Exit print mode Print Data A+ A- Undo all

Tantiram Chapter 1: Tales of Sivakasi (2023)

Tantiram Chapter 1: Tales of Sivakasi (2023)Tantiram Chapter 1: Tales of Sivakasi (2023)

Synopsis:

Tantiram (2023)

“တစ္ဆေများရဲ့မာယာ”

442

IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ
မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး
ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ

“ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ” ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ
ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်

ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်

ဒီကားထဲက “ဂျင်” ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက
ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်

ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ
ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ “ဂျင်” တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ်
သို့ပေသိ တော်တော်ဖြစ်တဲ့ “ဂျင်” ပုဂ္ဂိုလ်တို့ဟာ
လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို
စောင့်ပြီး သွေးဆောင် ဖြားယောင်းကြပါတယ်

ဘာလာချန်ဒရန်က ခိုးရာလိုက်ပြီး သူ့အဖေကို ထားခဲ့တဲ့ အမေဖြစ်သူကို
|စိတ်နာပြီး မိန်းမတွေကို မုန်းတီးနေသူတစ်ယောက်ပါ

သူ့အဖေလည်း တစ်ပင်လဲလို့ တစ်ပင်ကလည်း ထူချင် ထိုစဥ်က ရွာမှာ အသက်ရှင်တဲ့
မိန်းမရှိရက်နဲ့ မယားငယ်ထားရင် ရွာက နှင်ထုတ်တတ်တဲ့ ဓလေ့လည်း ရှိနေတော့
သူတို့ရဲ့ မီးရှူးမီးပန်း စက်ရုံကို သားဖြစ်သူဆီ လွှဲအပ်ခဲ့ပြီး ရွာပြင်မှာ ဇနီးသစ်လေးနဲ့ သွားနေပါတော့တယ်…
သားဖြစ်သူကိုလည်း အချောဆုံးဆိုတဲ့ မိန်းကလေးနဲ့ ပေးစားလိုက်ပါတယ်

အဖေလည်းမရှိတော့ အထီးကျန်နေတဲ့ ဘာလာချန်ဒရန်က တစ်ညမှာ
စာရင်းတွက်နေတုန်း “ဂျင်” ရဲ့ ခြောက်လှန့်မှုကို ခံလိုက်ရပါတယ်

အစက မိန်းမတွေကို မုန်းပြီး ကိုယ့်ဇနီးသည်ကို အနားကပ်မခံတဲ့ ဘာလာ ဟာ အိပ်မက်ဆိုးတွေ
မက်တာကြောင့် ကြောက်ကြောက်နဲ့ ဇနီးလေးရဲ့ ပြုစုယုယမှုကို လက်ခံလိုက်ပြီး ချစ်ကြည်နူး တစ်တီတူး သွားကြပါတော့တယ်

သူတို့ရဲ့ ချစ်ခြင်းကို ခွဲမှာကတော့ “ဂျင်” ဆိုတဲ့ တဏှာရူးတစ္ဆေပဲ ဖြစ်ပြီး ဘာလာချန်ဒရန်ကို
အာလာဒင်ကားထဲက မီးခွက်စောင့်ဘီလူးလို လိုရာဆုတောင်းစေ ဆိုပြီး သူ့မိန်းမကို တဖန်စားရဖို့ ကြံပါတော့တယ်…..

ဒီကားရဲ့ ဇာတ်လမ်းသွားပုံ ဇာတ်ညွှန်း နဲ့ သရုပ်ဆောင်တွေက
မိတ်ဆွေကို ထိုင်ခုံအစွန်းမှာ မြဲနေစေမှာ ဖြစ်တာမို့လို့ အခုပဲ ဒေါင်းကြည့်လိုက်ပါဦး

IMDb 8.7 ကလည်း လူထောင်ချီ vote ပေးထားတာမို့ ကြည့်ရတာ တန်မှာပါ

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က KKKZ ~ Aditi ~ Cherry တို့ ဖြစ်ပါတယ်

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size…1.2GB/ 541MB
Quality…1080p WEB DL /720p
Format…mp4
Duration….1h 39m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by KKKZ ~ Aditi ~ Cherry



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Director
Muthyala Meher Deepak
Stars
Asha Sujay, Avinash, Dileep Kumar, Kalidindi, Leela Venkatesh, Nani Kumar, Priyanka Sharma, Shiva Prasad, Srikanth Gurram, Srinivasa Murthy, Steffi Louise, Sukanya Gadavir
Release Date
October 13, 2023
Rated
Not Rated
Runtime
1h 39m
Country
India
Budget
USD $450 000,00
Popularity
1.4
Status
Released
ID IMDb.com
tt28870064
IMDB Rating
8.7
IMDB votes
1.2k
ID Themoviedb.org
1181893