Channel Myanmar

Yoo Gwang Soo

Spirit: The Beginning of Fear (2020)
Spirit: The Beginning of Fear (2020) ဒီဇာတ်ကားကတော့ ၂၀၂၀ ဖေဖော်ဝါရီကလောလောလတ်လတ်ထွက်ရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့သူဠေးဖြစ်သူ ပတ်မန်းဂီဆိုတဲ့သူကသူ့ဖောက်သည်ဖြစ်သူ အိမ်တစ်အိမ်ကိုဝယ်ဖို့စပ်ပေးပါတယ်။အဲ့အိမ်ကထူးခြားတာက ဈေးတော်တော်တန်နေတာပါ။ဈေးတန်ရင်တစ်ခုခု အပြစ်အနာအဆာရှိတတ်တယ်ဆိုတဲ့ ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးကသရဲခြောက်တယ်လို့နာမည်ကြီးနေတာပါ။နောက်ထပ်ထူးဆန်းတာကသူဠေးပတ်ကအဲ့အိမ်ကသရဲခြောက်မှန်းအိမ်ပျက်ကြီးမှန်းသိသိနဲ့ကိုတမင်ရောင်းလိုက်တာပါ။ဒါကိုဝယ်ဖို့သွားတဲ့သူလည်း အဲ့အိမ်ကြီးကအိမ်ရှင်ဆီမှာ အရောင်းအဝယ်စာချုပ်လက်မှတ်ထိုးခိုင်းဖို့သွားရင်းရုတ်တရက်ပျောက်ဆုံးသွားပြန်တယ်။သူ့မိန်းမဖြစ်ကလည်းယောကျာ်းပျောက်သွားတော့ရဲတွေကိုအကြောင်းကြားပြီးရှာဖို့ကြိုးစားပါတော့တယ်။ဒီအမှုကိုကြိုးစားလိုက်နေတဲ့စုံထောက်ချွဲကဒီပျောက်ဆုံးမှုဟာလွန်ခဲ့နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပါပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါအမှုကိုကြိုးစားဖော်ထုတ်ဖို့လုပ်ပါတော့တယ်။နောက်တော့သူဠေးပတ်နဲ့ သူယောကျာ်းပျောက်သွားတဲ့အမှုကြားမှာထူးဆန်းတာတွေက တစ်စပြီးတစ်စဖြစ်လာပါတယ်။ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို Mystery ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းအောင် တွေးလုံးတွေထည့်ရိုက်ကူးထားပါတယ်။ကဲ အားလုံးပဲဘယ်လိုတွေဆက်ဖြစ်မယ် ဘယ်လိုဇာတ်လမ်းကအပြောင်းအလဲရှိလာမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားစေချင်ပါတယ်။***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…) File Size : (700 MB) and (350 MB) Quality : HDRip 720p Running Time : 1hr 20min Format : Mp4 Genre : Horror Subtitle : ...
movie

Spirit: The Beginning of Fear (2020)

2020