Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Witawat Singlampong
6.7
4bia (Phobia) 2008
VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်းပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်းအဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့အထီးကျန်ကမ္ဘာ Lonelinessသာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါအဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်းပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charmသိပ်ချစ်ကြတဲ့ ရွှတ်နောက်နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middleနောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီးHorror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်းနားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size… 2.3 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. ...
movie
4bia (Phobia) 2008
2008
7.9
The Teacher’s Diary (2014)
Teacher's Diary(2014)အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း ...
movie
The Teacher’s Diary (2014)
2014