Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Zifeng
6.6
Detective Chinatown (2015)
Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie
Detective Chinatown (2015)
2015
6.2
Go Brother! ( 2018 )
အစ်ကို့ရဲ့အနိုင်ကျင့်မှုတွေကိုအမြဲခံနေရတယ်လို့ ထင်နေတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့မွေးနေ့မှာ သူ့အစ်ကိုကိုသူ့ဘဝထဲကနေ ပျောက်သွားစေဖို့ဆုတောင်းခဲ့မိပါတယ်၊ နောက်တစ်နေ့ပြန်လည်နိုးထလာချိန်မှာတော့ အံ့အားသင့်ဖွယ်ကိစ္စကဆီးကြိုနေခဲ့ပါတယ်၊သူမရဲ့အစ်ကိုကသူမဘဝထဲကပျောက်ကွယ်သွားခဲ့ပြီး သူမသူငယ်ချင်းရဲ့အစ်ကိုဖြစ်နေတဲ့အခါဘယ်လိုတွေဆက်ဖြစ်လာမလဲ.. သူမရဲ့အစ်ကိုကနောက်ကွယ်ကနေ ညီမလေးကိုဂရုစိုက်တာတွေ၊ဖြည့်ဆည်းပေးတာတွေကို မြင်လာရတဲ့အခါ သူမရဲ့အစ်ကိုကိုပြန်ရနိုင်ပါတော့မလား၊မောင်နှမနှစ်ယောက်ကြားကသံယောဇဉ်၊ အထူးသဖြင့်အစ်ကိုကညီမလေးအပေါ်ထားတဲ့ကြီးမားတဲ့ မေတ္တာတရားကို ဆွတ်ပျံကြည်နူးဖွယ်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်၊ ကျွန်တော့အမြင်အရတော့..ကြည့်ရင်းနဲ့အစ်ကိုမရှိတဲ့သူတွေလဲ အစ်ကိုတစ်ယောက်လောက်လိုချင်မိမှာဖြစ်ပြီး... အစ်ကိုရှိပြီးသားသူတွေလဲကိုယ့်ရဲ့အစ်ကိုကို ပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်.. Filesize : 1.74 GB / 949 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Comedy , Drama Runtime : 1h 53 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Go Brother! ( 2018 )
2018
6
Home Sweet Home ( 2021 )
Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး ...
movie
Home Sweet Home ( 2021 )
4K HEVC
6
I Love You to the Moon and Back ( 2024 )
I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။ Filesize : 1.03 GB / 587 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie
I Love You to the Moon and Back ( 2024 )
6.7
My Sister ( 2021 )
ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့...သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်...ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်...သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး...ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်...အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့... အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်... ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား...ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~ Quality : Bluray 1080p , 480p Format : mp4 Genres : Drama Runtime : 2h 7min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu ...
movie
My Sister ( 2021 )
6.9
Upcoming Summer ( 2021 )
ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကိုသိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲတစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲသူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီးမိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကိုလက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ်ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကိုထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Quality : WEB-DL 1080p, 720p , ...
movie
Upcoming Summer ( 2021 )
5.7
My Old Classmate (2014)
My Old Classmate ဇာတ်လမ်းအကျဉ်း တခြားကျောင်းသားတွေအနိုင်ကျင့်တာ အမြဲခံရတဲ့ကျောင်းသူသစ်လေးကျိုးရှောင်ကျူ ကျိုးရှောင်ကျူကိုအမြဲကာကွယ်ပေးတတ်တဲ့ပြသနာအိုးလင်ရီး သူတို့နှစ်ယောက်ကြားခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်ကနေ၁၅ဝဝချစ်ခြင်းအဖြစ်ပြောင်းလဲသွားကြတဲ့အခါ… ကျောင်းတုန်းကသူငယ်ချင်းတွေကြားထဲ 'နောက်ဆယ်နှစ်ကြာလို့ငါတို့ပြန်တွေ့ကြရင်ငါတို့တွေဘယ်လိုဖြစ်နေမလဲ'ဆိုပြီးအမြဲပြောလေ့ရှိကြမယ်ထင်တယ်နော်...အဲ့မေးခွန်းလေးရဲ့အဖြေကတော့… အချစ်ဦးဆိုတာအလွန်လှပတဲ့အတိတ်က အမှတ်တရကောင်းလေးပေါ့....။ထိရှမယ့်ရသတချို့နဲ့ ဒီဇာတ်ကားက ရင်ဘတ်ထဲမယ် ရွာရန်ရာနှုန်းမြင့်တက်လာနိုင်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Ying Ying ပါ။)File size…(850 MB) and (400 MB) Quality…WEB-HD Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie
My Old Classmate (2014)
2014