Channel Myanmar

Xiao Yang

Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018
Detective Chinatown (2015) 6.6
Detective Chinatown (2015) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie

Detective Chinatown (2015)

2015
Walk The Line ( 2024 ) 6
Walk The Line ( 2024 ) CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..."မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ" "ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ" ဟုတ်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ...အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ... တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်...သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်... အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်...နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့... ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်... ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်... နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်...ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ ...
movie

Walk The Line ( 2024 )

Never Say Never ( 2023 ) 6
Never Say Never ( 2023 ) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Never Say Never ( 2023 )

Fireflies in the Sun ( 2023 ) 6.3
Fireflies in the Sun ( 2023 ) ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : ...
movie

Fireflies in the Sun ( 2023 )

Dreams of Getting Rich ( 2021 ) 5.9
Dreams of Getting Rich ( 2021 ) “အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie

Dreams of Getting Rich ( 2021 )

My Sister ( 2021 ) 6.7
My Sister ( 2021 ) ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့...သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်...ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်...သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး...ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်...အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့... အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်... ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား...ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~  Quality : Bluray 1080p , 480p Format : mp4 Genres : Drama Runtime : 2h 7min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu ...
movie

My Sister ( 2021 )

Some Like It Hot (2016) 6.8
Some Like It Hot (2016)   ဘဝမှာ သိပ်ချစ်ရတဲ့သူငယ်ချင်းတွေရှိရင် သိပ်လှတယ်... အမူအကျင့် တစ်ခုစီနဲ့ ခွီရတဲ့ သက်လတ်ပိုင်း သူငယ်ချင်း ၅ ယောက်အဖွဲ့... ၁။ တစ်ယောက်က မြင်မြင်ချင်းအချစ်ကိုပဲ ယုံကြည်လို့ တစ်ဘဝလုံး FA လုပ်လာတာ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းမှာ သိပ်ကြွေသွားပြီး Heart Attack နဲ့သေရော.. ၂။ နောက်တစ်ယောက်က တခြားကောင်မလေးတွေနဲ့ အသားကုန်ပွေးပေမယ့် အချိန်တန် အိမ်ပြန်ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆွဲထားတဲ့ သူ့ကောင်မလေးကို အသေချစ်သူ... ၃။ နောက်တစ်ယောက်က အဖွဲ့တစ်ဖွဲ့လုံးရဲ့ ခိုင်းဖတ် မစိုမခြောက်... ၄။ နောက်တစ်ယောက်က အူတူတူနဲ့ လုပ်ချင်ရာလုပ်တတ်ပြီး ဘယ်သူမှမကြိုက်တော့တဲ့ အပျိုကြီးကိုမှ အသည်းစွဲသွားသူ... ၅။ ဇာတ်လိုက်ကျော်ကြီးကတော့ ကိုရီးယားမော်ဒယ်လေးကို မြင်မြင်ချင်း ပလူးချင်လွန်းလို့ အိမ်ကမိန်းမကို ခွကျော်ရမယ့်သူ...ဇာတ်အိမ်ဇာတ်လမ်းလေး ကောင်းမွန်သလို တင်ဆက်ပုံ သွက်သွက်လက်လက်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်ကားပါ။ကျွန်တော်တော့ အတော်အကြိုက်တွေ့မိပါတယ်။ အနားယူချိန်မှာ မိသားစုနဲ့အတူတူကြည့်ပြီး ခွီနေရမယ့် ဇာတ်ကားမျိုးပါ။ (အိမ်ကမိန်းမကို မပိုင်သူတွေကတော့ မိန်းမနဲ့ အတူတူ မကြည့်နဲ့ပေါ့..ဆွဲစိတ်ခံနေရမယ်။)IMDb Rating (6.8) ထိ ရရှိထားပါတယ်။File size…(1.1 GB) and ...
movie

Some Like It Hot (2016)

2016