Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhaoyan Guozhang
5.7
Strange Things in Western Hunan ( 2024 )
ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့ ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုံးခဲ့ရတယ်။အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲ ဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖို့အတွက် ရောက်လာခဲ့တယ်။ ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့ အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။သားကိုကယ်ဖို့အတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို့ အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက် သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖို့ဖြစ်လာခဲ့တယ်။ ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။ ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Strange Things in Western Hunan ( 2024 )
6.3
Men of Sacrifice ( 2022 )
CMရဲ့ တရုတ်ကားဖန်တွေ နောက်ပြီး တရုတ်ကားဆို အက်ရှင်မှ ကြိုက်ပါတယ်ဆိုသူတွေအတွက်ကို ဒီတစ်ခေါက် IQIYI က တင်ဆက်ခဲ့တဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် လီတုန်းရှင်းဆိုတဲ့ ငွေမည်းနဲ့ ချမ်းသာနေသူတစ်ယောက်ရဲ့ သမီးဟာ ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူက ဖောက်ခွဲရေးဝိဇ္ဇာလို့ နာမည်ကြီးသူတစ်ဦးဖြစ်တော့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းမလဲ... ငွေမည်းနဲ့မသမာလုပ်ငန်းရှင်ဆိုတော့ သေလည်းသေပေါ့လို့ ပစ်ထားမလား.. အသက်နဲ့ရင်းပြီးကယ်တင်မလား... ဆိုတဲ့ရွေးချယ်မှုအောက်မှာ ဘယ်လိုရွေးချယ်မလဲ... နောက်ပြီး ဘာလို့ ဒီလို ပြန်ပေးဆွဲမှုကြီးဖြစ်တာလဲ....သာမန်သူတို့ချင်းမသင့်မြတ်လို့ဖြစ်တာလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘာလေးနက်တဲ့ အမှုတွဲရှိနေမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...အဆုံးသတ်ချိန်ထိ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးမလို့ CM တရုတ်ကားဖန်လေးတွေလည်း လက်လွတ်မခံဘဲကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Men of Sacrifice ( 2022 )