Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wen Sheng
5.8
Shuigui Bride ( 2024 )
Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် The water trick Bride လို့ ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီ သောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှ တစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့ ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့ မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊ စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့ အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူ ရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကို လက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်း စစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်က သတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်း အရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချ မြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲတွေကို မယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့.. တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားက သူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ? လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ? သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့် ဒီလိုတွေသတ်နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama , ...
movie
Shuigui Bride ( 2024 )
5.7
King of Adventure: Golden Jade Plate ( 2024 )
မင်ခေတ်နှောင်းပိုင်းမှာ တော်ဝင်မျိုးနွယ်တွေဟာ သူတို့အာဏာကျဆုံးပြီးလို့ယူဆတဲ့အတွက် ရွှေငွေရတနာတွေကိုစုစည်းပြီးတော့ ဖွက်ထားလိုက်ကြတယ်။ တကယ်လို့မန်ချူးတွေဝင်လာရင်လဲ သူတို့သုံးဖို့ရမယ်။ တကယ်လို့ မင်မင်းဆက်ကြီးပျက်သုန်းသွားတယ်ဆိုရင်လဲ အဲဒီရတနာတွေနဲ့ပြန်လည်ထူထောင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။မန်ချူးခေတ်နှောင်းပိုင်းမှာ အဲဒီရတနာတွေကိုသွားရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျပန်ခေတ်ရောက်လာတဲ့အချိန်မှာ အဲဒီရတနာသိုက်အကြောင်းကို သိသွားတဲ့ဂျပန်တွေက အဲဒီရတနာသိုက်ကိုလုယူနိုင်ဖို့ကြိုးစားလာပါတယ်။ ရတနာသိုက်မြေပုံကို ရွှေချည်ရေးတဲ့ကျောက်စိမ်းပန်းကန်ပြားထဲမှာ ထည့်သွင်းထားတယ်လို့ဒဏ္ဍာရီရှိပေမယ့် ဘယ်ကနေဘယ်လိုအစဖော်မှန်းမသိဖြစ်နေကြတယ်။တရုတ်နိုင်ငံကလဲတော်လှန်ရေးအပြီးကာလပြန်လည်ထူထောင်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ရတနာတွေကို ဂျပန်လက်မရောက်အောင် အရင်ဦးအောင် ရတနာတွေကိုရှာဖွေတဲ့ စွန့်စားခန်းဖွင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂျပန်တွေရဲ့ရန်ကနေဘယ်လိုကာကွယ်ပြီး ပဟေဠိတွေအထပ်ထပ်ကိုဘယ်လိုဖော်ကြမလဲ ..... နှစ်ရာချီကြာခဲ့ပြီဖြစ်တဲ့ ဒဏ္ဍာရီထဲကရတနာသိုက်ကရော တကယ်ရှိပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
King of Adventure: Golden Jade Plate ( 2024 )