Striptease (1996)
ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။
မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။
ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ လူတစ်ချို့က သူ့ကို အကြပ်ကိုင်ကြတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်ရဲ့နောက်ကွယ်က လက်မဲကြီးက ဒီလူတွေကိုရှင်းပစ်လိုက်လို့ အကုန်လုံးသေကုန်ကြတယ်။ အဲဒါပြီးတော့ မင်းသမီးဆီ လွှတ်တော်အမတ်အဘိုးကြီးဆီက ဖိတ်ကြားစာရောက်လာခဲ့တယ်။ သူ့အတွက်သီးသန့်ဖျော်ဖြေပေးဖို့ မယုံနိုင်စရာ အခကြေးငွေပေးပြီး ဖိတ်ကြားထားတာပေါ့။ တစ်ဖက်မှာလည်း မင်းသမီးက သူ့ကို လာစစ်ဆေးတဲ့ရဲနဲ့ ခင်သွားတာကြောင့် အခြေအနေတွေကို သိသင့်သလောက်သိနေတာဆိုတော့ သူ့အသက်အန္တရာယ်ရှိနေတာ ရိပ်တော့ရိပ်စားမိနေတယ်။
အာဏာတွေ ရမ္မက်တွေ လူ့သရိုက်တွေကြားက မိခင်တစ်ယောက်ရဲ့ သမီးနဲ့ နီးစပ်ဖို့ကြိုးစားခြင်းဟာ အောင်မြင်သွားမလား… ကျရှုံးသွားမလား… နိုင်နေကျ စာနာတရားခေါင်းပါးတဲ့ လူ့ယဉ်ကျေးတွေကပဲနိုင်သွားမလား… တစ်ခါတလေလေးများ အမှန်တရားက နိုင်သွားမလား… ကြည့်ကြရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.9GB, 750MB
Quality – 1080p, 720p
Format – mp4
Duration – 1H 55Min
Genre – Comedy, Crime, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by “___“
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။


![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/uI5wZN8KreVapUMALQ5WQhTCreG.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/jquiAghR5Sf5rJ2vCwBGy1f2b8e.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/5iodFJpIQVJPo9NiuC6J8BfrLK3.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/fJmMBGX277bUGRmNCDLo5ywZEdu.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/uI8SDl3MJ64X2t4I9wnRy09oCZr.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/oiVz8oqjaNJUjLuilB5S7N9WTqq.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/rt1ifQlMPiShzZ7RqQkpifkQRni.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/4loeGEStVOGgJRzE0u2ZJa4ipm2.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/kO4oc5jJou8FG7uvND0ZHbUjtCz.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/2T6zTAacQMCQo3T4AsuZmB1htlM.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/qH55BLEz6oSf8CP63RSBY0LRZpl.jpg)
![[18+] Striptease (1996)](https://image.tmdb.org/t/p/w300/ja7seX2chyKqQvs7pjzFSlF58jz.jpg)





























