Sunrise In Heaven (2019)


Synopsis:
ဒီကားရဲ့ထူးခြားချက်ကမင်းသားနဲ့မင်းသမီးရည်းစားမဖြစ်ခင်အချိန်နဲ့
လက်ထပ်ပြီးတဲ့အချိန်နှစ်ခုကိုတလှည့်စီရိုက်ကူးပြထားတာပဲဖြစ်ပါတယ်
လူငယ်ဘဝမှာတော့အိမ်ကလုံးဝကိုချုပ်ချယ်ထားပြီး
စစ်သားနဲ့မတွဲရဆိုတဲ့အမိန့်ထုတ်ခံထားရတဲ့ကောင်မလေးတယောက်နဲ့
အဲ့ကောင်မလေးကိုရဖို့ဘာပဲဖြစ်ဖြစ်လုပ်မယ်လို့စိတ်ဆုံးဖြတ်ထားတဲ့ကောင်လေး
သူတို့နှစ်ယောက်ကိုကောင်မလေးအဖေသဘောတူ
လက်ခံလာအောင်သူဘယ်လိုကြိုးစားမလဲဆိုတာတွေ…
သူတို့အသက်ကြီးသွားတဲ့အခန်းမှာတော့စကတည်းက
ကားအက်ဆီးဒင့်အကြီးစားဖြစ်တာနဲ့စပါတယ်
မိန်းမဖြစ်သူကတော့ကံကောင်းစွာနဲ့အသက်ရှင်ပေမယ့်
ယောကျာင်္းကတော့ သေမလားတသက်လုံးအိပ်ရာထဲမှာလှဲနေမလားဆိုတဲ့
ရွေးရခက်တဲ့ဆုံးဖြတ်ချက်တွေပြုလုပ်ရပါတယ်
ဘုရားသခင်ကိုယုံကြည်ပြီးပြန်လည်သတိရလာမှာကိုစောင့်နေချင်တဲ့စိတ်နဲ့တဖက်မှာလည်း
ဆေးပညာအရဘာမျှော်လင့်ချက်မှမရှိတော့လို့အကုန်လက်လွှတ်ခိုင်းနေတဲ့အခြေအနေ
ယောကျာင်္းဖြစ်သူကိုအရမ်းချစ်လို့လက်မလွှတ်နိုင်တဲ့စိတ်တွေနဲ့
တော်တော်ကြီးကိုဝမ်းနည်းဖို့ကောင်းအောင်ရိုက်ပြထားပါတယ်
နောက်ဆုံးဘာလုပ်သွားလဲဆိုတာတော့….
မင်းသားနဲ့မင်းသမီးကအရမ်းကိုချစ်ဖို့ကောင်းတဲ့အပြင် မိသားစုကြားပြဿနာတွေ
ချုပ်ချယ်ခံရတဲ့မိန်းကလေးတယောက်ပုံစံတွေ
အချစ်နဲ့တွေ့ရင်သတ္တိရှိလာတာတွေရိုက်ပြထားလို့လူငယ်တွေလက်မလွတ်ပဲကြည့်သင့်ပါတယ်နော်.
File Size : (799 MB) & ( 261 MB)
Quality : WEB-DL 720p
Running Time : 1 hr 25 min
Format : Mp4
Genre : Drama , Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phue
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။