Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yogi Babu
6.2
Partner (2023)
Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie
Partner (2023)
2023
7.1
Lucky Man (2023)
Lucky Man (2023)IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါမြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်.... စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ.......ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ...
movie
Lucky Man (2023)
2023
5.8
Let’s Get Married (2023)
Let's Get Married (2023)IMDb-6.3/10CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ"ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်" "လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်" ဒါတွေက ကြားဖူးနေကျပါ "လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်" ဆိုတာမျိုးရော ကြားဖူးကြလားဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါသမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်အမောလေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် File size… 2.62GB ...
movie
Let’s Get Married (2023)
2023
7.5
Jailer (2023)
Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie
Jailer (2023)
2023
4K HEVC
7.5
Maaveeran (2023)
Maaveeran (2023) IMDb-7.5/10ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL
movie
Maaveeran (2023)
2023
5.8
Beast (2022)
ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality… 1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Beast (2022)
2022
4K HEVC
8.1
Takkar (2023)
Takkar (2023) IMDb-8.3/10တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan
movie
Takkar (2023)
2023
7.7
Karungaapiyam (2023)
Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie
Karungaapiyam (2023)
6.0
Pichaikkaran 2 (2023)
Pichaikkaran 2 (2023)2016 က ထွက်ရှိထားတဲ့ Pichaikkaran ရဲ့အောင်မြင်မှုအပြီးမှာ ပုံစံတူ stand-alone sequel တစ်ကားဖြစ်တဲ့ Pichaikkaran 2 ဟာ လောလောလတ်လတ်မှာ ရုံတင်ထားတာဖြစ်ပြီး rating တွေလည်းကောင်းသလို ရုံတင်ငွေ ကုဋေ ၃၄ သန်းကျော်အမြတ်ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဆရာဝန်တစ်ယောက်က နှလုံးတွေ ကျောက်ကပ်တွေ အစားထိုးတာတင်မကပဲ ဦးနှောက်အစားထိုးတာကိုပါ အောင်မြင်စွာစမ်းသပ်လ်ုက်နိုင်ပါတယ် ဗီဂျေးဆိုတာကတော့ အောင်မြင်နေတဲ့စီးပွားရေးသမား ဉာဏ်ကြီးရှင်တစ်ယောက်ပါ သူ့ရဲ့လူယံုဆိုတဲ့သူက နောက်ကျောဓားနဲ့ထိုး ခဏနေကဦးနှောက်လဲတဲ့ အစားထိုးမှုကို ဗီဂျေးအပေါ်လုပ်ပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်လာတဲ့အခါမှာ တစ်ခေတ်တစ်ခါက Face-off လိုမျိုး vibe ကိုပြန်ခံစားမိမဲ့အပြင် ဦးနှောက်ချင်းပါလဲပစ်တဲ့ ကျွတ်ဆင်အကွက်ကြီးတွေနဲ့ အက်ရှင်ဒရာမာ ရသစုံကြည့်ရမှာဖြစ်လို့ လက်မလွှတ်ကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ YH ~ Yunni တို့ပဲဖြစ်ပါတယ် File size…8.56GB/ 3.27GB / 1.23GB Quality…4k ...
movie
Pichaikkaran 2 (2023)
2023
4K HEVC
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
9.5
Yaanai Mugathaan (2023)
Yaanai Mugathaan (2023)IMDb-9.6/10ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 ...
movie
Yaanai Mugathaan (2023)
2023
6.7
Ghosty (2023)
Ghosty ( 2023 ) ============== IMDb. 6.8/10 .Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin~ BpL~ Yunni~ Cherry~Zwe Yan ...
movie
Ghosty (2023)
2023
8.1
Love Today (2022)
Love Today (2022) IMDb - 8.1/10၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့...ဇာတ်လမ်းအကျဉ်း ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား... ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့... ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ... ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့... File size…2.3GB/ 1.1GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~Nyein
movie
Love Today (2022)
2023
5.0
The Legend(2022)
The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie
The Legend(2022)
2022
6.5
Varisu(2023)
Varisu (2023) Action, Drama IMDb 6.5/10 (30K)ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော် File size…3.27GB / 1.4GB Quality…4k HEVC AMZ WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL~ Yunni ~ Khin Khin ~ ...
movie
Varisu(2023)
2023
4K HEVC
6.0
Oh My Ghost (2022)
Oh My Ghost (2022) IMDb 6.1အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin
movie
Oh My Ghost (2022)
2022
6.8
Thunivu (2023)
Thunivu (2023) Action, Adventure, Thriller IMDb 6.7/10 (23K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီး Ajith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီး ဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။ သူဟာ ရဲလည်း မဟုတ် စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့ လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။ File size…3.11GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor ~ Yunni ~ Cherry
movie
Thunivu (2023)
2023
6.7
Naane Varuvean (2022)
Naane Varuven 2022 6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ...အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ်နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ...သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.... ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို ဒါနုရှ်ပရိတ်သတ်ကြီးက ရင်တမမနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦး... File size…1.5GB / 700MB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HayMan & Poe & OeliuJ
movie
Naane Varuvean (2022)
2022
6.7
Yaanai (2022)
Yaanai 2022 IMDb 6.7 Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါလွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့ သားသေဆုံးမှုမှာတာဝန်ရှိနေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ် မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲမင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့ အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက မိသားစုကိုဘယ်လိုကယ်တင်မလဲကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့ ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ် File size…3.42GB / 1.6GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Su Mon Aung & Yunni & ...
movie
Yaanai (2022)
2022
7.3
Koogle Kuttappa (2022)
ဒီတစ်ခါမှာတော့ IMDB မှာ 7.2 အထိရရှိထားတဲ့ 2022 ခုနှစ်ထွက် မေတ္တာဖွဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေတ္တာဖွဲ့ကားတွေအထွက်ကျဲချိန်မှာ ဒီကားလေးထွက်လာတာဝမ်းသာစရာပါပဲဇာတ်လမ်းအကျဉ်း... သားကို ချစ်လွန်းလို့ စက်ရုပ်အင်ဂျင်နီယာဘွဲ့ရတဲ့အထိကျောင်းထားပေးပြီး မွေးရပ်မြေမှာပဲ နေ့စဉ်ရုံးတက်ရုံးဆင်း လုပ်စေချင်တဲ့အဖေ ဖခင်ကို မလွန်ဆန်နိုင်ပေမယ့် ဘ၀ရှေ့ရေးအတွက် နိုင်ငံရပ်ခြားအထိ အလုပ်သွားလုပ်ချင်နေတဲ့သား..နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အသက်ကြီးတဲ့အဖေကို စောင့်ရှောက်နိုင်မယ့် အိမ်တွင်းသူနာပြုတွေ ခေါ်ပေမယ့် လူ့ဂွစာအဖေကြောင့်အကုန် ပြန်ပြေးရတဲ့အချိန် သူ့ကို အလုပ်ခန့်တဲ့ကုမ္မဏီက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီစဉ်ပေးချိန်မှာတော့ခံစားချက်ရသတွေ အများကြီးခံစားလို့ရနိုင်မယ့် ရုပ်ရှင်တစ်ကားကို မွေးထုတ်ပေးလာတာကြောင့် လိုက်ပါစီးမြောခံစားလိုက်ကြပါဦးခင်ဗျာ...အညွှန်းနဲ့ဘာသာပြန် Lwin Htoo Aung ဖြစ်ပါတယ် File size…2.1GB / 1.05GB Quality…1080p WEB DL Tamil AAC 5.1CH / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie
Koogle Kuttappa (2022)
1
2
3
Previous
Next