Tag (2015)

Synopsis:
==================================================
Thit San Khant
unicode
အမျိုးသမီး အထက်တန်းကျောင်းမှ ကျောင်းသူ အားလုံးသည်
အားလပ်ရပ် အပန်းဖြေခရီးထွက်လာရသဖြင့် ပျော်ရွှင်နေကြသည်…
ကား နှစ်စီး ဖြင့် ခရီးဆက်နေရပြီး ကျောင်းသူ များသည် ထိန်းမနိုင်လောက်အောင်
ကားပေါ်တွင် ဆော့နေကြပြီး တစ်ဦးနဲ့တစ်ဦး နောက်ပြောင်ရုံမကပဲ တစ်ခါတစ်ရံ
လမ်းသွားလမ်းလာများကိုပါ ပြုတင်းပေါက်မှ ခေါင်းလေးများပြူထွက်ပြီး စနောက်ခဲ့ကြလေသည်…
ထို ကျောင်းသူများ ထဲတွင်မှ အတည်ငြိမ်ဆုံးသော မစ်ဆူကို ကတော့ သူမ ဝါသနာပါသော
ကဗျာလေးတွေကို ငြိမ်သက်စွာ ဒိုင်ယာရီ စာအုပ်လေးထဲတွင် ချရေးလျက်ရှိနေခဲ့ပြီး
ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများဖြင့် အဆက်သွယ်ပြတ်နေခဲ့ပါတယ်…
ထိုသို့ အချင်းချင်းစနောက်နေရင်း မစ်ဆူကို ထံမှ သူငယ်ချင်းများက စာအုပ်ဆွဲယူရာ
ဘောလ်ပင်န် လေး ကျသွားသဖြင့် မစ်ဆူကို တစ်ယောက် အပြုံးမပျက် စိတ်မဆိုးပဲ
ခုံပေါ်မှ အောက်သို့ ဒူးလေးထောက်ပြီး သူမ ဘောလ်ပင်န် ကို လှမ်းအယူမှာတော့
ခုနက ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများ၏ အသံသည် ရုတ်ချည်းဆိုသလို
ပျောက်ကွယ်သွားလေတော့ရာ မစ်ဆူကို တစ်ယောက် အံ့သားသင့်၍ ဘေးဘီသို့
လှည့်ကြည့်လိုက်သော အခါတွင်တော့….
(သွေးထွက်သံယို အခန်းများ အများဆုံးပါဝင်လို့ ကလေးသူငယ်များ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ)
==================================================
ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ Yun Sandi ဖြစ်ပြီး Encoder Kyaw Soe Han
မှ တင်ဆက်ပေးထားပါတယ် အညွှန်းကိုတော့ ကျနော် သစ်ဆန်းခန့်မှ ရေးသားထားပါတယ်…။
Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။