Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yanyan de Jesus
5.3
My Zombabe (2024)
ဒီဇာတ်ကားကိုစကြည့်ကြည့်ချင်း ပထမဆုံးသတိရမိတာက 90s kids တွေရဲ့ အသည်းစွဲဖြစ်တဲ့ (အချစ်ဆုံးသူငယ်ချင်း) ဆိုတဲ့ music video လေးပါပဲ။ ဘာကြောင့်သတိရမိလဲဆိုရင်တော့ ဇာတ်ကားကိုကြည့်ရင် သိကြပါလိမ့်မယ်။ ဒီကားမှာတော့ ဖုတ်ကောင်/ဇွမ်ဘီတွေ ကြိးစိုးနေပြီဖြစ်တဲ့ လောကကြီးရဲ့အလယ် ဖိလစ်ပိုင်က ကမ်းခြေအပန်းဖြေစခန်းလေးတစ်ခုမှာ အုပ်ချုပ်သူတစ်ဦးနဲ့လူစစ်စစ်အဖြစ် ကျန်နေသေးတဲ့သူတစ်ချို့နဲ့ဇာတ်လမ်းကိုဖွင့်ထားပါတယ်။ သူကြီးက လက်ရှိကျန်နေတဲ့သူ လက်တစ်ဆုပ်စာကိုအုပ်ချုပ်ပြီး အဲ့ဒီလူတွေထဲက ဇွမ်ဘီဖြစ်နေနိုင်တဲ့အငွေ့အသက်ပါရင် မညှာမတာ တန်းသတ်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကလည်း မှန်ပါတယ်။ ဒီတစ်ယောက်ကိုညှာလိုက်ရင် ကျန်တဲ့သူတွေအတွက် အန္တရာယ်တကယ်ရှိနေနိုင်လို့ပါပဲ။ မင်းသားငနဲကတော့ အဲ့ဒီလိုအခြေအနေကြားထဲက တစ်ချိန်က သူငယ်ချင်းချစ်သူလေးကို အမြဲတမ်း သတိရနေလေ့ရှိပြီး စိတ်မထိန်းနိုင်တဲ့တစ်နေ့မှာ ဇွမ်ဘီဖြစ်နေနိုင်တာသိသိရက်နဲ့ အလောင်းကိုပြန်ဖော်ပြီး သူ့အိမ်မှာဝှက်ထား၊ တစ်ချိန်က သူနဲ့ အမှတ်တရတွေကို ပြန်အစဖော်ပေးပြီး လူပြန်ဖြစ်လာဦးမလားဆိုတဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်ပါတော့တယ်။ လူ့ဘ၀ကတည်းက သူ့ကို သူငယ်ချင်းလိုသဘောထားခဲ့တဲ့၊ အခုချိန်မှာဇွမ်ဘီတစ်ပိုင်းဖြစ်နေပြီးဖြစ်တဲ့ကောင်မလေးက အခုလိုဘ၀မှာမှ သူ့မေတ္တာတွေကို နားလည်နိုင်လာဦးမှာလား? တက်ကြွနေတဲ့ ကြက်ဖရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ အိမ်မက်ထဲက နတ်သမီးလေးပဲဖြစ်နေဦးမှာလား?ဇွမ်ဘီမလေးတစ်ယောက်ကို ချစ်မိတဲ့ ဇာတ်လမ်းဆိုတော့ Warm Bodies နဲ့တူနေမလားဆိုရင် ...
movie
My Zombabe (2024)