Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhou Dongyu
5.7
Kung Fu Monster ( 2019 )
Jan 3 (2018) ရက်နေ့ကမှ ရုံတင်ပြသသွားတဲ့ Kung Fu Monster ဆိုတဲ့ဇာတ်ကားကောင်း..ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းလေးကတော့ မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့ မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါး တစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့ သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ်ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကို တွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ် ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြား ထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့ အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါ ပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့ ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ.. စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလို Monster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့ ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ်ဘာသာပြန်နဲ့အညွှန်း Phyo Zaw ဖြစ်ပါတယ် Filesize : 1.90 GB / 1.13 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Fantasy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Kung Fu Monster ( 2019 )
2018
5.9
Strangers When We Meet ( 2024 )
ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ အရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။ (၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့ လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက် မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက် ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှ ာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။ နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကို လက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲ ဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့ လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်း ပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။ Filesize : 802 MB / 495 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Strangers When We Meet ( 2024 )
7.5
Better Days ( 2019 )
IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေး တကားကိုတင်ဆက်ပေးလိုက်ပါတယ် တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီး ဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ? Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Romance Runtime : 2h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded ...
movie
Better Days ( 2019 )
5.9
Trending Topic ( 2023 )
ရှာဖွေမှု အများဆုံးသတင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ။ ဒီရုပ်ရှင်လေးကတော့ ကျောင်းသူလေးတစ်ယောက် တိုက်ပေါ်က ခုန်ချသွားပြီးနောက် စတင်ခဲ့ပါတယ်။ ဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Zhou Dongyu ရဲ့ ဒီနှစ်အတွင်း ထွက်ထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီရုပ်ရှင်က အဓိပ္ပာယ် တော်တော်ရှိတဲ့ ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မီဒီယာအက်ဒီတာ ချန်မြောင့်က နာမည်ကြီးဆောင်းပါးတွေ ရေးပြီး ကုမ္ပဏီနာမည်ကြီးအောင် ကြိုစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ကျောင်းတွင်းအကြမ်းဖက်မှု သတင်းတစ်ခုအကြောင်း ဆောင်းပါးက ပေါက်သွားတဲ့အခါမှာ မထင်ထားတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်လာပြီး ချန်မြောင့်ကလည်း အမှန်တရားဘက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ချန်မြောင့်နဲ့ ကုမ္ပဏီပူးပေါင်းတည်ထောင်တဲ့ ဟယ်ယန်နဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမက မန်နေဂျာ ယွဲ့ဖုန်တို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လာခဲ့ပါတယ်။ နာမည်ကြီးစာရေးဆရာမရဲ့ အမှန်တရားနဲ့ ငွေအင်အားကြီးတဲ့အရင်းရှင်တို့ ထိပ်တိုက်တွေကြတဲ့အခါ ဘယ်သူက အနိုင်ရမလဲ...... သတင်းခေါင်းစဉ်တွေကို ဘယ်လို ထိန်းချုပ်ပြီး တိုက်ခိုက်ကြသလဲ...... ဆိုတာကို ရုပ်ရှင်ကတစ်ဆင့် အခုလို အင်တာနက်ခေတ်ကြီးမှာ သတင်းအားလုံးကို ချင့်ချိန်ပြီးမှ ယုံဖို့ သတိပေးသွားတဲ့အတွက် ဒီရုပ်ရှင်ကို ကြည့်တဲ့လူတိုင်းအတွက်တော့ တစ်ခုခု ကျန်ခဲ့မှာ သေချာပါတယ်။ Quality : WEB-DL 1080p , ...
movie
Trending Topic ( 2023 )
6
Under the Light ( 2023 )
ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
Under the Light ( 2023 )
6
Tainted Love ( 2023 )
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့.... သူတို့ကိုလိမ်တဲ့သူတွေနဲ့ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : ...
movie
Tainted Love ( 2023 )
6
The Breaking Ice ( 2023 )
ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်ကင်းမဲ့နေသလို ခံစားနေရလား။ အဲ့လိုအချိန်မျိုးရောက်ရင် ခရီးထွက်လိုက်ပါ။ ဒီရုပ်ရှင်လေးကတော့ ဘဝရည်မှန်းချက်ပျောက်နေကြတဲ့ လူငယ် ၃ ယောက်တို့ ခရီးစဉ်တစ်ခုမှာ ခင်မင်ခဲ့ပြီးနောက် ပြောင်းလဲမှုများကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ယန်ဂျီဟာ တရုတ်မြောက်ပိုင်းနယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ရှန်ဟိုင်းကနေ သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုတက်ဖို့လာတဲ့ ဟောက်ဖုန်းဟာ ဘဝအတွက် လမ်းပျောက်နေသလို ခံစားနေရပါတယ်။ နယ်စပ်ကို လည်ပတ်တဲ့ ခရီးစဉ်တစ်ခုမှာ သူဟာ နာ့နာ့ဆိုတဲ့ အသက်ငယ်ငယ်ဧည့်လမ်းညွှန်တစ်ယောက်ကို သဘောကျမိသွားပါတယ်။နာ့နာ့ကတစ်ဆင့် သူမရဲ့ စားဖိုမှူးသူငယ်ချင်း ဟန်ရှောင်းနဲ့ ခင်မင်ခဲ့ရပြီး သူတို့ ၃ ယောက်ဟာလည်း ဟန်ရှောင်းရဲ့ ထမင်းတစ်နပ်ကြောင့် သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ တစ်ကြိမ်တစ်ခေါက် နွေးထွေးစွာ ထိတွေ့မှုဟာ သူတို့ကို သူတို့ရဲ့ အတိတ်နဲ့ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်စေဖို့အားအင်တွေဖြစ်လာစေခဲ့ပါတယ်သူတို့ ၃ ယောက် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ပြီး စိတ်လှုပ်ရှားမှုနဲ့ လွတ်လပ်မှုတွေကို ရှာဖွေကြမလဲဆိုတာကို ရုပ်ရှင်လေးထဲက ရှုခင်းလှလှလေးတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 37 min Subtitle ...
movie
The Breaking Ice ( 2023 )
6.2
Born to Fly ( 2023 )
CMပရိတ်သတ်တို့အတွက် Wang Yi Bo(ဝမ်ရိပေါ်)ရဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် Born To Fly ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးမှာ ဝမ်ရိပေါ်က ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူသရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက်ကတော့ လေယာဉ်မှူးပဲဖြစ်ပါတယ်..Born To Fly ဇာတ်ကားကိုရုံတင်ပြသခဲ့တုန်းက Box Officeမှာ 120 Million ရရှိထားခဲ့သလို တရုတ်ပြည်မှာလဲဝက်ဝက်ကွဲ ရုံပြည့်ရုံလျှံအားပေးကြတဲ့ ဇာတ်ကားလေးတကားပဲဖြစ်ပါတယ် ဆုတွေအနေနဲ့လဲ ဆု ၈ ခု ပိုင်ဆိုင်ခဲ့ပြီးတော့ ၅ ခုအတွက် လျာထားခြင်းလည်းခံခဲ့ရပါသေးတယ် ဇာတ်လမ်းအကျဉ်းလေးကို တင်ဆက်ပေးရမယ်ဆိုရင်တော့လေ့ယွီ(Wang Yi Bo)ဟာ ကပ္ပတိန်ကျန်းထင်ရဲ့ ကြောင်းလမ်းမှုနဲ့ စမ်းသပ်ပျံသန်းရေးဌာနမှာ စမ်းသပ် တိုက်လေယာဉ်မှူးဖြစ်ဖို့ အဆင့်ဆင့်ဆန်းစစ်မှုတွေကိုဖြတ်သန်းခဲ့ပါတယ်ဒီလိုနဲ့ ရှေ့တန်းကလေယာဉ်မှူးတွေ အန္တရာယ်ကင်းကင်း လေယာဉ်မောင်းနှင်နိုင်မှုအတွက် ပြင်းထန်ပြီး စွန့်စားခန်းကြီးလာတဲ့ မစ်ရှင်တွေ ဆောင်ရွက်ရပါတော့တယ် မြင့်မားတဲ့ဝေဟင်ထက်မှာ သေခြင်းတရားနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့လေဟုန်ကိုခွင်းပြီး ဝေဟင်ထက်က လေတံခွန်လေးဖြစ်နိုင်ပါ့မလား... တာဝန်ကိုရောပြီးမြောက်အောင်မြင်နိုင်ပါ့မလား နိုင်ငံကိုပိုင်နက်ကျူးကျော်နေတဲ့ ပြည်ပတိုက်လေယာဉ် နယ်ချဲ့သမားတွေကိုလည်း တရုတ်နိုင်ငံတော်လေတပ်နဲ့ ဘယ်လိုပူးပေါင်း တိုက်ထုတ်ကြမလဲ "စွန့်စားခန်း" တွေကနေ လေ့ယွီတစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလားဆိုတာကို................... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : ...
movie
Born to Fly ( 2023 )
5.9
My Youth And I ( 2023 )
Exo Lay ၊Wang Yibo ၊Zhou Yu Tongတို့အဓိကသရုပ်ဆောင်ထားပြီး နာမည်ကြီးသရုပ်ဆောင်ကောင်းတွေအများကြီးအားဖြည့်ပါဝင်ထားတဲ့ လူငယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အပိုင်း(၃)ပိုင်းခွဲပြီးတင်ဆက်ထားပါတယ်။၁၉၃၈ခုနှစ် တရုတ်ပြည်ရဲ့အငတ်ဘေးဒုက္ခကိုဖြေရှင်းဖို့အတွက် ရာသီဥတုအလွန်အေးတဲ့မြောက်ပိုင်းခယောင်းမြေကိုထွန်ယက်ဖို့ ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း၁၉၉၃ခုနှစ်အခြေခံထားပြီး ဂီတဆရာလေးတစ်ယောက်ဟာ ရွာသူရွာသားတွေကိုသီချင်းဆိုသင်ပေးရင်း ဂီတနဲ့အကကိုပေါင်းစပ်ခဲ့ပြီး ဆရာနဲ့တပည့်တွေကြားကဆက်ဆံရေးကိုတက်ဆက်ပြခဲ့ပြီး ဝေးလံခေါင်သီတဲ့နယ်တို့ကို ယဉ်ကျေးမှုပြန့်ပွားအောင်ကြိုးစားခဲ့ပုံ၂၀၁၈ခုနှစ်မှာ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းကနေပြီး ဆင်းရဲတဲ့မိသားစုတွေကိုပညာရေးပံ့ပိုးမှုနဲ့ အလုပ်အကိုင် အကူအညီတွေပေးပြီး ဆင်းရဲတွင်းမှလွတ်မြောက်အောင်ကူညီပေးကြပုံစတဲ့ တရုတ်လူငယ်တွေရဲ့ခေတ်အဆက်ဆက်ဆင့်ကမ်းလာတဲ့ နွေးထွေးမှုနဲ့အင်အားတွေကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Youth And I ( 2023 )
5.9
The Palace (2013)
[Unicode]The Palace(2013)ဒီဇာတ်လမ်းကနန်းတွင်းကိုရောက်လာတဲ့ အပျိုတော်လေးနှစ်ယောက် ချန်ရှန်းနဲ့လျိုလီတို့အကြောင်းကိုပုံဖော်ထားတာပါလူတစ်ယောက်ကိုအနစ်နာခံပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ချန်ရှန်း(ZhouDongYu)နဲ့အချစ်ထက်ဂုဏ်အဆင့်အတန်းကိုပိုမက်မောတဲ့ လျိုလီ(ZhaoLiYing)တို့နှစ်ယောက်က နန်းတွင်းထဲမှာခင်သွားကြတဲ့သူငယ်ချင်းတွေ....မင်းသားတစ်ပါးတည်းကိုသာချစ်မိခဲ့တဲ့ချန်ရှန်းနဲ့ ဘယ်မင်းသားရရဆိုတဲ့လျိုလီတို့နှစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းတွေ....လျိုလီရဲ့ရက်စက်ယုတ်မာမှုတွေ...မင်းသားညီအစ်ကိုတွေကြားက ရာဇပလ္လင်လုပွဲတွေအပြင်ချင်မင်းဆက်ကမင်းသားတစ်ပါးနဲ့အပျိုတော်လေးတို့ရဲ့အချစ်ဇာတ်လမ်းကိုလွမ်းမောဖွယ်ကြည့်ရှုရမှာပါ ၊ဒီဇာတ်လမ်းကတရုတ်ကားကြိုက်သူတွေအတွက်တော့ ကျောက်လိယင်းနဲ့ အနှစ်တွေချည်းပဲရိုက်တဲ့ကျိုးတုန်ယွီတို့ကိုကြည့်ရတာနဲ့တင်တော်တော်တန်နေမှာပါ xD( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) [Zawgyi]The Palace(2013)ဒီဇာတ်လမ်းကနန်းတွင်းကိုရောက်လာတဲ့ အပျိုတော်လေးနှစ်ယောက် ချန်ရှန်းနဲ့လျိုလီတို့အကြောင်းကိုပုံဖော်ထားတာပါလူတစ်ယောက်ကိုအနစ်နာခံပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ချန်ရှန်း(ZhouDongYu)နဲ့အချစ်ထက်ဂုဏ်အဆင့်အတန်းကိုပိုမက်မောတဲ့ လျိုလီ(ZhaoLiYing)တို့နှစ်ယောက်က နန်းတွင်းထဲမှာခင်သွားကြတဲ့သူငယ်ချင်းတွေ....မင်းသားတစ်ပါးတည်းကိုသာချစ်မိခဲ့တဲ့ချန်ရှန်းနဲ့ ဘယ်မင်းသားရရဆိုတဲ့လျိုလီတို့နှစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းတွေ....လျိုလီရဲ့ရက်စက်ယုတ်မာမှုတွေ...မင်းသားညီအစ်ကိုတွေကြားက ရာဇပလ္လင်လုပွဲတွေအပြင်ချင်မင်းဆက်ကမင်းသားတစ်ပါးနဲ့အပျိုတော်လေးတို့ရဲ့အချစ်ဇာတ်လမ်းကိုလွမ်းမောဖွယ်ကြည့်ရှုရမှာပါ ၊ဒီဇာတ်လမ်းကတရုတ်ကားကြိုက်သူတွေအတွက်တော့ ကျောက်လိယင်းနဲ့ အနှစ်တွေချည်းပဲရိုက်တဲ့ကျိုးတုန်ယွီတို့ကိုကြည့်ရတာနဲ့တင်တော်တော်တန်နေမှာပါ xD( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) File size__( 950 MB ) and ( 400 MB) Quality__Blu-720p IMDb Rating__5.9/10 Format__mp4 Duration__01:49:55 Type__History, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie
The Palace (2013)
6.6
Zawgyi*******IMDb 6.7 ရရှိထားတဲ့ Comedy , Drama , Romance ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်ကားလေးကတော့ အစားအသောက်နဲ့ပတ်သတ်တဲ့ကားလေးပါပဲLu Jin ဟာ Company တခု ရဲ့ CEO တစ်ဦး.ဖြစ်ပြီးတော့Chef တစ်ယောက်ဖြစ်တဲ့ Gu Shengnan နဲ့တွေ့ဆုံပြီးတဲ့နောက်တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်...တွေ..ကြားထဲကနေပေါ်ပေါက်လာတဲ့ Romance Story လေးတခုဖြစ်သလိုအစားတပေါက်လျှမ်းလျှမ်းတောက်တဲ့သူတွေလည်းလက်လွှတ်သင့်တဲ့ကားမျိုးတော့မဟုတ်ပါဘူးနော် :D Translated & Review By XiaoEncoded By LK Unicode*******IMDb 6.7 ရရှိထားတဲ့ Comedy , Drama , Romance ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်ကားလေးကတော့ အစားအသောက်နဲ့ပတ်သတ်တဲ့ကားလေးပါပဲLu Jin ဟာ Company တခု ရဲ့ CEO တစ်ဦး.ဖြစ်ပြီးတော့Chef တစ်ယောက်ဖြစ်တဲ့ Gu Shengnan နဲ့တွေ့ဆုံပြီးတဲ့နောက်တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်...တွေ..ကြားထဲကနေပေါ်ပေါက်လာတဲ့ Romance Story လေးတခုဖြစ်သလိုအစားတပေါက်လျှမ်းလျှမ်းတောက်တဲ့သူတွေလည်းလက်လွှတ်သင့်တဲ့ကားမျိုးတော့မဟုတ်ပါဘူးနော် :DTranslated & Review By XiaoEncoded By ...
movie
This Is Not What I Expected ( 2017 )
2017
5.7
On the Balcony ( 2019 )
2019 ထွက် Imdb 5.7 ရရှိထားတဲ့ ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဒရာမာ ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းလေးက တော့ဒီကားလေးဟာ ကောင်လေးတစ်ယောက်ရဲ့ မလုပ်ဖြစ်နိုင်တဲ့ကလဲ့စားချေခြင်းအကြောင်းလေးကိုရေးထားပါတယ်..ကောင်လေးတို့မိသားစုရဲ့တိုက်ဟာဖျက်ခြင်းခံရတော့မှာမို့ပြောင်းရွှေ့ကြေးညှိနှိုင်းပေးတဲ့လုကျေ့ကျန်းရောက်လာခဲ့ပါတယ် လုကျေ့ကျန်းဟာပြောင်းရွှေ့ကြေးကိုအဆမတန်နှိမ်ပြီးပေးတဲ့အတွက်ကောင်လေးရဲ့ဖခင်ဟာစိတ်မထိန်းနိုင်ပဲသေဆုံးသွားခဲ့ရပါတယ်..ဒီလိုနဲ့ကောင်လေးမှာဖခင်အတွက်ကလဲ့စားချေချင်စိတ်တွေဖြစ်လာပြီးလုကျေ့ကျန်းရဲ့အိမ်ကိုမှန်ပြောင်းတစ်လက်နဲ့ချောင်းကြည့်ပါတော့တယ်...ဒီလိုနဲ့လုကျေ့ကျန်းရဲ့သမီးငနုံမလေးကိုတွေ့ရာကနေ ...ဘယ်လိုတွေဆက်ဖြစ်လာမလဲ.. ဇာတ်အိမ်အေးအေးလေးနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..တွေးကောင်းတဲ့ဇာတ်ကားပုံစံမျိုးဖြစ်ပါတယ် This Movie Brought To You By Channel MyanmarTranslated & Reivew By Phyo ZawEncoded By LK
movie
On the Balcony ( 2019 )
2019
6.4
Animal World (2018)
ဂဏန်းတွေတွက်ရချက်ရတာ သဘောကျပြီး စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၈ ထွက်ထားတဲ့ Animal world ဆိုတဲ့ တရုတ်ကားကောင်းတစ်ကား တင်ဆက်ထားပါတယ်…ဒီဇာတ်ကားမှာထူးခြားတာတစ်ခုက Antman ရဲ့ ယောက္ခမလောင်း သိပ္ပံပညာရှင်ကြီး မိုက်ကယ် ဒေါက်ကလပ် ပါဝင်အားဖြည့်ထားတာပါပဲ…သင်္ချာတော်ပြီး ဥာဏ်ကောင်းတဲ့ ဂျန်ခိုက်စန်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အဖေအသတ်ခံရပြီးတဲ့နောက်မှာ အမေကလည်း ကိုမာဝင်သွားခဲ့တဲ့အတွက် အမေ့ဆေးဖိုးရှာရင်း အိမ်ထောင်တာဝန်ကို မနိုင်မနင်းထမ်းနေရတဲ့ လူတစ်ယောက်ဖြစ်တယ်…တစ်နေ့တော့ အိမ်ပွဲစားလုပ်တဲ့သူငယ်ချင်းတစ်ယောက်ဟာ အမြတ်အစွန်းအကြီးအကျယ်ရမယ့် အိမ်တစ်လုံးကိုစပ်တူဝယ်ဖို့ သူတိုက်ခန်းကိုပေါင်ဖို့ အကူအညီလာတောင်းပါတယ်…ပထမတော့ငြင်းလိုက်ပြီး နောက်တော့ အမေ့ဆေးဖိုးနဲ့စားဝတ်နေရေးကျုပ်တည်းလာတဲ့ ခိုက်စန်ဟာ အိမ်ပေါင်ဖို့ သဘောတူလိုက်တော့တယ်…အဲ့ဒီအချိန်ကစပြီး သူ့သူငယ်ချင်းဆိုတဲ့လူလုံးဝပျောက်သွားပြီး သူနဲ့မသိတဲ့ သူစိမ်းတွေ သူ့ကိုလာခေါ်ကာ သူ့သူငယ်ချင်းနစ်နေတဲ့အကြွေးစာရင်းတွေပြပါတော့တယ်…။သူ့အိမ်ကိုအပေါင်ထားထားတာဖြစ်တဲ့အတွက် သူလည်းအကြွေးပြဿနာထဲဝင်ပါပြီး အကြွေးကိုပြန်ဆပ်ဖို့အတွက် လူစိမ်းတွေက သူ့ကိုကစားပွဲတစ်ပွဲဆော့ကစားဖို့ ကမ်းလှမ်းပါတော့တယ်….ဂျန်ခိုက်စန် ပါဝင်ကစားရမယ့်ပွဲဟာ ဘယ်လိုကစားပွဲမျိုးဖြစ်မှာလဲ..သူကစားပွဲထဲက အသက်ရှင်လျက်ပြန်ထွက်ရမှာလားဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲရှုစားတော်မူပါRatings – IMDb – 6.4, Rotten tomatoes ...
movie
Animal World (2018)
2018
5.5
Us and Them (2018)
Us and Them 2018IMDb Rating(7.3/10) / Rotten Tomatoes (100%) @5 Criticဒီတရုတ်ဇာတ်ကားလေးကတော့ လူသိနည်းပေမယ့် Rating မြင့်တဲ့ အဖီးလ်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းအမှတ်မထင်တွေ့ဆုံခဲ့ကြရာကနေ အရင်းနှီးဆုံးသူငယ်ချင်းတွေအထိဖြစ်လာကြတဲ့ ကျန့်ချန်းနဲ့ရှောင်ရှောင်း...ကျန့်ချန်းဆိုတဲ့ကောင်လေးက ဂိမ်းကစား ဂိမ်းတီထွင်ရတာကို အရမ်းစွဲလမ်းကြီးတဲ့ကောင်လေးဖြစ်သလိုရှောင်ရှောင်းဆိုတဲ့ကောင်မလေးကတော့ ရွတ်နောက်နောက်နေတတ်သူပါ...သူမရဲ့အိမ်မက်ကတော့ ပေကျင်းမြို့ပေါ်မှာအိမ်ထောင်အတည်တကျနဲ့ပျော်ရွှင်စွာနေထိုင်သွားဖို့ဖြစ်ပါတယ်...ဒါပေမယ့် ပေကျင်းမြို့ဆိုတာက နေထိုင်စရိတ်ကြီးသလို အလုပ်အကိုင်ကလည်း ရှားပါးပါတယ်..ဘဝကိုရုန်းကန်လှုပ်ရှားနေရတဲ့ သူတို့နှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့အချစ်တစ်ခုပေါ်ပေါက်လာတဲ့အခါမှာ...အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ကခိုင်မြဲနိုင်မလားဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့ပြည့်စုံတတ်တဲ့အမျိုးလားသူတို့ရဲ့စိတ်ကူးအိမ်မက်တွေကရော တကယ်ဖြစ်လာနိုင်မှာလားဆိုတာကတော့......။ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို အပြည့်ဝဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ရင်ထဲကိုထိတဲ့ကားလေးမို့ တစ်ရှူးလေးတော့ဆောင်ထားကြနော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Ying Ying ဖြစ်ပါတယ်။)File size…(999 MB) Quality…WEB-DL Rip 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie
Us and Them (2018)
2018
5.7
My Old Classmate (2014)
My Old Classmate ဇာတ်လမ်းအကျဉ်း တခြားကျောင်းသားတွေအနိုင်ကျင့်တာ အမြဲခံရတဲ့ကျောင်းသူသစ်လေးကျိုးရှောင်ကျူ ကျိုးရှောင်ကျူကိုအမြဲကာကွယ်ပေးတတ်တဲ့ပြသနာအိုးလင်ရီး သူတို့နှစ်ယောက်ကြားခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်ကနေ၁၅ဝဝချစ်ခြင်းအဖြစ်ပြောင်းလဲသွားကြတဲ့အခါ… ကျောင်းတုန်းကသူငယ်ချင်းတွေကြားထဲ 'နောက်ဆယ်နှစ်ကြာလို့ငါတို့ပြန်တွေ့ကြရင်ငါတို့တွေဘယ်လိုဖြစ်နေမလဲ'ဆိုပြီးအမြဲပြောလေ့ရှိကြမယ်ထင်တယ်နော်...အဲ့မေးခွန်းလေးရဲ့အဖြေကတော့… အချစ်ဦးဆိုတာအလွန်လှပတဲ့အတိတ်က အမှတ်တရကောင်းလေးပေါ့....။ထိရှမယ့်ရသတချို့နဲ့ ဒီဇာတ်ကားက ရင်ဘတ်ထဲမယ် ရွာရန်ရာနှုန်းမြင့်တက်လာနိုင်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Ying Ying ပါ။)File size…(850 MB) and (400 MB) Quality…WEB-HD Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie
My Old Classmate (2014)
2014
5.7
The Thousand Faces of Dunjia (2018)
A thousand face of Dunjia (2017)– – – – – – – – – – – – – – – – – – – – 1000 faces of dunjia ကားလေးကတော့ Guardians of the Galaxy လိုကားမျိုးပါ၊အရမ်းမိုက်တဲ့အထူးပြုလုပ်ချက်တွေ၊ဟာသလေးတွေလဲပါတာမို့ရသမျိုးစုံပေးတဲ့ကားကောင်းလေးပါ12th Asian Film Awards မှာ Best Action Film ၊ Best Costume Design ဆု၊ Best Visual Effects ဆုတွေအတွက် Nominate ဝင်ခဲ့တဲ့ကားလေးပါလျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသောမိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ်အဖွဲ့စခန်းချရာနေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ...
movie
2018
7.4
Soul Mate (2016)
2016 မှာထွက်ရှိခဲ့တဲ့ Chinese Drama ကောင်းတစ်ခုဖြစ်တဲ့ Soul Mates ဆိုတဲ့ကားလေးကတော့Romance Drama ကြိုက်တဲ့ပရိသတ်တွေအဖို့ကတော့ ကြည့်ရကျိုးနပ်မယ့်ကားလေးပါ။သွေးမတော် သားမစပ်တဲ့သူငယ်ချင်းသံယောဇဉ် အကြောင်းတွေ ချစ်ခြင်းမေတ္တာတွေ အကြောင်းကိုမင်းသမီး၂ယောက်က ဆွဲဆောင်ရှင်းပြသွားသလိုပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Qiyue နဲ့ Ansheng တို့ဟာ ညီမတွေထက်တောင်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။အေးအေးဆေးဆေးနေတတ်တဲ့ Qiyue နဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးနေတတ်တဲ့Anshengတို့ ကြားထဲကို Jaiming ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပါတော့တယ်။ဇာတ်လမ်းကတော့ အဲ့ဒီအကြောင်းတွေကို ပြန်တွေးတဲ့ပုံစံနဲ့ စတင်ထားတာပါ။HongKong Film Award ကို ဆွတ်ခူးထားပြီးImdb Rating ကလဲ7.4 တောင်ရရှိထားတာမို့အထွေအထူးမညွန်းတော့ပဲ တခြား အက်ကြောင်းထပ်နေတဲ့ Drama တွေထဲက ဘယ်လိုဖောက်ထွက်သွားသလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားဖို့ပဲ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွန်းကတော့ အေးမွန်ကျော် ဖြစ်ပါတယ်Qty - Web dl 720pDuration -1hr 52minSubtitle - Myanmar HardsubGern - Drama / RomanceTranslator - Bai MailingMovie ...
movie
Soul Mate (2016)
2016