Channel Myanmar

Stay Awake (2022)

Drama

6.8
IMDB: 6.8/10 votes

19305

Report error

 

442

 

Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။

ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။

ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။

သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။
ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

 

File size…(1.2 GB)/(700 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:34:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Su Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies