Stray (2019)


Synopsis:
ဇာတ်လမ်းအစမှာ ဂျပန်အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကို
ကုန်လှောင်ရုံဟောင်းထဲမှာ တွေ့ရာကစပါတယ်
ထူးဆန်းတာက အလောင်းဟာမီးလောင်ခံထားရသလိုဖြစ်နေပေမယ့်
အဆောက်အဦးထဲမှာ မီးလောင်ထားတဲ့လက္ခဏာမျိုးတော့
မတွေ့ရပါဘူး အလောင်းကကျောက်ရုပ်အဖြစ်ခဲသွားခဲ့တာပါ
ဒီအမှုကို အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရပြီးလေလွင့်နေတဲ့စုံထောက်မာဖီက
စုံစမ်းဖို့ကြိုစားပါတယ် သေဆုံးသူမိသားစုဟာ
ရှေးဟောင်းဂျပန်မှော်ပညာတစ်မျိုးမျိုးနဲ့ဆက်နွယ်နေပြီး
မိသားစုဝင် တစ်ယောက်စီမှာ သဘာဝလွန်အစွမ်းကိုယ်စီရှိကြပါတယ်
ဒီလိုထူးဆန်းတဲ့လူသတ်သမားက ဘယ်သူလဲ
ဘာ့ကြောင့်ဒီမိသားစုကိုလိုက်ဒုက္ခပေးနေလဲဆိုတာနဲ့
သူ့ကိုဘယ်လိုအနိုင်ယူမလဲဆိုတာတော့
ဒီဇာတ်ကားလေးမှာစိတ်ဝင်စားစွာကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်
Chanyein Soe မှ ဘာသာပြန်ပေးထားပြီး
အညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။