Channel Myanmar

Sting (2024)

HorrorSci-FiThriller

5.8
IMDB: 5.8/10 2.2K votes

90123

Report error

 

IMDb 5.8 ရရှိထားတဲ့ Sting ရုပ်ရှင်ကတော့

442

Horror ၊ Sci-Fi နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။

ဧရာမပင့်ကူကြီးရဲ့ခြောက်ခြားစရာအန္တရာယ်ကို ၁၂နှစ်

အရွယ်ကလေးမလေးတစ်ယောက်ကိုအဓိကရိုက်ကူး

ပြထားတာဖြစ်ပြီး တခြားပင့်ကူကားတွေနဲ့မတူတာကတော့

ရင်ထဲအထိရောက်စေတဲ့မိသားစုဒရမ်မာကိုပါ

ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဉ်း

****************

နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာ

ကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံ

တစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။

အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူ

တစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကို

စွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်က

မွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလို

ချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့်

ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။

ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင်

အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့်

ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီး

စတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့

အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်း

ချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့

စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီး

အိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။

နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီး

ချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကို

ခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။

 

 

File size…1.77GB / 615MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 32m
Genre ….. Horror , Sci-Fi , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by JULY



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)
Sting (2024)


No downloads available

Genres



Related movies