Striding Into the Wind (2020)


Synopsis:
Striding Into the Wind (2020)
=====================
IMDb Rating – 6.2/10
ဒီတစ်ခါတော့ နှစ်ကြီးတက္ကသိုလ်ကျောင်းသားဘဝ
အကြောင်းကို ခံစားကြည့်ရအောင်ဗျာ။ ခရီးသွား
ရုပ်ရှင်လို့သတ်မှတ်ကြတဲ့အပေါ် အယူအဆအမျိုး
မျိုးရှိပေမယ့် ဒီကားလေးကိုလည်း ခရီးသွားရုပ်ရှင်
အဖြစ်သတ်မှတ်နိုင်ပါတယ်တဲ့။ တစ်ချို့သောရုပ်ရှင်
ဝေဖန်ရေးဆရာတွေက ဒီရုပ်ရှင်ကားသာ အနောက်
နိုင်ငံမှာဖန်တီးဖြစ်ရင် နိုင်ငံရဲ့အခြေခံလူတန်းစားပုံ
ရိပ်ကို မီးမှောင်ထိုးသလိုဖြစ်နိုင်လို့ ဝင်ငွေတွေအများ
ကြီးရနိုင်မယ်လို့ မှတ်ချက်ပေးကြပါတယ်။
အနုပညာတက္ကသိုလ်တက်နေတဲ့ ကျော်ခွန်းတစ်ယောက်
က နှစ်ကြီးကျောင်းသားတစ်ယောက်ဖြစ်ပြီး တက္ကသိုလ်
ဆရာတွေထက်တောင် ကျောင်းစာတွေနဲ့ရင်းနှီးနေသူ
တစ်ယောက်ပါ။ အိမ်နဲ့အတူတူမနေတာကတစ်ကြောင်း၊
လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်ပုံစံဖြစ်တာမို့
ကျောင်းပျော်ကြီးတစ်ယောက်ဖြစ်နေတာပေါ့။ ဒါပေမဲ့
အငယ်တွေဘွဲ့ယူဖို့ကြိုးစားနေတဲ့အချိန်၊ ဘဝအတွက်
ကြိုးစားနေရတဲ့ ကျော်ခွန်း…
အတည်တကျအလုပ်ရှိဖို့ သူများတွေကြိုးစားနေတဲ့အချိန်၊
ကိုယ်နှစ်သက်တဲ့ကားလေးတစ်စီးနဲ့ လေလွင့်ချင်တဲ့ ကျော်
ခွန်း… ဘဝရဲ့အဓိပ္ပါယ်ကိုသူရှာတွေ့နိုင်ပါ့မလား၊ သူယုံကြည်
ရာကိုပဲ ဆက်လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကိုတော့
အေးအေးဆေးဆေး ဆက်ကြည့်လိုက်ပါတော့နော် ။ ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Jo Jo Va ဖြစ်ပါတယ်)
File Size……….(2.2 GB) / (860 MB) / (565 MB)
Quality…………WEB-RIP 1080p / 720p / 480p
Duration………2Hrs 14Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama
Translator…….Jo Jo Va
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။