Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yu Hewei
6.2
Crazy Alien ( 2019 )
တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Crazy Alien ( 2019 )
2019
6
Under the Light ( 2023 )
ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
Under the Light ( 2023 )
6.4
The Island (2018)
ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Island (2018)
2018