Sunny (2011)


Synopsis:
ဟချွန်းဟွ နင်က ဘာလို့ဒီလောက်တော်တာလဲကြီးလာရင်ယောကျာ်းတွေကို အုပ်ချုပ်ပြီးအလုပ်လုပ်နိုင်မှာ…..
ဂျန်းမီ နင်က လေမျက်နှာခွဲစိတ်ပြီးအလှဆုံးဖြစ်လာမှာ..
ဂျင်ဟီးရေ နင်ကလေ…ဟာလာမရှုပ်နဲ့ နင်ကလေနောင်ကျရင် အဆဲအဘိဓာန်ထုတ်နိုင်မှာ…
ဆောဂွန်အုတ် နင်ကလေ ကြီးလာရင်နာမည်ကြီးစာရေးဆရာမကြီးဖြစ်လာ…..
ဘိုဟီး ရေ အခုကစပြီးနင်း မစ်ကိုရီးယားဖြစ်လာတော့မှာနောက်ပြီး ချစ်ရတဲ့ ယောကျာ်းနဲ့ချစ်စရာကလေးလေးမွေးမှာ…
ဟဲ့ဆူဂျီမ ဒီကိုကြည့်လိုက်ပါဦး…
အနာဂတ်ကနာမီရေ ငါလေ ကြီးလာရင်ပန်းချီဆရာမကြီးဖြစ်ချင်တယ် ပြီးတော့ကာတွန်းစာအုပ်ဆိုင်ဖွင့်ချင်တယ်…………
တယောသံလေးလေး ဆွဲဆွဲငင်ငင်ဇာတ်ဝင်တေးဖွင့်ထားတဲ့အချိန် ဟိုကလေးဘဝက ဆန္ဒလေးတွေကို ပြေားထားတဲ့ ဗီဒီယိုလေးကိုပြန်
ကြည့်မိချိန်လေး………
—————————————————
xxxx ဒီရုပ်ရှင်ကို လူလတ်ပိုင်း/ကြီးပိုင်း
တွေအတွက်ရည်ရွှယ်ပြီးဖော်ပြပေးလိုက်ပါ
တယ်xxxxx
—————————————————–
ကားနာမည်က Sunny ကိုရီးယားလို(써니 Sseoni) ဖြစ်ပါတယ်။၂၀၁၁ မှာထွက်ရှိထားပြီး ဒီရုပ်ရှင်က IMDb Rating 7.9ရရှိထားပြီး အဲ့ဒီနှစ်ရဲ့ ဒုတိယအမြတ်အကြမ်းဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၁ ခုနှစ်မေလမှာစတင် ပြသခဲ့ပြီးတော့ ကိုရီးယားရဲ့ 20 Fox Century လိုဆိုရမယ့် CJ Entertainment က
ဖြန့်ချီထားပါတယ်။ တစ်ကားလုံးကြာချိန် ၁၂၄မိနစ် ရှိပြီး ကိုရီးယား စကားပြော တောင်ကိုးရီးယား ရုပ်ရှင်ဖြစ်ပါတယ်။
Budget ကန်ဒေါ်လာ ၅.၅မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box Office မှာကန်ဒေါ်လာ ၅၁.၁မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ ၂၀၁၁ ရဲ့ ဒုတိယအမြတ်အကြမ်းဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပြီးကိုရီးယား ရုပ်ရှင်သမိုင်းမှာ ၁၃ ကားမြောက် သော ရောင်းအားအကောင်းဆုံး စံချိန်ကို ဝင်သွားခဲ့ပါတယ်။
ဒီကားကိုရိုက်တဲ့ ဒါရိုက်တာက Kang Hyeongcheol ဖြစ်ပါတယ်။ဒါကသူ့ရဲ့ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမဆုံးပွဲဦးထွက်ရိုက်ကူး
ခဲ့တဲ့ ဇာတ်ကား က၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Scandal Makers ဖြစ်ပါတယ်။ အဲ့ဒီကားကလဲ ငွေးရေးကြေးရေးအရရော အနုပညာပိုင်းရောတော်တော်လေး အောင်မြင်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ အဓီကသရုပ်ဆောင်တွေကိုပြောရမယ်ဆိုရင် ကလေးဘဝ ပိုင်းမှာ ၇ ယောက်လူကြီးပိုင်းမှာ ၇ အဓီက သရုပ်ဆောင်ထားပါတယ်။ အဓီကဇာတ်ကောင်တွေက အမျိုးသမီးတွေပဲဆိုတော့ မင်းသားရယ်လို့ တစ်ယောက်ပဲပါပါတယ်။
Sunnyဒီ ဇာတ်ကားကို Hollywood က ၂၀၁၆ မှာ၊ဟောင်ကောင်က ၂၀၁၄ မှာ Never Dance Alone ဆိုတဲ့နာမည် ၊ ၂၁၀၈မှာ ဂျပန်က Sunny နာမည် နဲ့ပဲ၊ ဗီယက်နမ်က ၂၀၁၈ မှာ ThangNam Ruc Ro ( Go Go Sisters) ဆိုတဲ့ နာမည်အသီးသီးနဲ့ ဇာတ်လမ်းတူတူကိုပဲ အနည်းငယ်စီကွဲပြားပြီး ပြန်လည်ရိုက်ကူးပြသခဲ့ကြပါတယ်။
ရုပ်ရှင်ဆုပေးပွဲအသီးသီးက ဆု ၉ ဆုရရှိထားပြီးအဓီက က ဒါရိုက်တာဆုနဲ့ ဟချွန်းဟွာ ငယ်ဘဝနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး KangSo ra တို့ အဓီက ရရှိခဲ့တာပါ။
ကိုရီးယားမှာစတင်ဖြန့်ချီလိုက်ပြီနောက်မှာကမ္ဘာတစ်လွှား ပြင်သစ်၊ အိန္ဒိယ ၊ အင်္ဂလန်၊အမေရိကန်၊ ဂျပန်၊ အီတလီ၊ သြစတေးသျှ၊ကနေဒါ၊ ဖီလစ်ပိုင် တို့ကရုပ်ရှင်ပွဲတော်အသီးသီးမှာ ပြသပေးခဲ့ပါတယ်။
နောက်ပြီး ဒီဇာတ်ကားရဲ့ အသက်လို့ ပြောလို့ရမယ့် အပိုင်းလဲ ၁၉၈၀ ခုနှစ် ဝန်းကျင်ကfashion ၊ music ၊ lifestyle တွေကိုတွေ့ရမှာ
ဖြစ်ပါတယ်။ ၈၀ ဝန်းကျင်နှစ်များက အငွေ့အသက်တွေ၊ လှုပ်ရှားမှုတွေ အနံ့တွေ၊ အသံတွေ ၊ အရောင်တွေ အားလုံးအားလုံး ပြန်ခံစားရပြီး အခုအချိန် ၄၀ တန်းဝန်ကျင်တွေ ၂၀ ကျော် အရွှယ်ကိုလုံးဝပြန်ရောက်သွားစေမယ်လို့အာမကို နီနီကြီး ခံပါတယ်။
ဒီဇာတ်ကားမှာ အကြိုက်ဆုံးအပိုင်းက သုံးထားတဲ့ သီချင်းတွေပါပဲ၊ အားလုံးပေါင်း ၁၆ ပုဒ်ရှိပြီးTheme song က ခပ်မြူးမြူးနဲ့ ၁၉၈၀ က
လေထုကို ထဲကိုရောက်သွားပါလိမ့်မယ်။Kim Jun seok သီဆိုပေးထားတဲ့ Sunny …ပြောချင်တာတွေ ပါးစပ်ထဲပြည့်နေသေးပေမယ့် ဇာတ်လမ်းပိုင်းကိုသွားပါတော့မယ်။
အီနာမီ ဆိုးလ်မြိ့ကိုကျောင်းပြောင်းလာတဲ့ တောသူမ စိတ်ထားတော်တော်လေးကောင်းတယ် ၊နုံ့တုံတုံအတတ စာတော်တယ်
ပန်းချီဆွဲတာမှာ ပါရမီပါတယ် ၊ ခွဲခြားတက်တဲ့စိတ်မရှိဘူး၊ အေးအေးလေးနဲ့ကုတ်ကမြင်း…
ဟချွန်းဟွ အဖွဲ့ခေါင်းဆောင် ဖိုက်တာမ ၊အရပ်အရှည်ကြီးနဲ့ နည်းနည်း ယောက်ကျာ်းဆန်တယ် ၊ခေါင်းဆောင်တစ် ယောက်ရဲ့ စိတ်ဓာတ်ကိုသေခါနီး သေပြီးတာ
တောင်ပြသွားတယ် ၊ သူငယ်ချင်းသာမိသားစုသူငယ်ချင်းတွေ သာ သူ့ကမ္ဘာမှာ ၆ဦးတည်း
သောသူသားတွေ…..
ဂျောင်းဆူဂျီ တစ်ကားလုံးမှာ သူ့ကိုဒုတိယအကြိုက်ဆုံး ဆံပင်ရှည်ရှည်လေးနဲ့ ရုပ်ကလဲအဖွဲ့ထဲမှာတင်မဟုတ် တစ်ကျောင်းလုံးမှာ ပါ
အချောဆုံး ၊ ချောသလောက် မာနကလဲမြန်မာ့စီးပွားရေးလိုပဲ အတက်ပဲရှိတယ်ဘယ်တော့မှမကျဘူးဒါပေမယ့် ၊ရိုင်းလဲနည်းနည်းရိုင်းတယ် ၊တစ်ယောက်တည်းသီးသန့်အမြဲနေတက်တဲ့ နတ်သမီးတစ်ပိုင်း လူမိုက်မတစ်ပိုင်းကြည့်လို့တော့ကောင်းချက်…
ဟွန်းဂျင်ဟီး သဘောအကျမိဆုံးဇာတ်ကောင်မျက်နှာက ခပ်ချွန်းချွန်း ခွပ်စွာစွာဇာတ်ဇာတ်ကျဲမလေး အဖေက ကိုရီးယားစာပေ ပါမာက္ခ ..သူက ဆဲနည်းပေါင်းစုံကို
တီထွင်သူလို့ ပြောရမလားဆဲတာမျိုးဆုံ ကိုကျွမ်းကျွမ်းကျင်ကျင်ဆဲတက်တဲ့ အဆဲဘုရင်မဘွဲ့ခံ သူက ဟာသဇာတ်ရုပ်ကိုပိုပြီးပီပြင်သွားစေတယ် ……
ကင်ဂျန်းမီ ဖက်တီးမ ဝသလောက် အလှကလဲအသေကြိုက် မျက်ရစ်မရှိလို့ မျက်ရစ်ဖော်တိတ်တွေနဲ့ အမြဲမျက်လုံးကိုသနေပြီး အစားလဲအသေစား စိတ်ထားတော့ကောင်းတယ် ၊သူကလဲ ဟာသဇာတ်ရုပ်ကို ပိုပြီး ကြွသွားအောင်လုပ်ပေးတယ် …..
ဆောဂွန်အုတ် မှန်ကြောင်မလေး စာကြမ်းပိုဒေါသလလဲကြီးတယ် မုန့်အဝယ်တော်…လူကြီးဘဝမှာ ကလေးဘဝနဲ့ တစ်ခြားစီဘဝကြီး
ကွားခြားပြောင်းလဲသွားတဲ့သူ……….
ယူဘိုဟီး ပူဒယ်ခွေးမလို့ နာမည်ပေးထားတဲ့ အနာဂတ်မစ်ကိုရီးယား ကိုပါးစပ်ကမချ ဆံပင်တစ်ချိန်လုံးကောက်နေတဲ့
ငပိန်မလေး..လူကြီးဘဝမှာ အရက်ဆိုင်မှာစားပွဲထိုးလုပ်တဲ့ဘဝကြီးဖြစ်သွားတဲ့ မစ်ဆိုဂျူး …..တို့ပါဝင်တဲ့ ၈ဝခုနှစ်က မိန်းကလေးအဖွဲ့
အဓီကဇာတ်ကောင်မဟုတ်ပေမယ် သူ့ပုံကိုပဲဇာတ်ကားပြီးတဲ့အထိစွဲကျန်နေခဲ့တဲ့တစ်ယောက်သောသူက လူကအရပ် ၃ပေ ၂လက်မလောက်
ဆံပင်ကို ခြေင်္သေလိုလုပ်ထားပြီး အလည်တည့်တည့်မှာ ပန်းပွင့်ကြီးကလစ်ညပ်ထားပြီးပါးစပ်သွပ်ချက်က အီမီနမ် ရက်ပ် ရွှတ်နေသလားပဲ ပါစတာပန်းကန်ပြားခေါင်းလို့ခေါ်တဲ့ ပြိုင်ဖက်လူဆိုးမအဖွဲ့က အဆဲဘုရင်မ..
ဒီဇာတ်ကားမှာ ကျောင်းသားဘဝ ရဲ့ ငယ်ရွှယ်တက်ကြွလန်းဆန်းမှုတွေ ၊ ရေဒီယိုမှာ ကလာတာလေးတွေကို ညဘက် အိပ်မှာ အဖွားတို့
အဘိုးတို့နဲ့ စောင့်နားထောင်တာလေးတွေ၊သူငယ်ချင်းတွေ အိမ်မှာစုပြီးနည်းမျိုးစုံနဲ့ကစားကြတာလေးတွေ၊ လုံးဝ အတိတ်ကို့ပြန်ခေါ်သွားပြီး ပြောင်မြောက်တဲ့အဆဲတွေနဲ့ဟာသဇာတ်ကွက်တွေက နဲ့ လန်းဆန်းအောင်ထည့်ထားတယ်။
ဆွေးမြေ့လွမ်းဆွတ်မှုတွေ ၊တမ်းတမှုတွေကို ၊ လူ့ဘဝရဲ့အလှည့်အပြောင်းကို အပြင်ကသဘာဝအတိုင်းပြသွားတာတော်တော်လေးကောင်းတယ် ၊ နောက်နှစ် ၂ဝကြာရင်ဘယ်သူဘာဖြစ်မယ်မသိနိုင်တဲ့ လူ့ဘဝကို အစိုးမရမှုတွေ ကို ကြည့်ပြီးနောက်တွေ့ရမှာပါ။
….(F R I E N D သူငယ်ချင်း) …ဆိုတာတဲ့စကားလုံးရဲ့ အနောက်က အဓိပါယ်က အောင်ဘာလေ သိန်း၁ သောင်းဆုထဲနက်နဲပြီးတန်ဖိုးရှိတယ်။ သူငယ်ချင်းစစ်
ဆိုတာ သင့်ဘဝမှာ သွေးမရောတဲ့ မိသားစုပါ ဆိုတဲ့အဓီပါယ်တွေကို ရုပ်ပုံကြီးဆွဲပြီးမရှင်းပြထားပေမယ့်သင့်ခေါင်းထဲမှာအရုပ်ပေါ်
အောင်တော့လုပ်ပေးသွားတယ် ဒီကားက။
ဒီကားက ဇာတ်ကောင်တွေစကားပြောအတိုင်းအဆဲနေရာတွေကို ကိုရီးယား အဓီပါယ်အတိုင်းအနီးစပ်ဆုံး ဖော်ပြပေးနိုင်ရန်ကူညီပေးခဲ့တဲ့
(정유진 Grave Jeong) ကိုကျေးဇူးအများကြီးတင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ တစ်ချို့ သောသူတွေရဲ့လူပျိုဘဝ ၊ တစ်ချို့ သူတွေရဲ့ ကလေးဘဝတွေကို ဒီကားနဲ့ ခဏလောက်ပြန်သွားလိုက်
ရအောင်။ ကျွန်တော် HLK ပါ။
Qty – 720p Bluray
Duration – 1hr 40min
Subtitle – Myanmar
Translator – Htet Lin Kyaw
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။