Channel Myanmar

Wang Tianchen

Hovering Blade ( 2024 ) 5.8
Hovering Blade ( 2024 ) သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက် အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိ ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက် လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Hovering Blade ( 2024 )