးဆောင်းထားတာက်ို တွေ့လိုက်ရတယ်။ သဲလွန်စတစ်ခုမို့ “ဂျွန်” ဟာ စုံစမ်းမှုတွေတသီနဲဲ့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေခဲ့တယ်။ များမကြာမီမှာတော့ အရာရှိရဲ့ကလေးငယ်တစ်ယောက် ပြန်ပေးဆွဲခံရမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်တယ်။ ထူးခြားမှုကတော့ ယခု ပြန်ပေးဆွဲခံရမှုဟာ လွန်ခဲ့သော ၈ နှစ် က “ဂျွန်”ရဲ့ မြေးလေး ခြိမ်းခြောက်ခံရတဲ့ အစီအစဉ်တွေနဲ့ ထပ်တူညီနေခဲ့တယ်။ အဲ့ဒီနောက် ရဲတွေ စုံစမ်းထောက်လှမ်းလိုက်တဲ့အခါမှာတော့ ???
ဘာတွေဖြစ်လာကြမှာလဲ။ ၈ နှစ်အကြာက ပြန်ပေးသမား တကျော့ ပြန်လာပြီလား။ ပြန်ပေးသမားဟာ ဘယ်လို လူစားမျိုးလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရဦးမှာပါ။ ဒီဇာတ်ကားမှာတော့ လှည့်ကွက်ဆန်ဆန်နဲ့ ဇာတ်ကွက်တွေ ဇွဲလုံ ့လတွေနဲ့ အဘိုးတစ်ယောက်ရဲ့ချစ်မေတ္တာတွေကို ပေါ်လွင်လာစေပြီး ဇာတ်လမ်းအဆုံးမှာဖြင့် ဟာခနဲ အံသြကြရမယ့် ဇာတ်အိမ်ခိုင်မာမှုမျိုုးက သင့်အား ဆွဲဆောင်သွားပါလိမ့်မယ်။ ဒါ့ကြောင့်ရသမျိုးစုံ ခံစားရအောင် ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။
File Size : 980 MB
Quality : Blu ray 720P
Running Time : 2hr 16 minute
Format : Mp4
Genre : Drama, Mystery, Thriller
Encoder : Joker.phs
(ဘာသာပြန်သူကတော့ Tariq L Walker ဖြစ်ပြီး အညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။