Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Xu Juncong
5.7
Yolo ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 2h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Yolo ( 2024 )
One Hundred Million Plan ( 2024 )
အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌဖြစ်တာ မကြာသေး ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ ……ချီဖေး ကုမ္ပဏီလည်ပတ်နိုင်ဖို့ကြံရာမရဖြစ်နေတဲ့အချိန်မှာ ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးတစ်ခုကိုရှာတွေ့သွားခဲ့တယ်။အဲဒီလိုနဲ့ကျွန်းနိုင်ငံလေးတစ်ခုကိုရောက်လာခဲ့တယ်။ တကယ်တော့ ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးဆိုတာ ခရီးသွားတွေကိုလိမ်စားနေတဲ့ လူလိမ်၂ယောက်ရဲ့ ပိုက်ဆံလိမ်ချင်တဲ့အကြံမှန်း သူမသိခဲ့ဘူး။လူလိမ်တွေဖန်တီးထားတဲ့ သူဌေးရစ်ချက်ဟာ မှောင်ခိုအရောင်းအဝယ်တွေကို နောက်ကွယ်ကနေချုပ်ကိုင်နေတဲ့ ရစ်ချက်နဲ့နာမည်သွားတူနေတော့ သူတို့(၃)ယောက်ဟာ မှောင်ခိုစိန်ရောင်းဝယ်မှုထဲပါသွားခဲ့တဲ့အခါ အလွဲအလွဲအချော်ချော်တွေကြားမှာ ဆက်လွဲရင်း အခက်အခဲတွေဖြေရှင်းသွားတဲ့ပုံကို ရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
One Hundred Million Plan ( 2024 )
5.8
I’m Professional ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောစဖွယ်ဖြစ်စေမယ့် I'm professional ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့ အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီး ထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။ အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးက ရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့ အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
I’m Professional ( 2024 )
5.7
Easy Money ( 2023 )
ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ...... လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Easy Money ( 2023 )
5.8
The Morning After ( 2018 )
ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှ လင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေး တုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။ သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲ အချစ်ရေးတော့ကံမကောင်းကြပါဘူးတစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှ ာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကို သူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကို ခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီး ဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie
The Morning After ( 2018 )
5.9
Big Joy Event ( 2023 )
အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 27 min Subtitle : Myanmar ...
movie
Big Joy Event ( 2023 )
6.1
Our New Life ( 2021 )
လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Our New Life ( 2021 )
5.9
Chasing Love Game ( 2022 )
❏ ပေါ့ပေါ့ပါးပါးနေတတ်ပြီး အရာရာကို ဖြစ်သလို လုပ်တတ်သည်ဟု ထင်ရတဲ့ ယွင်နန်မှ ခရီးသွားလမ်းညွှန်တစ်ယောက်ဖြစ်သူ - တစုန်းတစ်နေ့မှာတော့ သူဟာ ချောမောလှပပြီး ဇီဇာကြောင်လွန်းလှတဲ့ ပန်းချီဆရာမလေး ထုန်ထုန်ကို ခရီးလမ်းညွှန်ပြသပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ် ပန်းချီဆရာမလေးထုန်ထုန်ဟာ သူမရဲ့ချစ်ရသူ ပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်ထဲက အချက်အလက်တွေအရ ယွင်နန်က ရှီရွှမ်ပန်န ကို လာရောက်ခဲ့တာပါ၎င်းဒိုင်ယာရီထဲမှာ သူမရဲ့ ချစ်သူက တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခြင်းမရှိပဲနဲ့ ရှီရွှမ်ပန်နမှာ "ချစ်ခြင်းကိုလိုက်လံရှာဖွေခြင်းဂိမ်း" ကစားကြမယ်လို့ရေးသားထားပါတယ် တကယ်လို့ ထုန်ထုန်ဟာ ဒိုင်ယာရီစာအုပ်ထဲကအတိုင်း တာဝန်တွေကို မသွေမတိမ်းလိုက်လုပ်ပြီးတော့ ဒီဂိမ်းကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အောင်မြင်ခဲ့ရင် နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာလေးက အောင်မြင်သွားမှာပါ အစပိုင်းမှာတော့ တစုန်းဟာ ဒီကစားနည်းကို ဟာသတစ်ခုလို့ထင်နေပေမဲ့ နောက်ဆုံးမှာတော့ ထုန်ထုန်ကို ကူညီပေးခဲ့ရင်း-❏ ဒိုင်ယာရီထဲမှာပါတဲ့ သဲလွန်စတွေကို နှစ်ယောက်သား လိုက်လံရှာဖွေကာ ဘာတွေဆက်ဖြစ်ကြမလဲ? ❏ ဒီဂိမ်းအတွင်းမှာ ဘယ်လိုအခက်အခဲတွေကိုရော ကြုံတွေ့ကြရမလဲ? ❏ ဘယ်လိုထူးဆန်း ဆန်းကြယ်မှုတွေကိုရော ကြုံတွေ့ကြရမလဲ? ❏ ဒီဂိမ်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲဆိုတာ ? အဖြေရှာကြရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဟာသနှောပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ CM က ပရိသတ်တွေလဲ အမောပြေစေမှာ ...
movie
Chasing Love Game ( 2022 )
6.2
Once Upon a Time in the Northeast ( 2022 )
❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေးကိုရေသားဖော်ပြထားတဲ့ Kong Ergou ရဲ့ "The Past in Northeast China" ဝတ္ထုကို အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင်၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်..., ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ် ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက် ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ....?❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ?❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့ နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက် အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား...? ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/ မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် [Reviewed By Chit Mya ...
movie
Once Upon a Time in the Northeast ( 2022 )
6.7
Nice View (2022)
"ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်ဟောင်ဆိုတဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်းကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်ဟောင်ကို အဖေဖြစ်သူပါ ပစ်ထားခဲ့တာကြောင့် ကျောင်းထွက်ကာ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမနဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။ရောဂါသည် ညီမလေးက မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်မှုကို မဖြစ်မနေလုပ်ရမယ့်အချိန် ငွေအင်မတန်လိုလာတဲ့ ဂျင်ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ရင်း လိုအပ်နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျတွေက ဘယ်လိုပုံစံမျိုးပေါ်လာကြမလဲ၊ ဒါတွေကို မောင်နှမ၂ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအတော်ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆိုတော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်ငွေအကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်နေပါတယ်။ ဒီ statsတွေက အလကားရခဲ့တာမဟုတ်ကြောင်း ဒီDramaဇာတ်ကားက သေချာလေးပုံဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတလေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုးလေးနဲ့ လှပနေတတ်တာ မဟုတ်ပါလား။ ...
movie
Nice View (2022)
7.0
Hi,Mon (2021)
IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့သို့ပေမယ့် ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်.ဘာလို့လဲဆိုတော့ ဒီကားလေးကဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ...ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားသားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်းမတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန်ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်...ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ်အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး....အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင်အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်...အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီးသူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ Quality : WEB-DL 1080p Format : mp4 Duration : 2h 8min Genres : Comedy , Drama , Fantasy Subtitle : Myanmar Subtitle ( Hardsub ...
movie
Hi,Mon (2021)