Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William Feng
6
The Monkey King 3 (2018)
The Monkey King 3 (2018)_____IMDb - 6/10 ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ...
movie
The Monkey King 3 (2018)
2018
5.9
The Monkey King 2 (2016)
Monkey King 2 (2016)IMDb - 5.9/10_____Rotten - 100% IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ...
movie
The Monkey King 2 (2016)
2016
6
I Love You to the Moon and Back ( 2024 )
I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။ Filesize : 1.03 GB / 587 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie
I Love You to the Moon and Back ( 2024 )
6
The Victims ( 2024 )
ဒီတစ်ခါမှာတော့ မှုခင်းဇာတ်ကားကောင်းကောင်းကြည့်ချင်နေကြတဲ့ ပရိတ်သတ်ကြီးအတွက် The Victim ဆိုတဲ့ မှုခင်းဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ - ဟွမ်ချွဲ့ဗီလာစားသောက်ဆိုင်မှာ အားလုံးဘောလုံးပွဲကြည့်နေကြတုန်းမှာ ဆိုင်ရှေ့မှာရပ်ထားတဲ့ကားက alarm မြည်တာမလို့ မန်နေဂျာမာဆိုတဲ့သူကသွားကြည့်ခဲ့ပါတယ် ။ အဲဒီအချက်ပေးသံထမြည်တဲ့ကားထဲမှာ အမျိုးသမီးတစ်ယောက် သေနေရာကနေ ဒီဇာတ်လမ်းလေးစခဲ့ပါတယ် ။မန်နေဂျာမာရဲတိုင်ပြီးပြီးချင်းမှာ ရဲတွေရောက်လာပြီး စစ်ဆေးကြရာမှာ သေဆုံးသူက ကာရာအိုကေဆိုင်က ကွမ်းရှို့ယင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီး သေဆုံးပုံကလည်း လည်ပင်းအညှစ်ခံထားရတဲ့အပြင် ဓားနဲ့ပါအထိုးခံထားရပါတယ် ။အဲဒီထူးဆန်းတဲ့လူသတ်မှုကို ရဲတွေစုံစမ်းဖို့လုပ်ပေမဲ့ ဟွမ်ချွဲ့ဗီလာက CCTV မရှိတဲ့အပြင် လူသွားလူလာပြတ်တဲ့နေရာဖြစ်နေချိန်မှာတော့...ကွမ်းရှို့ယွမ်ကိုသတ်တဲ့သူကဘယ်သူဖြစ်မလဲ ? ရဲတွေသံသယရှိနေတဲ့သူနဲ့ တကယ့်တရားခံအစစ်ကရောတူညီနိုင်ပါ့မလား ? ဆိုတာကို ဇာတ်လမ်းထဲမှာ အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်စွားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie
The Victims ( 2024 )
7.3
Pegasus 2 ( 2024 )
Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ်ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Adventure Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Pegasus 2 ( 2024 )
5.9
Dragon Gate Posthouse: Howling Moon ( 2018 )
Dragon Gate Posthouseရဲ့စတုတ္ထကားလေးပါ ဇာတ်ကားအားလုံးကိုတော့အောက်ကလင့်လေးမှာ တစုတစည်းထဲရှာလို့ရပါတယ်ဒီမှာရှာပါ ဒီကားလေးမှာတော့ မာတာဖုန်းက လုံမိန်ရပ်နားစခန်းရဲ့ ကံခေတဲ့ချစ်သူနှစ်ယောက်ရဲ့အကြောင်းကိုပြောပြနေတာပဲဖြစ်ပါတယ်။ကျန်းယွင်ယန်းဟာ အရာရှိသမီးဖြစ်ပြီး စိတ်ထားမြင့်မြတ်တဲ့မမလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ပွင့်လင်းတဲ့စရိုက်ကြောင့် လုံမိန်ပိုင်ရှင် စစ်ညန်နဲ့အဖွဲ့ကျပြီး ညီအစ်မတွေဖြစ်သွားခဲ့တယ်။ တစ်နေ့မှာတော့ စစ်ညန်ဆီကိုအရေးပေါ် စာတစ်စောင်ရောက်လာလို့ စစ်ညန်ကယွင်ယန်းကိုသွားရှာတဲ့အချိန်မှာ ယွင်ယန်းဟာအနာကြီးရောဂါနဲ့ အသက်ငွေ့ငွေ့သာကျန်ပါတော့တယ်။ဘယ်လိုကြောင့်များ ယွင်ယန်းဟာဒီရောဂါကြီးစွဲကပ်သွားရတာလဲ...... စစ်ညန်နဲ့ မာတာ့ဖုန်းတို့ဟာ ယွင်ယန်းကိုကုသပေးဖို့ ကြိုးစားရင် ရောဂါရဲ့အရင်းအမြစ်ကိုရှာတော့ ဝမ်းနည်းစရာဖြစ်ရပ်ကိုသိလိုက်ပါတယ်...... အဆုံးသတ်ကတော့ အချစ်ဆိုတာအပေးအယူမှမဟုတ်ပဲ...... ကိုယ်ပေးဆပ်သလောက်ပြန်ရဖို့မမျှော်လင့်ကြပါနဲ့တဲ့...... တော်ရုံသာချစ်ကြပါမိတ်ဆွေတို့ရေ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Dragon Gate Posthouse: Howling Moon ( 2018 )
6.2
The Procurator ( 2023 )
Dramaဇာတ်လမ်းတွဲတွေထဲက မင်းသားချော Johnny Huang ရဲ့ လျို့ဝှက်ဆန်းကြယ် ရှေ့နေကားလေးကိုတင်ဆက်လေးလိုက်ပါတယ်......ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ရှဝေဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ လူသတ်မှုနဲ့တရားစွဲခံရပါတယ်။ အစိုးရရှေ့နေလီရွေ့(Johnny Huang)ဟာလူသတ်မှုကိုလိုက်ရင်း အမှုဟောင်းတွေကိုပါဆွဲထုတ်မိပါတယ် လူသတ်မှု၊ မုဒိန်းမှု၊ အစိုးရဝန်ထမ်းနဲ့စီးပွားရေးသမားတွေပူးပေါင်းပြီးလာဘ်စားတဲ့အမှုတွေပါ ပါဝင်လာတဲ့အခါ အားလုံးဟာဒီလူသတ်မှုဝဲဂယက်ထဲကိုဆွဲထည့်တာခံရပါတော့တယ်......လီရွေ့နဲ့ သူ့ရဲအရင်ရည်းစားဖြစ်တဲ့ ရှဝေရဲ့ရှေ့နေထုံယွီချန်တို့ဟာ တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ကြရပါတယ်...... ရှဝေဟာဘာကြောင့်နှုတ်ဆိတ်နေတာလဲ...... သူ့ရဲ့ခင်ပွန်းသည်ကရောဘာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသလဲ...... ဒီအမှုတွဲရဲ့နောက်ကွယ်မှာ ဘယ်လိုမှန်းဆမရတဲ့အန္တရာယ်တွေက သူတို့စောင့်နေမလဲဆိုတာကိုCMပရိသတ်ကြီးကခံစားကြည့်ရှုလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Moon Encoded by LK
movie
The Procurator ( 2023 )
6.4
Detective Dee: The Four Heavenly Kings (2018)
Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie
Detective Dee: The Four Heavenly Kings (2018)
2018
1080p HEVC
6.4
Ordinary Hero ( 2022 )
CM က ပရိတ်သတ်ကြီးကို ဒီနေ့မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်၂၀၂၁ ခုနှစ် ၄ လပိုင်း ၃၀ ရက်နေ့မှာ ကျေးရွာလေးတစ်ရွာက အသက် ( ၇ ) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လယ်ထွန်စက်နဲ့ လက်မောင်း ညှပ်ပြီးတော့ လက်မောင်းပြတ်ထွက်သွားခဲ့ပါတော့တယ် ကျေးရွာလေးဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ဆေးပညာတွေဆိုတာ မဖွံ့ဖြိုးသေးပါဘူး ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ဝူလူမုချီ (Ürümqi) မြို့ကို ခွဲစိတ်ကုသခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ခွဲစိတ်မှုလုပ်ရင်လည်း ဒဏ်ရာရတဲ့အချိန်ကနေပြီး စပြီး ခွဲစိတ်မှုလုပ်ချိန်အထိ (၈) နာရီအတွင်းမှာ ပြီးမြောက်ရမယ်ဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် ဆဲလ်တွေသေဆုံးသွားပြီးတော့ ဒဏ်ရာက ကုသလို့မရတော့ဘူးလို့ ဒေသခံဆရာဝန်က ပြောလာခဲ့တဲ့အခါမှာတော့ -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးက ဖြစ်တာမို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ကြရမှာလဲ? ❐ ကလေးလေးကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုရမဲ့အပြင် - ❐ (၇) နှစ်အရွယ်ကလေး မိသားစုဝင်တွေရဲ့ ပူပန်မှုတွေ, ❐ ဒုက္ခရောက်နေသူကို အချင်းချင်းရိုင်းပင်းကူညီမှုတွေ, ❐ သူ့တာဝန်နဲ့သူ အသီးသီးကျေပွန်အောင်လုပ်ဆောင်ကြပုံတွေကို အသေးစိတ်ကျကျရိုက်ပြထားထားတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဒါ့အပြင် “Li Bing Bing,Ma ...
movie
Ordinary Hero ( 2022 )
6.7
Song of the Assassins ( 2022 )
ဒီတစ်ခါ Channel Myanmar ကတင်ဆက်ပေးမဲ့Song Of The Assassins ဇာတ်ကားလေးက Prince of Lan Lingမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ပြန်လည်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ပရမ်းပတာဖြစ်နေတဲ့ခေတ်ကာလကြီးမှာ လှည့်ကွက်တွေများစွာနဲ့ အကွက်ချခံနေရတဲ့ မင်းသား ချင်းမန့်ရှိုးလော် ချီကျွင်းယွမ်ရဲ့ ဇာတ်ကြောင်းကိုအဓိကပြသထားတာဖြစ်ပါတယ်ချီကျွင်းယွမ်က မုန်းတီးမှုများစွာနဲ့ လီဟန့်ဂူဆိုတဲ့နေရာမှာ ထိပ်တန်းလူသတ်သမားအဖြစ်ရပ်တည်နေတဲ့ ဆရာကြီးတစ်ယောက်ပါ ငယ်စဉ်အခါက ကြေးပြားမြေပုံ (ရှေးဟောင်းမြေပုံ) ဆိုတဲ့ မြေပုံတစ်ခုကြောင့် ချီမျိုးနွယ်စုအားလုံး မင်းသားရဲ့ မိသားစုတွေက အသတ်ခံလိုက်ရတာပါအဲ့မြေပုံရဲ့နောက်ကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာကိုတော့ Song Of The Assassins ရဲ့အကွက်ပေါင်းများစွာနဲ့ အံ့ဩပြီး ဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 58min Subtitle : Myanmar Subtitle ( Hardsub ) Translated by Xing Er Encoded by LK
movie
Song of the Assassins ( 2022 )
6.2
Painted Skin II: The Resurrection (2012)
Painted Skin: The Resurrection (2012) IMDb - 6.2/10_____Rotten - 83% Painted Skin (2008) ရဲ့အဆက်အနေနဲ့ထွက်ရှိထားခဲ့တာဖြစ်ပြီး မင်းသားမင်းသမီးတွေလဲ အရင်လူတွေပါပဲ..အချစ်က မှော်ဆန်တယ်ဆိုတာ ဒီဇာတ်ကားကိုကြည့်ပြီး နားလည်သွားနိုင်ပါတယ်။မှင်စာမိစ္ဆာလောကနဲ့လူသားတို့ကြားက မေတ္တာတရားတွေအကြောင်းပေါ့....တရုတ် Fantasy ဇာတ်ကားတွေကို ကြိုက်တတ်ရင် သိုင်းဝတ္ထုတွေ ကြိုက်တတ်ရင်ဒီဇာတ်ကားကိုလဲကြိုက်သွားနိုင်ပါတယ်။ ရိုက်ချက်တွေလဲမိုက်သလို ဒီဇိုင်းတွေလဲအလန်းစားပါ။File size…(2.5 GB)/(1.2 MB) Quality….BluRay HEVC 1080p / 720p Format…mkv Duration….02:11:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Painted Skin II: The Resurrection (2012)
2012
HEVC 1080p 5.1
6.7
Wolf Totem (2015)
[Unicode]2015 တုန်းက ထွက်ရှိထားတဲ့ Wolf Totem ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ ၁၉၆၀ ဝန်းကျင်က လွင်ပြင်ဒေသတွေမှာ နေထိုင်တဲ့ မွန်ဂိုလူမျိုးစုတွေရဲ့ နေထိုင်မှု ပုံစံတွေ ရိုးရာယဉ္ကေျးမှုတွေ ကိုးကွယ်မှုတွေကို မြင်တွေနိုင်မှာဖြစ်ပါတယ် ၊ ဒါ့အပြင် ဇာတ်လမ်းမှာ နောက်ထပ်ပြသထားတာက မွန်ဂိုလွင်ပြင်မှာ နေထိုင်ကြတဲ့ ဝံပုလွေတွေ အကြောင်းပဲ ဖြစ်ပါတယ်... ဒီဇာတ်လမ်းမှာ မင်းသားကြီး Feng Shao Feng က ချန်ကျန့်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး လူသားနဲ့ ဝံပုလွေရဲ့ကြားက သံယောဇဉ် မေတ္တာကို ပေါ်လွင်အောင် ဖော်ကျူးထားပါတယ် ။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်... ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်... ဝံပုလွေသားပေါက်လေးတွေကို ...
movie
Wolf Totem (2015)
2015
5.5
Hanson and the Beast (2017)
ဂူဂူးမင်းသမီးလေး Liu Yifei နဲ့ မင်းသား William Feng တို့အဓိကပါဝင်ထားတဲ့ Hanson and the Beast ဇာတ်ကားဟာ 2017..December မှာထွက်ရှိထားတဲ့ Comedy.. Fantasy .. Romance ကားလေးဖြစ်ပါတယ်။ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ....တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်... ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်... အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဥာဏ်ဖျက်လိုက်ပါတယ်။ပိုင်ချန်းချူဟာ ယွမ်ရွှိက်ကို တကယ်ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိစ္ဆာစီမံခန့်ခွဲရေးဌာနခေါင်းဆောင် ယွင်ကျုန်းဟယ်က မိစ္ဆာနဲ့ လူ ချစ်ကြိုက်ခြင်းကိုတားမြစ်ထားတဲ့သူ ဖြစ်နေတဲ့အခါမှာတော့.....။ (ဘာသာပြန်သူကတော့ မယမင်းသော်တာမောင်ပါ) File Size : (950 MB) ...
movie
2017
6.3
White Vengeance (2011)
IMDb Rating (6.3) ရရှိထားတဲ့ Action,Drama,History အမျိုးအစား တရုတ်ဇာတ်ကားဖြစ်ပါတယ်။ အချစ်တော်လေး ဂူဂူး (မင်းသမီး Liu Yifei) ပါဝင်ထားပြီး မင်းသားချော Feng Shaofeng အပြင် Leon Lai, Zhang Hanyu, Anthony Wong, Jordan Chan, Andy On, Xiu Qing and Jia Qing စတဲ့ သရုပ်ဆောင်များစွာလဲ ပါဝင်ထားပါတယ်။ ချင်မင်းဆက်အဆုံး ဟန်မင်းဆက်အစ သမိုင်းနောက်ခံကို အခြေပြုပြီး အချစ်နဲ့စစ်ပွဲတွေအကြောင်းကို သိပ်သည်းတဲ့ သရုပ်ဆောင်ချက်...ခမ်းနားတဲ့တင်ဆက်မှုတွေနဲ့ တင်ဆက်ထားမို့ ကြည့်ရှုခံစားဖို့ လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ File Size…(1.1 GB) and (470 MB) Quality…BluRay Rip 720p Format…mp4 Duration…02:15:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie
White Vengeance (2011)
2011