Student A (2018)


Synopsis:
[ Unicode ]
Student ‘A’
“၂၀၁၅ အောက်တိုဘာ၁၇ရက်တွင် ကျောင်းခေါင်မိုးပေါ်မှခုန်ချသွားသော ကျောင်းသူ’A’၏ ဖြစ်ရပ်မှန်”
အငိုမရပ်ဘဲ ဆက်တိုက်ငိုနေခဲ့တဲ့ ငှက်ကလေးတစ်ကောင် ရှိခဲ့ပါတယ်…
အဲဒီငှက်ကလေးရဲ့နာမည်ကတော့ ဂျန်းမီရယ်တဲ့ ၊
သူကအလယ်တန်းကျောင်းသူလေးပါ
ကျောင်းမှာအမြဲတမ်းအနိုင်ကျင့်ခံရပြီး အမြဲတမ်းနာကျင်ရတဲ့အခါမှာ သူမရဲ့ထွက်ပေါက်က Wondering worldဆိုတဲ့ဂိမ်းဖြစ်လာပါတယ် ၊
Darkဆိုတဲ့နာမည်နဲ့ ဂိမ်းခိုးကစားတတ်ပြီး ဂိမ်းထဲမှာလည်းတော်ပါတယ် ၊
သူ့ရဲ့ကမ္ဘာထဲမှာ ဂိမ်းနဲ့ သူရေးထားတဲ့ဝတ္တုတွေသာ ရှိပါတယ် ။
ဂျန်းမီရယ်က ဇာတ်လမ်းတစ်ပုဒ်ကိုရေးနေပြီး
အဲဒီဇာတ်လမ်းကိုအဆုံးသတ်ဖို့နိဂုံးကို သူမ စဉ်းစားလို့မရသေးပါဘူး…
တစ်နေ့မှာ လီဘက်ဆိုတဲ့ကောင်မလေးရောက်လာပြီး ဇာတ်လမ်းဆက်ရေးနိုင်ဖို့ကူညီပေးခဲ့ပါတယ် ။
မီရယ်ဟာ လီဘက်နဲ့ထေယန်းတို့နှစ်ယောက်နဲ့ ရင်းနှီးလာပြီးနောက်ပိုင်း သူတို့နှစ်ယောက်အပေါ် ခင်တွယ်လာခဲ့ပါတယ်…
ဒါပေမယ့်လည်း သနားစရာမီရယ်ခမျာ သူငယ်ချင်းနှစ်ယောက်ရဲ့သစ္စာဖောက်မှုကိုခံခဲ့ရပါတယ်။
Wondering world ဂိမ်းကလည်း ပိတ်သိမ်းသွားခဲ့ပြန်ပါတယ်။
သူ့ရဲ့ကမ္ဘာပျောက်ဆုံးသွားတဲ့မီရယ်တစ်ယောက် သေကြောင်းကြံဖို့ကြိုးစားတဲ့အခါ…
အထီးကျန်နေတဲ့မီရယ်လိုလူတစ်ယောက်က ဘယ်အရာကို အားကိုးပြီးဘယ်လိုရှေ့ဆက်သွားမှာလဲ ?
Student ‘A’ဆိုတဲ့ ကောင်မလေးနေရာကနေ ခဏလောက်ဝင်ပြီးစီးမျောလိုက်ကြရအောင်…
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )
[ Zawgyi ]
Student ‘A’
File size__( 1 GB ) and ( 400 MB)
Quality__Blu-720p
IMDb Rating__7.5/10
Format__mp4
Duration__01:54:01
Type__Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။