Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Luyao
5.8
Death Town ( 2024 )
နှစ်ပေါင်းများစွာအတွင်း စစ်ရှုပ်ထွေးမှုနဲ့ ဝေးရာမှာရှိပြီး အေးချမ်းသာယာခဲ့တဲ့ ဝူချန်မြို့မှာ မတော်တဆ သေဆုံးမှုတွေ ဆက်တိုက် ဖြစ်နေခဲ့ပါတယ်။ ရွာသားတွေရဲ့ ပြောပုံအရတော့ အားရီးနတ်ကို ပြစ်မှားမိပြီး တားမြစ်နယ်မြေဖြစ်တဲ့ ဝိညာဉ်ပျောက်တောထဲကို ဝင်မိတဲ့အတွက် သေရတာတဲ့......ကင်းလှည့်အဖွဲ့ အဖွဲ့ခေါင်းဆောင် ချန်မော့က လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ရေနစ်သူမိန်းကလေးပိုင်စွမ်းကို ကယ်ခဲ့ပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်မရှိတဲ့ ဝူချန်မြို့မှာ အပြင်လူတစ်ယောက် ရောက်လာခြင်းက နိမိတ်မကောင်းတဲ့အတွက် ချန်မော့က ပိုင်စွမ်းကို သူ့အိမ်ထဲမှာပဲ ဖွက်ထားပေးခဲ့ပါတယ်။ပိုင်စွမ်းက အပြင်လောကမှာရှိတဲ့ အသိပညာတွေ မျှဝေပေးမှုကြောင့် ချန်မော့ကလည်း အားရီးနတ်ကို အယုံအကြည်မရှိတော့ဘဲ လူသေမှုတွေကို လိုက်လံစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူသေမှုတွေ နောက်ကွယ်မှာ ဘယ်လို အကြံအစည်ကြီးတွေ ရှိနေမလဲ...... ချန်မော့တို့အဖွဲ့ကရော မြို့ထဲကလူတွေကို အမြင်မှန်ရလာအောင် လုပ်ပေးနိုင်မလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 906 MB / 459 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Thriller , Mystery , Adventure Runtime : ...
movie
Death Town ( 2024 )
5.9
Battle Front: Duel of the Peaks ( 2020 )
အက်ရှင်ကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံက သိပ္ပံလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲ့ဒီနည်းလမ်းကို နိုင်ငံတကာ သိပ္ပံဒုစရိုက်အဖွဲ့က လုယူဖို့ ကြိုးစားနေပါတယ်။ ကျန့်ဖုန်းဟာ သိပ္ပံအဖွဲ့ရဲ့ ဆရာခေါင်းဆောင်ဖြစ်တဲ့ သိုက်ရှင်းကော်ရဲ့ သားမက်လောင်းဖြစ်ပါတယ်။ နည်းပညာနဲ့ သူ့ရဲ့ ဇနီးလောင်းကို ကာကွယ်ပေးဖို့အတွက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။အတိတ်မေ့သွားတဲ့ ကျန့်ဖုန်းကို နျဲ့လင်ဖုန်းက ကယ်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။ နျဲ့လင်ဖုန်းဟာ သိုက်ရှင်းကော်ရဲ့ တပည့်အရင်းဖြစ်ပေမဲ့ အောင်မြင်မှု မရတဲ့အတွက် သူ့ဆရာကို မုန်းတီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ နည်းပညာအချက်အလက်တွေကို ရှာဖို့အတွက် တူမလေး ရှီးယင်းကို ကျန့်ဖုန်းရဲ့ ဇနီးလောင်းအဖြစ် ဟန်ဆောင်စေခဲ့ပါတယ်။ကျန့်ဖုန်းတစ်ယောက် အတိတ်က အကြောင်းတွေကို ပြန်သတိရနိုင်မလား...... နည်းပညာ အချက်အလက်တွေက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲကို ရောက်သွားလိမ့်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action ...
movie
Battle Front: Duel of the Peaks ( 2020 )
6
A Sealed Book ( 2022 )
ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာ အမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။ အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာ လောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီး လမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာ ရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီး အဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ ...? ❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ? ❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါ နောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကို ရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie
A Sealed Book ( 2022 )
6
The Sixteenth Level of Hell ( 2021 )
ဒီ The Sixteenth Level of Hell ဇာတ်ကားလေးကတော့ posterကိုကြည့်လိုက်ရင် သိလိုက်ရမဲ့အတိုင်း အမှုလိုက်ဇာတ်ကားလေးဖြစ်ပါတယ် သတင်းထောက်မလေးရဲ့ စာဖတ်ပရိတ်သတ်ကနေတစ်ဆင့်ဖြစ်ပွားခဲ့တဲ့ အမှုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ သတင်းထောက်မင်းသမီးလေး ရွှီလင်က သဘောကောင်း စိတ်ရှည်ပြီး သူ့ရဲ့ပရိတ်သတ်တွေကို အချိန်ပေးပြီး စာပို့ စာပြန် ဖုန်းတွေနဲ့အဆက်အသွယ်လုပ်ပြီး ကူညီပေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဝရမ်းပြေးတစ်ယောက်ဆီက စာတစ်စောင်ကို လက်ခံရရှိကာ ရင်ဖွင့်ပြီး ဖုန်းတွေနဲ့ဆက်သွယ်လာပါတယ် ရွှီလင်မှာ ရဲအရာရှိဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတော့ အမှုလိုက်ချင်တဲ့စိတ်နဲ့ ရွှီလင်ကို သူ့သူငယ်ချင်းက ဘယ်လိုအသုံးချမလဲ ရွှီလင်ကရော ဝရမ်းပြေးကဆီကပို့လာတဲ့စာတွေ ဖုန်းတွေကိုလက်ခံပြီး ဝင်ဖြေရှင်းပေးမလား သို့မဟုတ် ရဲစခန်းကိုပဲတိုင်ကြားလိုက်မလား ဝရမ်းပြေးဆိုတဲ့နာမည်နဲ့ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်ခဲ့တာလဲ ဝရမ်းပြေးတစ်ယောက်က ဘာဖြစ်လို့ သတင်းထောက်ဆိုတာသိသိကြီးနဲ့ လာပြီးရင်ဖွင့်တာလဲဆိုတာကိုသိချင်ရင်တော့ ဇာတ်ကားလေးကိုအဆုံးထိ ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p Format : mp4 During :1h 32min Genres : Crime , Drama Subtitle : Myanmar Subtitle ( Hardsub ) Translated By A Pu Lay Encoded ...
movie
The Sixteenth Level of Hell ( 2021 )