Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yu Li
6
The Lion Roars ( 2002 )
Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Lion Roars ( 2002 )
5.9
Wu Long Yuan ( 2022 )
မကောင်းဆိုးဝါး မှော် မိစ္ဆာတွေနှစ်သက်တဲ့ CMပရိသတ်ကြီးအတွက် Wu Long Yuan ဆိုတဲ့ မိစ္ဆာနှိမ်နင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့...... ဝူလုံဘုန်းကြီးကျောင်းက တပည့်ကြီးအားလျန့်ဟာ ဂုဏ်ရှိန်ကြီးမားတဲ့ မိစ္ဆာနှိမ်နင်းသူတစ်ယောက်အရမ်းကိုဖြစ်ချင်ပါတယ်။ ဒါပေမယ့် ပညာရည်မပြည့်မီပဲ သူများတွေလေးစားအထင်ကြီးအောင် လိမ်လည်ခြင်းသာလုပ်တတ်ပါတယ်။ချောမောတဲ့ လင်နန်ရှားမျိုးနွယ် ရှားခယ့်ယန်ကတော့ လင်နန်ရှားမျိုးနွယ်ဆိုတဲ့ဂုဏ်သရေရှိ မိစ္ဆာနှိမ်နင်းသူမျိုးနွယ်ကဆင်းသက်လာသူပါ။ သူကမိသားစုအညှိုးအတေးအတွက် မိစ္ဆာတွေကိုအမြစ်ကနေနှိမ်နင်းချင်းသူတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ဟာ ဝူလုံဘုန်းကြီးကျောင်းက ဆရာတော်ကြီးပေးအပ်တဲ့တာဝန်အရ လွတ်မြောက်လာတော့မယ့် မိစ္ဆာဘုရင်ကြီးကိုပြန်လည်ချုပ်နှောင်ဖို့အတွက် အသွားလမ်းခရီးမှာ မိစ္ဆာနှိမ်နင်းခြင်းဝတ္ထုကိုဖြစ်အောင်ရေးမယ်ဆိုပြီး ရည်မှန်းချက်ထားထားတဲ့ အိုက်ဖေးနဲ့လမ်းမှာတွေ့ကြပြီး ၃ယောက်သား မိစ္ဆာဘုရင်ကြီးကိုနှိမ်နင်းဖို့သွားပါတော့တယ်။လမ်းခရီးတစ်လျှောက်ကြုံတွေ့လာတဲ့မိစ္ဆာတွေကိုဘယ်လိုနှိမ်နင်းကြမလဲ...... မိစ္ဆာဘုရင်ကြီးကိုရော ဒီလူငယ်လေး၃ယောက်က ရင်ဆိုင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ တခြားမိစ္ဆာကားတွေလိုဖန်တက်စီဆန်ဆန်ရိုက်ထားတာမဟုတ်ပဲ ကြောက်စရာနည်းနည်းကောင်းတဲ့အတွက် အဖော်လေးနဲ့ကြည့်ကြပါလို့ မှာချင်ပါတယ်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy , Thriller Runtime : 1h 33min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Wu Long Yuan ( 2022 )
6.2
Five Elements Secret Art ( 2022 )
CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်...ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ...
movie
Five Elements Secret Art ( 2022 )
5.2
Huo Family Fist ( 2020 )
သိုင်းကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်၂၀၂၀ထွက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဂျပန်တွေတရုတ်ပြည်ကိုအုပ်စိုးနိုင်ဖို့ ဘိန်းပင်တွေစိုက်ဖို့ ကြိုးစားစဉ်ကာလ...အားရှီလို့ခေါတဲ့မိန်းကလေးဟာရှန်ဟဲမှာအပျော်မယ်လုပ်ဖို့ရောင်းစားခံရရင်းရှန်ဟဲကိုအုပ်စိုးနေတဲ့ ကျင်းကန်ကန်ဂိုဏ်းချုပ်ရဲ့မွေးစားသားအားပေါက်ကိုသတ်မိလိုက်ပေမယ့်သူမရဲ့သိုင်းပညာတော်မှုကြောင့်ဂိုဏ်းချုပ်ရဲ့ချစ်ခင်မှုကိုရပြီး မွေးစားသမီးတော်လိုက်ပါတယ်...ဒီလိုနဲ့ရှန်းလော့မိန်ရဲ့သခင်မရှီဖြစ်လာပြီး ဘိန်းရှူတဲ့နေရာတွေမှန်သမျှကိုလိုက်ဖျက်ဆီးပြီး နယ်မြေသန့်စင်တဲ့အခါ...စခန်းမူးပိုင်နဲ့ ဂိုဏ်းချုပ်ရဲ့မွေးစားသားအားဟူတို့ရဲ့ စီးပွားရေးကိုထိခိုက်စေတဲ့အခါ...သခင်မရှီကိုဘယ်လိုတွေအကောက်ကြံမှာလဲ...နောက်ကွယ်ကအဓိကကြိုးကိုင်သူကဘယ်သူလဲ...သခင်မရှီက ဟော့ကျားချွမ်သိုင်းကွက်နဲ့ရန်သူကို ဘယ်လိုအနိုင်ယူမလဲ...တိုက်ခိုက်မှုတွေကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပြီးသခင်မရှီနဲ့ ဟော့ကျားချွမ်ဂိုဏ်းရဲ့ဆက်ခံသူ ဟော့ကျားစိမ်းတို့ရဲ့အချစ်ကိုလဲ မြင်တွေ့ရမှာပါ.. Translated & Review By Phyo ZawEncoded By LK
movie
Huo Family Fist ( 2020 )
5.2
Destines ( 2019 )
Zawgyi*******ဒီကားလေးဟာ လူတွေရဲ့လောဘစိတ်ကိုအခြေခံပြီးရိုက်ပြသွားတဲ့ ဇာတ်ကားဖြစ်ပါတယ်စန်းရှီးနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားလှတဲ့အန်ကယ်စုန့်အလွှာခေါက်ဆွဲရဲ့ဖော်မြူလာကို ချင်စုန့်စိမ်းဆိုတဲ့လူဆိုးခေါင်းဆောင်က ရယူဖို့အမျိုးမျိုးကြိုးစားရာကနေ ဘယ်လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့ရမှာလဲ...လျို့ဝှက်ဖော်မြူလာက တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းအိုးထဲမှာရှိနေတာသိလိုက်ရတဲ့အခါ လောဘသားအချင်းချင်းဘယ်လိုတွေလုယူကြမှာလဲ...နောက်ဆုံးမှာဘယ်သူကပိုင်ဆိုင်ခွင့်ရမှာလဲ...ဘယ်လိုလှည့်ကွက်မျိုးတွေရှိနေတာလဲ....လောဘကြီးရင် အရနည်းတတ်တယ်ဆိုတာကို ဖော်ပြနေတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ် Unicode*******ဒီကားလေးဟာ လူတွေရဲ့လောဘစိတ်ကိုအခြေခံပြီးရိုက်ပြသွားတဲ့ ဇာတ်ကားဖြစ်ပါတယ်စန်းရှီးနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားလှတဲ့အန်ကယ်စုန့်အလွှာခေါက်ဆွဲရဲ့ဖော်မြူလာကို ချင်စုန့်စိမ်းဆိုတဲ့လူဆိုးခေါင်းဆောင်က ရယူဖို့အမျိုးမျိုးကြိုးစားရာကနေ ဘယ်လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့ရမှာလဲ...လျို့ဝှက်ဖော်မြူလာက တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းအိုးထဲမှာရှိနေတာသိလိုက်ရတဲ့အခါ လောဘသားအချင်းချင်းဘယ်လိုတွေလုယူကြမှာလဲ...နောက်ဆုံးမှာဘယ်သူကပိုင်ဆိုင်ခွင့်ရမှာလဲ...ဘယ်လိုလှည့်ကွက်မျိုးတွေရှိနေတာလဲ....လောဘကြီးရင် အရနည်းတတ်တယ်ဆိုတာကို ဖော်ပြနေတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ် Translated & Review By Phyo ZawEncoded By LK
movie
Destines ( 2019 )
2019