Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Meng
5.9
Autumn Fairy Tale ( 2019 )
ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယား ဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ် Xu kai နဲ့ Zhao Lusi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲ အန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့ နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီး သူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက် အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့် အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့ အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီး ကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့ အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီး အန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော် Filesize : Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Drama , Family Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie
Autumn Fairy Tale ( 2019 )
2019
5.9
Snaker in Golden ( 2023 )
ပြန်ရှောင်ယာတို့ရဲ့ ယွိကျန့်ဂိုဏ်းဟာ ခေတ်အဆက်ဆက် မိစ္ဆာဖမ်းခြင်းနဲ့ နာမည်ကြီးတဲ့ဂိုဏ်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ခေါင်း၉လုံးနဲ့ မြွေတစ်ကောင်ဟာ ကိုယ်ပေါ်မှာ ရွှေရောင်တွေ တောက်ပပြီး အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်ပုံအဖြစ်ဖန်ဆင်းပြီး သူ့ကိုယ်သူ ရွှေမြွေသခင်မဆိုပြီး အမည်ခံကာ လူ့လောကကို အန္တရာယ်ပြုလျက်ရှိပါတယ်။ပြည်သူတွေဟာ ဒုက္ခများစွာရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ မိစ္ဆာဖမ်းသူနန်ဟွာဟာ ရွှေမြွေသခင်မကို အနိုင်ယူပြီး သူမရဲ့ခေါင်းကိုဖြတ်ကာ ငြိမ်းချမ်းမှုကို ရရှိခဲ့ပါတယ်။ဒါပေမဲ့ ရွှေမြွေသခင်မရဲ့ ခန္ဓာကိုယ်က သေဆုံးသွားခဲ့ပေမဲ့လဲ ဝိညာဉ်ကမသေသွားပါဘူး။ မသေခင်မှာ မိစ္ဆာအရှင်လောကထဲ ပြန်လာဦးမယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။နှစ်ထောင်ချီကြာပြီးနောက် ရွှေမြွေသခင်မကို ထိန်းချုပ်ထားတဲ့ မိစ္ဆာသတ်နန်းဆောင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီး ရွှေမြွေသခင်မ တယောက် ပြန်လည်အသက်ဝင်လာတဲ့အခါမှာတော့......... Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
Snaker in Golden ( 2023 )
6.1
The New Painted Skin ( 2022 )
CM chinese ဖန်တွေအတွက် အခုထပ်ပြီး လူနဲ့မိစ္ဆာကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ the new painted skin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... painted skin ဆိုတာနဲ့ မျက်လုံးထဲ version အမျိုးမျိုး ပေါ်လာမယ်လို့ ယုံပါတယ်... ဒီကားလေးက အရင် version တွေနဲ့ အရမ်းကြီး ကွဲလွဲသွားတာတော့မရှိပါဘူး...သို့ပေမယ့် တင်ဆက်မှုပုံစံလေးပြောင်းထားတာတော့ရှိတာပေါ့.. ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် အသက်သခင်ကျေးဇူးရှင် ဆိုယန်ကို ပြန်လာရှာတဲ့ ချန်မြန်ဆိုတဲ့ မိစ္ဆာမလေးတစ်ယောက် ကိုယ့်ကျေးဇူးရှင်ကို ချစ်မိသွားပေမယ့် ကျေးဇူးရှင်မှာက ဇနီးလောင်း ချိုးစန်းရှိနေတာကို သိခဲ့ရတယ်...ဒီလိုနဲ့ အကြောင်းကြောင်းကြောင့် ချိုးစန်း ဆုံးသွားချိန်မှာတော့ချန်မြန်တစ်ယောက် ချိုးစန်းသားရေနဲ့ ချိုးစန်းအဖြစ် ဆိုယန် အနားရောက်လာပြီး ဆိုယန်နဲ့အတူ မိစ္ဆာဘုရင်ကို ရင်ဆိုင်တာပေါ့...ကဲ ဆိုယန်တစ်ယောက် အနားရောက်လာတဲ့ ချိုးစန်းအယောင်ဆောင်ကို သတိထားမိမှာလား... ကြားထဲ ဘာလှည့်ကွက်တွေရှိနေဦးမလဲ... နောက်ပြီး မိစ္ဆာဘုရင်ကိုရောဆိုယန်တို့ချေမှုန်းနိုင်မှာလား.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie
The New Painted Skin ( 2022 )