Superintelligence (2020)


Synopsis:
Superintelligence (2020)
====================
IMDB rating – 5.3/10
A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။
ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကို
စစ်ပွဲတွေ၊ ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။
ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကို
ကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.I
ကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့
လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါ
တယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်
ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှု
လိုက်ကြရအောင်နော် . . .
ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။
သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016) စတဲ့ Comedy,
Action ကားတွေဆိုအတော်များများ ကြည့်ဖူးကြမှာပါ။ ဒီကားထဲမှာလဲ လေးလေးနက်နက်တွေးမိစရာလေးတွေကို
Comedy ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ပါးပါးလေးတွေ ရိုက်သွင်းပြီး အူရွှင်ရအောင်ရိုက်ပြထားသလို ဒီကားထဲမှာလဲ
သဘာ၀န်ဆန်ဆန် ဟာသတွေနဲ့ ဆွဲဆောင်ဦးမှာဖြစ်တာမလို့ ကိုဗစ်ကာလမှာလောင်နေကြမယ့်အစား မြူးရအောင်
တင်ဆက်ပေးလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Hein Min Tun မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Yadi,
May Thu, Hein Min, MTa တို့ပဲဖြစ်ပါတယ်။)
Quality – 1080p, 720p WebRip
Duration – 1h 46min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Romance, Sci-Fi
Source : 1080p.WebRip
Translator – Thwal Yadi, May Thu, Hein Min, MTa
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။