Channel Myanmar

Zhou Wei

The Movie Emperor ( 2024 ) 6
The Movie Emperor ( 2024 ) မင်းသားကြီး Andy Lau ရဲ့ဒရာမာရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အနုပညာသက်တမ်း နှစ်(၄၀)ကျော်ရှိတဲ့ အတ္တကြီးတဲ့ နာမည်ကြီးမင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူဟာအောင်မြင်မှုတွေရရှိခဲ့ပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့် သူလိုချင်တဲ့ဆုကိုမရခဲ့ပါဘူး။ ရုပ်ရှင်လောကကနေအနားယူဖို့ အသင့်ဖြစ်နေပြီဆိုပေမယ့် ဂုဏ်သိက္ခာရှိရှိ ဆုရပြီးမှအနားယူချင်တဲ့သူ့ရဲ့ဆန္ဒကြောင့် လယ်သမားဇာတ်ကောင်နဲ့ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ပြင်းပြတဲ့စိတ်ကြောင့် အကြိုးစားလွန်ရာကနေ ကမောက်ကမတွေဖြစ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ သူလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား...... ဒီဇာတ်ကားမှာ အင်တာနက်ခေတ်ကို လူကြီးတစ်ယောက်ရဲ့အသားမကျပုံနဲ့ ရုပ်ရှင်လောကရဲ့သဘောတရားတွေအများကြီးကို ချပြထားပါတယ်။ သရုပ်ဆောင်ဘက်ကရှုထောင့်နဲ့ ဝေဖန်သူပရိသတ်တွေရဲ့ရှုထောင့် နှစ်မျိုးလုံးကိုမြင်ရမှာဖြစ်ပါတယ်။ Filesize : 1.28 GB / 743 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK   
movie

The Movie Emperor ( 2024 )

Do the World Darts 1 (2007) 5.8
Do the World Darts 1 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 1 (2007)