Channel Myanmar

Yang Yi

Do the World Darts 8 ( 2007 ) 5.7
Do the World Darts 8 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့ အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင် ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီး ဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ် သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲ ဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာ ဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ်ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 8 ( 2007 )

The Embroidered Sword ( 2024 ) 5.9
The Embroidered Sword ( 2024 ) တရုတ်ပြည်ရဲ့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင့်အာဏာကို နောက်ကွယ်ကနေချုပ်ကိုင်တတ်ကြတာ မိဖုရားတွေဖြစ်ပြီး နောက်လူတစ်မျိုးကတော့ ရှင်ဘုရင်နားမှာအနီးကပ်နေတဲ့ မိန်းမစိုးကုန်းကုန်းတွေပဲဖြစ်ကြတယ်။ဒီဇာတ်ကားမှာ တိုင်းပြည်ကိုပုန်ကန်ဖို့ကြိုးစားနေတဲ့ မိန်းမစိုးအဖွဲ့အစည်းကို ကိုယ်ရံတော်တပ်ကသစ္စာရှိ ကိုယ်ရံတော်တွေက တွန်းလှန်ဖို့ကြိုးစားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။အလေအလွင့်ဓားပြတစ်ယောက်ဟာ မဟုတ်မခံ မတရားမှုကို လက်ပိုက်မကြည့်နေနိုင်တဲ့အကျင့်တစ်ခုရှိတယ် သူကအကြောင်းတိုက်ဆိုင်ပြီး ကိုယ်ရံတော်တပ်ထဲကိုရောက်သွားခဲ့ပါတယ်။ မကောင်းတဲ့လမ်းဟောင်းကိုစွန့်ပြီး တရားသောလမ်းကိုသူလျှောက်နိုင်မလား...... တရားသောလမ်းမှာသူ့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ...... စိန်ခေါ်မှုတွေကိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာ....... သေသပ်တဲ့ရိုက်ချက်တွေနဲ့ အရည်အသွေးကောင်းတဲ့ သိုင်းကားအက်ရှင်ကားလေးကို အားပေးလိုက်ကြပါဦး။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Embroidered Sword ( 2024 )

The Journey of Flower ( 2024 ) 5.8
The Journey of Flower ( 2024 ) ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်း နာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Duling ချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ် Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbin ဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ် Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာ သူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ် အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော်နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေ လူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ် မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲ သူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့ ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီး ချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ် နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့် ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့ ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့ ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့ ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူး Series ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့် အမြင်တစ်မျိုးလေးဖြစ်သွားအောင် ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ် Quality ...
movie

The Journey of Flower ( 2024 )

Dragon Gate Posthouse 1: Sunflower (2018) 5.9
Dragon Gate Posthouse 1: Sunflower (2018) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဒါကတော့ ကလဲ့စားချေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လက်ရောခြေပါ ရိုက်ချိုးခံရပြီး သေသွားခဲ့တဲ့ အရူးမဟာ ယွဲ့ယာမြို့ဟောင်းကို ပြန်လာပြီး သူ့ကို သတ်ခဲ့တဲ့လူတွေကို ကလဲ့စားလိုက်ချေနေပါသတဲ့။ ယွဲ့ယာမြို့ဟာလည်း သွေးမုန်တိုင်းတစ်ခုထဲ ဝင်ရောက်နေသလို ဖြစ်ရပြီး လူတိုင်းက စိုးရိမ်နေကြပါတယ်။တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ ယွဲ့ယာမြို့ကို ရောက်လာပါတယ်။ သူမက လူလား သရဲလား၊ လူသတ်မှုတွေဟာ သူမနဲ့ ပတ်သက်နေလားဆိုတာကို စာပို့သမားလေး မာတာ့လုက လိုက်လံ စုံစမ်းနေပါတယ်။တာ့လုရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ချန်ခိုင်းဟာ မြို့ထဲက လူချမ်းသာ သူတော်ကောင်းမော့အိမ်က အစေခံမလေး ယန်ယန်နဲ့ မေတ္တာသက်ဝင်နေကြပါတယ်။ သူတို့ဟာ တစ်နေ့မှာ မျှော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ နေကြာပန်းခင်းကြိး စိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လဲ ချန်ခိုင်းမှာလည်း လျှို့ဝှက်ချက်များရှိနေပါတယ်။မာတာ့လုတစ်ယောက် လူသတ်သမားအစစ်ကို ရှာဖွေနိုင်ပါ့မလား...... လွန်ခဲ့တဲ့ နှစ် ...
movie

Dragon Gate Posthouse 1: Sunflower (2018)

The Painted Wall of Liaozhai ( 2023 ) 5.9
The Painted Wall of Liaozhai ( 2023 ) လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ......သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား...... နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ...... လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Romance Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Painted Wall of Liaozhai ( 2023 )

The Prodigal Son ( 2022 ) 6.1
The Prodigal Son ( 2022 ) CM ရဲ့ချစ်ပရိသတ်ကြီးကို ထူးခြားတဲ့စွမ်းရည်တွေနဲ့ Fantasyကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့...... ထူးခြားတဲ့အစွမ်းတွေပိုင်ဆိုင်တဲ့ လူငယ်လေးကျိုးချူက ဆိုးသွမ်းပြီး ဆန့်ကျင်လိုစိတ်တွေများပါတယ်။ အမြဲဒုက္ခတွေရှာလို့ ဝူကျွင့်မြို့သားတွေကသူ့ကို ဒုက္ခအိုးလို့သဘောထားကြတယ်။တစ်ညမှာတော့မြို့ပြင်ကကလေးငယ်လေးကို ကယ်ဖို့အတွက် ကျားဘုရင်ရဲ့သားကိုသတ်ခဲ့တယ်။ ဒီလိုနဲ့ ကျားဘုရင်က ဝူကျွင့်မြို့ကိုဒုက္ခပေးလာတော့ ကျားဘုရင်နဲ့တိုက်ခိုက်တဲ့အချိန်မှာ ကျိုးချူကဒဏ်ရာအပြင်းအထန်ရသွားပြီး အစွမ်းတွေပျောက်သွားခဲ့တယ်။သာမန်လူလို့ဖြစ်သွားတဲ့အချိန်မှာ ကျိုးချူက ပြည်သူတွေရဲ့မေတ္တာနဲ့ စောင့်ရှောက်မှုကိုခံယူပြီး သူအရင်တုန်းလုပ်ခဲ့တာတွေကမှားမှန်းသိသွားခဲ့တယ်။ သူရဲကောင်းတစ်ယောက်ရဲ့တာဝန်ကိုနားလည်သွားပြီး ကျားဘုရင်နဲ့နောက်ဆုံးအကြိမ်တိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ အထူးeffectတွေနဲ့ သိုင်းချတဲ့အခန်းတွေ တစ်ဝကြီးကြည့်ရင် ဘာတွေဆက်ဖြစ်မလဲ ဆက်ကြည့်လိုက်ပါနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy,Action Runtime : 1h 22 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Prodigal Son ( 2022 )

The Mermaid Force ( 2019 ) 5.1
The Mermaid Force ( 2019 ) Zawgyi*******2019 ထွက် ဒီ အက်ရှင်ဇာတ်ကားသစ်လေးဟာဆိုရင်ဖြင့် Operation Mekong ရဲ့Remake Female Version ပဲဖြစ်ပါတယ်မူးယစ်ရာဇာတွေကိုဖြိုခွဲဖို့ ရေသူမတပ်ဖွဲ့ကိုဖွဲ့ပြီးစစ်ဆင်ရေးအမြောက်အမြားကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်...ဒီလိုနဲ့မူးယစ်ရာဇာကြီးဝူးလားကိုဖမ်းနိုင်ဖို့အဆင့်ဆင့်ဘယ်လိုကြိုးစားကြမလဲ...ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရလဲ....ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ကြုံတွေ့ရမှာလဲ...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုကမှာပါ...ရေသူမတပ်ဖွဲ့ဝင်လေးတွေက အလန်းလေးတွေမလို့ အကြိုက်တွေ့စေမှာအမှန်ပါပဲ Unicode*******2019 ထှကျ ဒီ အက်ရှင်ဇာတ်ကားသစ်လေးဟာဆိုရင်ဖြင့် Operation Mekong ရဲ့Remake Female Version ပဲဖြစ်ပါတယ်မူးယစ်ရာဇာတွေကိုဖြိုခွဲဖို့ ရေသူမတပ်ဖွဲ့ကိုဖွဲ့ပြီးစစ်ဆင်ရေးအမြောက်အမြားကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်...ဒီလိုနဲ့မူးယစ်ရာဇာကြီးဝူးလားကိုဖမ်းနိုင်ဖို့အဆင့်ဆင့်ဘယ်လိုကြိုးစားကြမလဲ...ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရလဲ....ဘယ်လိုအန္တရာယ်မျိူးတွေနဲ့ကြုံတွေ့ရမှာလဲ...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုကမှာပါ...ရေသူမတပ်ဖွဲ့ဝင်လေးတွေက အလန်းလေးတွေမလို့ အကြိုက်တွေ့စေမှာအမှန်ပါပဲ Translated & Review By Phyo ZawEncoded By LK 
movie

The Mermaid Force ( 2019 )

2019