Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yu Lang
6.3
Kowloon Walled City ( 2021 )
Kowloon walled city ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့ လူမသိ သူမသိ ပျက်စီးသွားတဲ့ အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ... ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါက တရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေး အောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့ အားလုံး မျက်စိကျစရာ နေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်...သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ ပေကျင်းတို့လောက် စီးပွားရေး အခွင့်အလမ်းမရှိတော့တာလဲလို့ မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ ပြောပါရစေ...တော်လှန်ရေးကာလမို့ စီးပွားရေးက မကောင်း ခေတ်ကပျက် စနစ်က မရှိ စည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါ အတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲ ဘိန်းဘုရင်တွေပေါ်လာတယ်...ဘိန်းက လူကိုဖျက်... ဖျက်တဲ့ဘိန်းကို လူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံ ငွေမလောက်တော့ လောင်းကစားဝိုင်းပြေး နောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကို သင့်ရာနေရာရောင်းချ... ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီး အဖော်အချွတ်နဲ့ ငွေရှာတဲ့ အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့...ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ ကာလဆိုရင်မမှားဘူးပေါ့... ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကို အမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်း ရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ.. Filesize : 1.28 GB / 737 MB Quality : WEB-DL 1080p , 480p Format ...
movie
Kowloon Walled City ( 2021 )
5.8
Dangerous Evidence ( 2024 )
ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ...... ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ...... ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ..... အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Dangerous Evidence ( 2024 )