Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhao Yi
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )
5.7
Thunder Rescue ( 2023 )
ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Thunder Rescue ( 2023 )
5.9
Nameless Hero ( 2023 )
CM movie fanလေးတွေထဲကမှ actionမှကြိုက်တာဆိုတဲ့ သူလေးတွေအတွက် နိုင်ငံရေးစစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။90sတစ်ဝိုက်မှာ နိုင်ငံရေးအယူဝါဒကွဲလွဲမှုတွေအပေါ်အခြေခံပြီး စ စ်ပွဲတွေက ဆူပူအုံကြွနေခဲ့တယ်။ကျင်ကျိုးမြို့နစ်ခုလုံးကို နယ်ခြားစောင့်တပ်တွေ ဝန်းရံထားတဲ့အချိန် ...စစ်မြေပြင်မှာမတရားတာမရှိဘူးဆိုသလိုပဲ သူစီကိုယ်စီ ဌာနအတွင်းမှာ သူလျှိုတွေစေလွှတ်ထားချိန်မှာ.. ကုဒ်နာမည် *မြွေစိမ်း*လို့သိကြတဲ့ သတင်းအချက်အလက်သူလျှို လျိုသာ့ဝေဟာ သရုပ်မှန်ပေါက်ကြားပြီး ဖမ်းစီးမှုကိုခံခဲ့ရတယ်။မြွေစိမ်းဟာ စစ်တပ်လက်အောက်ခံဖြစ်တဲ့အတွက် အထက်က စစ်ကြောရေးအတွက် လျှို့ဝှက်ထိန်းသိမ်းရေးဌာနက *လင်ရှီး*ကို တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခဲ့တယ်။အဲ့အချိန်မှာ မြွေစိမ်းကို ဖမ်းမိခဲ့တဲ့သူက ပါတီရေးရာနဲ့ပြန်ကြားရေးဌာနဖြစ်တဲ့အတွက် လင်ရှီးဟာ ထိုဌာနရဲ့ဦးစီးချုပ်"ကျိုးယင်ချွင်း"နဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူ နိုင်ငံတော်ကာကွယ်ရေးတပ်ခွဲ၂ကအထူးတပ်ဖွဲ့ဝင်ကျန်းဝေနဲ့အတူ ပူးပေါင်းစစ်ကြောရေးဆင်းဖို့ဖြစ်လာတော့တယ်။မြွေစိမ်းဟာ ကွန်မြူနစ်ပါတီသူလျှိုဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ ကျင်ကျိူးမြို့ကာကွယ်ရေးမြေပုံရှိသလို ဒါကသူကျင်ကျိုးကိုထိုးစစ်ဆင်ရာမှာကူညီဖို့ မြို့ပြင်ကိုလက်ဆင့်ကမ်းရမဲ့ အချက်အလက်လည်းဖြစ်တယ်။ မြွေစိမ်းကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန်မှာ လင်ရှီးရဲ့လျှိုဝှက်တာဝန်က အဲ့ဒီမြေပုံကိုလွှဲပြောင်းယူပြီး လက်ဆင့်ကမ်းပေးရမှာပါ။မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေကြားထဲမှာ လင်ရှီးက သူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား သူ့ရဲ့လမ်းခရီးမှာရော ဘယ်လိုဘက်တော်သားတွေနဲ့ တွေ့ဆုံရဦးမလဲ အာဏာမှိုင်းတွေ ရောထွေးနေတဲ့နယ်ပယ်ကြီးမှာ ဘယ်အရာက တရားမျှတမှုလမ်းစဉ်ဖြစ်မလဲဆိုတာ... ဇာတ်လမ်းမှာအသေးစိတ်ကြည့်ရှုလိုက်ပါ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , War Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie
Nameless Hero ( 2023 )
6
Break Through the Darkness ( 2021 )
ဝေ့ဟယ်ခရိုင် ကျောက်ကျားရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဖျိုဖျက်မှုများ ပြုလုပ်ကြရမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် ခရိုင်ဘက်ကနေပြီး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုစေလွှတ်ပြီး ဒေသဆိုင်ရာ စစ်ဆေးမှုတွေလုပ်စေခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင် စုန့်ရီးရွေ့ရဲ့ ညွှန်ကြားချက်အောက်မှာ ကျောက်ကျားရွာက ရွာရဲ့ မျက်နှာဖုံး သားအဖနှစ်ယောက်ကို အမှုကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတော့တယ်။စစ်ဆေးမှုတွေပြုလုပ်ရင်း ပရော့ဂျက်စီစဥ်ရေးခေါင်းဆောင် ချီဖေးယွီကို စစ်ဆေးခဲ့ပြီး အမှုပေါ်ခါနီးမှာမှ ချီဖေးယွီတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့အခါမှာတော့....?အကြိမ်ကြိမ် အခါခါ ခြိမ်းခြေက်မှုတွေခံရပေမဲ့လဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်မလျှော့ခဲ့ပါဘူး ။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို တစ်စ တစ်စ လိုက်လံစုံစမ်းရင်း စွန့်စားမှုတွေကိုပါ ကြုံတွေ့လာတဲ့အခါ...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ? ❏ အဖြစ်မှန်ကိုရော သူတို့ရှာတွေ့နိုင်ပါ့မလား? ❏ နယ်ခံတွေရဲ့ မျှော်လင့်ချက်လေးကိုရော သူတို့ ရှာဖွေပေးနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင် [Reviewed Bu Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 52 min Subtitle : ...
movie
Break Through the Darkness ( 2021 )
6
New Gods: Yang Jian ( 2022 )
ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာ ရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင် တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ 《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကို ဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ -“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ် တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့ လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ် အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ...
movie
New Gods: Yang Jian ( 2022 )
6.7
Once Upon a Time in Shanghai (2014)
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ ...
movie
Once Upon a Time in Shanghai (2014)