Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ying Haoming
5.7
Jungle Chase ( 2024 )
နယ်စပ်မြို့တစ်ခုက ဂိုဒေါင်အပျက်တစ်ခုမှာ စိတ်လှုပ်ရှားစရာ ဖမ်းဆီးမှု အစီအစဉ်ကြီးတစ်ခု စတင်နေပါတယ်။ အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ယွမ်ဟိုင်ယန်ဟာ အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချန်စန်းဖူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။နောက်မှာတော့ ယွမ်ဟိုင်ယန်ကို စခန်းမှူးလျိုချန်ကျွင်းက ချန်စန်းဖူအဖြစ် ဟန်ဆောင်ပြီး ပြည်ပမှ ငွေအတုရိုက်နှိပ်ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယွမ်ဟိုင်ယန်က သူလျှိုလှုပ်ရှားမှု လုပ်နေစဉ် ယောက္ခမလောင်းဖြစ်သူ ရွှဲယုံနဲ့အတူ ခရီးသွားဘတ်စ်ကား တစ်စီးတည်းမှာ လိုက်ပါလာခဲ့ပါတယ်။ဒုစရိုက်သမားတွေဟာ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားကို သစ်တောထဲကို ပြန်ပေးဆွဲပြီး မောင်းခိုင်းခဲ့ပါတယ်။ အချင်းချင်း အမြင်မကြည်နေတဲ့ ယောက္ခမလောင်းနဲ့ သမက်လောင်းတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ခဲ့ရပါတယ်။ဒုစရိုက်သမားတွေရဲ့ လက်ထဲကနေ ယွမ်ဟိုင်ယန်တို့ ထွက်ပြေးလွှတ်မြောက်နိုင်လိမ့်မလား...... သစ်တောထဲမှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ပြည့်နှက်နေမလဲ. Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Jungle Chase ( 2024 )
5.9
Doctor Qin Ming: Rain Killer ( 2023 )
ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက် မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။ မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲ နောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။ အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာ ဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို ဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်း ဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်က အကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Doctor Qin Ming: Rain Killer ( 2023 )
6
Folklore Qizz Class ( 2023 )
တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်...? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ....? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , ...
movie
Folklore Qizz Class ( 2023 )
6.5
Marshal Tianpeng (2020)
ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်သွားအောင် ပါကျဲ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ချင်ပါတယ် ။ နောက်ပိုင်း ဝူခုန်း ကားလေးတွေက ကလိထိုးရယ်သလို ဟာသဆန်ဆန် ရိုက်ကူးကြပေမယ့် အခု ပါကျဲ ကားလေးကတော့ လုံးဝကို ဒရမ်မာပုံစံနဲ့ ပါကျဲ ဖြစ်တည်လာပုံကို ရိုက်ကူးထားတာပါ ။ပါကျဲ မဖြစ်ခင် သူက အရမ်းချောမောတဲ့ ကောင်းကင်နတ်စစ်သူကြီး ထျန်းဖုန်း ဆိုတာတော့ သိကြလိမ့်မယ်ထင်ပါတယ် ။ ဝူခုန်း နဲ့ အထက်ကောင်းကင်မှာ လက်ရည်တူတိုက်ခိုက်နိုင်တဲ့သူပါ ။ မြတ်စာဘုရားက ဝူခုန်းကို လက်ငါးချောင်းတောင်မှာ ချုပ်ထားလိုက်တဲ့အချိန် စစ်သူကြီထျန်းဖုန်း ကို မနာလိုတဲ့ ကောင်းကင်စောင့်နတ်မင်းကြီးရဲ့ အကွက်ဆင်မှုကြောင့် လူ့ပြည်ကိုသွားပြီး ဝူခုန်းကို နှိမ်နင်းရပါတော့တယ်။အရင်က သိခဲ့တဲ့ မိန်းကလေးလှလှမြင်ရင် လိုက်ငမ်းတဲ့ ပါကျဲ.... အပျင်းကလည်းကြီး ... ပိန်းတိန်းတိန်းနဲ့ ငတုံး လို့ခဏခဏအပြောခံရတဲ့ ပါကျဲ ... တကယ်တော့ သူက အချစ်အတွက်နဲ့ ပါကျဲ ဖြစ်ခဲ့ရတာပါ ။ ရုပ်ရည်ချောမောပြီး ...
movie
Marshal Tianpeng (2020)
2020