Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Yi
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )
7.0
Ash Is Purest White ( 2018 )
ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ် Filesize : 1.85 GB / 1.01 GB Quality : WEB-DL ...
movie
Ash Is Purest White ( 2018 )
6
The Lonely Warrior ( 2023 )
CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲတရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ်ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ.... မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 2h ...
movie
The Lonely Warrior ( 2023 )
6.2
The Procurator ( 2023 )
Dramaဇာတ်လမ်းတွဲတွေထဲက မင်းသားချော Johnny Huang ရဲ့ လျို့ဝှက်ဆန်းကြယ် ရှေ့နေကားလေးကိုတင်ဆက်လေးလိုက်ပါတယ်......ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ရှဝေဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ လူသတ်မှုနဲ့တရားစွဲခံရပါတယ်။ အစိုးရရှေ့နေလီရွေ့(Johnny Huang)ဟာလူသတ်မှုကိုလိုက်ရင်း အမှုဟောင်းတွေကိုပါဆွဲထုတ်မိပါတယ် လူသတ်မှု၊ မုဒိန်းမှု၊ အစိုးရဝန်ထမ်းနဲ့စီးပွားရေးသမားတွေပူးပေါင်းပြီးလာဘ်စားတဲ့အမှုတွေပါ ပါဝင်လာတဲ့အခါ အားလုံးဟာဒီလူသတ်မှုဝဲဂယက်ထဲကိုဆွဲထည့်တာခံရပါတော့တယ်......လီရွေ့နဲ့ သူ့ရဲအရင်ရည်းစားဖြစ်တဲ့ ရှဝေရဲ့ရှေ့နေထုံယွီချန်တို့ဟာ တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ကြရပါတယ်...... ရှဝေဟာဘာကြောင့်နှုတ်ဆိတ်နေတာလဲ...... သူ့ရဲ့ခင်ပွန်းသည်ကရောဘာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသလဲ...... ဒီအမှုတွဲရဲ့နောက်ကွယ်မှာ ဘယ်လိုမှန်းဆမရတဲ့အန္တရာယ်တွေက သူတို့စောင့်နေမလဲဆိုတာကိုCMပရိသတ်ကြီးကခံစားကြည့်ရှုလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Moon Encoded by LK
movie
The Procurator ( 2023 )
6.5
Full River Red ( 2023 ) Manjianghong
IMDb Rating (6.5) / Rotten Tomatoes (100%)Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ "Full River Red" ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ ...
movie
Full River Red ( 2023 ) Manjianghong
4K HEVC
7.6
Ju Dou (1990)
Ju Dou (1990)~ IMDb - 7.6/10, Rotten Tomatoes - 100% ~ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ...
movie
Ju Dou (1990)
1990
6.5
Home Coming ( 2022 )
ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie
Home Coming ( 2022 )
6.8
Snipers (2022)
စစ်ပွဲတစ်ပွဲဆင်နွဲတဲ့အခါ သမိုင်းတွင်တဲ့ စစ်ပွဲများစွာရဲ့ စစ်သူရဲကောင်းတွေလည်းရှိသလို ဒီလိုစစ်ပွဲကြီးတွေအတွက် အထောက်အကူဖြစ်ဖို့ လူမသိသူမသိဆင်နွှဲခဲ့ရတဲ့ စစ်ပွဲလေးတွေထဲမှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်ပေါင်းများစွာလဲရှိပါတယ်အခု ဒီဇာတ်ကားလေးကတော့ စစ်ပွဲကြီးတစ်ခုက နိုင်ငံ့သူရဲကောင်းတွေကိုရိုက်ကူးပုံဖော်ထားတာမဟုတ်ဘဲ သမိုင်းမှာလည်းမပါ ဘယ်သူမှမသိတဲ့ချိုင့်ဝှမ်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲလေးတစ်ခုက ရဲရင့်တဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားမာန်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၅၂ခု နှစ်ကို အခြေတည်ရိုက်ကူးထားတာပါလျှိုဝမ်ဝူဟာ တိုးတက်မှုနောက်ကျပြီး ပစ္စည်းကိရိယာအစုံအလင်မရှိတဲ့ တရုတ်လုပ်အားပေးစစ်တပ်မှာ အရမ်းတော်တဲ့ တပ်ကြပ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၅တပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်တစ်နေ့မှာ သူတို့တပ်ရဲ့ သတင်းပေးလျန်လျန်ဆိုတဲ့ရဲဘော် ချုံခိုတိုက်ခံရပြီး အထက်က လျန်လျန်ကို သေသေရှင်ရှင် ပြန်ခေါ်ခဲ့ဖို့ တပ်ကြပ်လျှိုခေါင်းဆောင်တဲ့ အဖွဲ့ ၅ကို တာဝန်ပေးလိုက်ပါတယ် တစ်ဖက်မှာလည်း လျန်လျန်ကို ဓားစာခံထားပြီး လျှိုဝမ်ဝူကို ဖမ်းဖို့အမေရိကန်အထူးတပ်ဖွဲ့က အသင့်စောင့်နေချိန်မှာတော့...လက်နက်ခဲယမ်း ကိရိယာအစုံအလင်ရှိပြီး ကျွမ်းကျင်သူတွေကြီးပဲ ဖွဲ့စည်းထားတဲ့ အမေရိကန်တပ်ဖွဲ့ကို လျှိုဝမ်ဝူတို့တပ်ဖွဲ့ ၅ဘယ်လိုရင်ဆိုင်ကြမလဲနိုင်ငံ့အကျိုးကိုပဲရှေ့တန်းတင် သူတို့အသက်တွေကိုရင်း သူမတူတဲ့မျိုးချစ်စိတ်တွေနဲ့ သူတို့ရဲ့တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မှာလဲဆိုတာ ရဲသွေးရဲမာန်အပြည့်နဲ့ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်ကြည့်ကြရမှာပါနော် ...
movie
Snipers (2022)
7.0
My People, My Country(2019)
My People, My Country(2019)(Unicode)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ဆိုက်ခဲ့ပါတယ်... သို့ပါသော်ငြားလည်း တရုတ်ဟာခု ကမ္ဘာမှာ ဘယ်လိုအနေအထားနဲ့ ရှေ့ဆက်နေလဲဆိုတာ အားလုံးအသိပါပဲ..ဒီဇာတ်ကားကတော့ တရုတ်နိုင်ငံ လွတ်လပ်ရေးရပြီး နှစ် ၇၀ ပြည့်အထိန်းအမှတ်အားဖြင့် ဒါရိုက်တာကြီး ၇ ယောက်တို့က လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွင်နိုင်တဲ့ အကြောင်းအရာ ၇ ခုကို ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာကိုလည်းအသုံးပြုထားပါတယ်... ဒီလိုသမိုင်းတွင်နိုင်ခဲ့တဲ့အကြောင်းအရာရဲ့နောက်ကွယ်မှာ သာမန်လူတစ်ယောက် အနေနဲ့လည်း ထိုကြီးကျယ်လှတဲ့ အဖြစ်တွေနှင့် မဖြစ်မနေ စပ်လျဉ်းနေတဲ့အကြောင်းကို ရသမြောက်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ ဒီဖြစ်ရပ်မှန် ၇ ခု ကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာပုံကိုလည်းတွေ့ရမှာပါ။ဗဟုသုတလည်းရသလို မှတ်သားစရာပေါင်းများစွာလည်းပါတဲ့အပြင် ကြည့်ရှုသူတွေကိုလည်း စိတ်ဝင်စားအောင် ခမ်းခမ်းနားနားရိုက်ပြထားပါတယ်.. ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ပဲဖြစ်ပါတယ်...(zawgyi)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ...
movie
5.3
The Climbers ( 2019 )
Zawgyi*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ကြိမ်ရဲ့ကျရှုံးမှုကြောင့် ခန္တာကိုယ်မှာ ခွန်အား အများအပြား ဆုံးရှုံးထားပြီးဖြစ်တယ်။နောက်ဆုံးမှာ လေပြင်းတိုက်တာ လျော့နည်းလာပြီးတော့ အခွင့်အရေးပေါ်သောအခါ...Climber (2019) က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီးဆုရဒါရိုက်တာကြီး Daniel Lee မှရိုက်ကူပြီးတော့ နာမည်ကြီးသရုပ်ဆောင် Wu Jing နဲ့ Zhang Ziyi တို့က ဦးဆောင်ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းဟာ ဧဝရက်တောင်ကို မြောက်ဘက်ကနေပထမဆုံးတက်ခဲ့သူများအကြောင်းဖြစ်ပါတယ်။ ဧဝရက်တောင်တက်တဲ့လမ်းတွေထဲမှာ မြောက်ဘက်က အကြမ်းတမ်းအခက်ခဲဆုံးဖြစ်တဲ့အတွက် ဘယ်လိုရင်ခုန်စရာ စွန့်စားခန်းတွေတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဇာတ်လမ်းအဆုံးမှာ surprise လေးတစ်ခုပါတယ်နော်) Unicode*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ...
movie
The Climbers ( 2019 )
2019
7.2
Operation Red Sea (2018) Blu-Ray 1080p 5.1 CH x264
Blu-Ray 1080p 5.1 CH x264 CM ပရိတ်သတ်ကြီးကို ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Operation Red Sea ဆိုတဲ့ ၂၀၁၈ ထွက် Chinese ကားလေးပါIMDB Rating 7.1 ရထားပြီးတော့ Rotten Tomato 81% ထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) ...
movie
Operation Red Sea (2018) Blu-Ray 1080p 5.1 CH x264
2018
7.2
Operation Red Sea (2018)
CM ပရိတ်သတ်ကြီးကို ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Operation Red Sea ဆိုတဲ့ ၂၀၁၈ ထွက် Chinese ကားလေးပါIMDB Rating 7.1 ရထားပြီးတော့ Rotten Tomato 81% ထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) အဖြစ် သန့်စင်ကာ ဗုံးလုပ်ဖို့ ကြံစည်နေတယ်ဆိုတာကု်ဖော်ထုတ်တွေ့ရှိထားပါတယ်။ဒီတော့ ...
movie
Operation Red Sea (2018)
2018
7.1
Brotherhood of Blades 2 : The Infernal Battlefield (2017)
2014 မှာ ထွက်ရှိခဲ့တဲ့ ‘Brotherhood of Blades’ ရုပ်ရှင် နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ပထမကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Chang Chen အပြင် နာမည်ကျော်မင်းသမီး Yang Mi တို့ ပါဝင်လာပါတယ်။ပထမကားလိုပဲ မင်အင်ပါယာကို အခြေခံတဲ့ ရုပ်ရှင်ဖြစ်ပြီး အင်ပါယာရဲ့ ကိုယ်ရံတော်အဖွဲ့သား တဦးဖြစ်တဲ့ Shen Lian က သူ့အပေါ် ပူးပေါင်းကြံစည်ထားတဲ့ မတရားမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်မှာဖြစ်ပြီး martial arts အသားပေးသွားမှာပါ။ တွဲဖက် ကိုယ်ရံတော်နဲ့ ဓါးသမားအသစ်တွေလည်း ပါဝင်အုံးမှာပါ။2014 မှာ ထွက်ရှိလာတဲ့ Brotherhood of Blades ဟာ ရုပ်ရှင်ကားကောင်းအဖြစ် မှတ်ချက်ကောင်းတွေ အညွှန်းကောင်းတွေ ရခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ ထပ်မံရိုက်ကူးလာခဲ့တာပါ။ ဒီတကြိမ်မှာတော့ Yang Mi, Zhang Yi, Xin ...
movie
Brotherhood of Blades 2 : The Infernal Battlefield (2017)
2017