Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William Mapother
5.7
Ask the Dust (2006)
ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ...
movie
Ask the Dust (2006)
6.5
Swordfish (2001)
Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် " ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
6.9
Another Earth (2011)
Another Earth (2011)~ IMDb - 6.9/10, Rotten Tomatoes - 65% ~အနန္တစကြဝဠာကြီးထဲမှာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ ပုံစံတူတဲ့ Parallel Universe တစ်ခုရှိနေမယ်လို့ တွေးဖူးလား။ တကယ်လို့များ အဲဒီအပြိုင်ကမ္ဘာတစ်ခုက ကျွန်တော်တို့မျက်စိရှေ့မှာ တကယ်ပေါ်လာခဲ့ရင်ရော ဘာတွေဆက်ဖြစ်ကြမယ်ထင်လဲ...ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်တို့ကမ္ဘာနဲ့ ပုံစံတူတဲ့ Earth တစ်ခုကို တွေ့မိပြီးတော့ အကြီးအကဲတွေဟာ အဲဒီ Earth နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာ အံ့ဩဖို့ကောင်းအောင်ပဲ ကမ္ဘာနှစ်ခုက ဆက်သွယ်နေတဲ့လူချင်းက အစစအရာရာ တူနေတာကို သိလိုက်ရပါတယ်။Earth II ကို စတွေ့ရတဲ့နေ့မှာ Rhoda ဆိုတဲ့ သိပ္ပံထူးချွန်ကျောင်းသူလေးဟာ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ တဖက်ကားထဲက မိခင်နဲ့ ကလေးဖြစ်သူကို သေစေမိခဲ့တယ်။ ဒီကားတိုက်မှုကြောင့် ထောင်၄နှစ်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ တဖက်က နစ်နာသူ လင်ယောက်ျား John ကို တောင်းပန်ဖို့ ...
movie
Another Earth (2011)
2011
6.1
Mission: Impossible II (2000)
Mission: Impossible II (2000) ======================= IMDb Rating 6.1/10မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့....ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated ...
movie
Mission: Impossible II (2000)
2000
4K HEVC
5.9
The Grudge (2004)
The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie
The Grudge (2004)
2004
5.0
Tell Me How I Die (2016)
ဆေးဝါးအသစ်ထွင်ရင် ကြွက်ဖြူလေးတွေနဲ့စမ်းသပ်တယ် နောက်ယုန်တွေ နောက်မှ လူတွေပေါ့ ဒီဇာတ်ကားမှာလဲ ဆေးဝါးတစ်ခုဖော်စပ်တာကနေစပါတယ် သူတို့ဖော်စပ်တဲ့ဆေးက လူသားတွေပျော်ရွှင်စရာမှတ်ဥာဏ်တွေကိုပြန် သတိရချင်တိုင်း သတိရစေမယ့်ဆေးပါ သူတို့အယူအဆက လူတွေက ပျော်စရာမှတ်ဥာဏ်တွေပြန်တွေးတဲ့အခါ စိတ်က နုသွားတတ်တယ် စိတ်ပျိုတော့ ကိုယ်နုဆိုသလိုသက်တမ်းကို ပိုရှည်စေပါတယ်တဲ့ သို့သော်လဲ ဒီဆေးကိုစမ်းသပ်ဆဲကာလာဖြစ်နေပြီ အပေါ်ကပြောခဲ့သလို လူတွေနဲ့စမ်းသပ်တာမှာ အနည်းငယ်ကြန့်ကြာမှုလေးတွေဖြစ်ပေါ်နေပါတယ် ဒါပေမယ့်လဲ ဒေါက်တာ ဂျယ်ရန်တို့အဖွဲ့ ဆက်လက်လုပ်ဆောင်နေပါတယ် စမ်းသပ်ခံမယ့်သူတွေကို ကြေးကြီးပေးပြီး စမ်းသပ်ခံဖို့ဆွဲဆောင်နေပါတယ် အန်နာကကျောင်းတက်ဖို့ပိုက်ဆံရှာနေသူဖြစ်ပြီး သူမအနေနဲ့ အရင်အလုပ်ရှင်ကိုလဲပြန်မတောင်းပန်ချင်တဲ့အခါ သူ့သူငယ်ချင်းပြတဲ့ အဆိုပါ စမ်းသပ်ခံ လုပ်အားပေးကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် သူ့လိုပဲ ကျောင်းသားတွေ လူရွယ်တွေလာရောက်အစမ်းသပ်ခံတာကိုတွေ့ခဲ့ပါတယ် စမ်းသပ်ခံပြီးနောက်မှာတော့ သူတို့ကိုထိုးပေးခဲ့တဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှီလာပါတယ် အချိန်ရဲ့ ကမောက်ကမဖြစ်စဉ်တွေကိုခံစားရပြီး အတိတ် လက်ရှိနဲ့ အနာဂတ်တွေကို ရောထွေးလာတာကိုခံစားရပါတယ် အန်နာဆို သေမယ့်လူတွေကိုကြိုမြင်လာတာပါ ဒီတော့ ဘယ်သူတွေက ဘယ်လိုသေမယ်ဆိုတာသိနေတဲ့ အန်နာတစ်ယောက် စမ်းသပ်တဲ့ နေရာကနေလွတ်ဖို့ကြိုးစားပါတော့တယ် အဲ့အချိန်မှာပဲ သူမြင်တဲ့သေတဲ့ အမြင်တွေဟာ တစ်စုံတစ်ယောက်ကလိုက်သတ်နေတာကိုသိလာတဲ့အချိန်မှာတော့... စိတ်ဝင်စားစရာအပြည့်နဲ့ Tell Me How I Dieက ကြည့်ရကျိုးနပ်စေမှာပါ
movie
Tell Me How I Die (2016)
2016