Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Jingchun
5.8
Hovering Blade ( 2024 )
သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက် အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိ ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက် လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Hovering Blade ( 2024 )
5.9
The Witness (2015)
ဒီနေ့အတွက်တော့ တရုတ်အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက မှုခင်းကားလေးဆိုတော့ အက်ရှင်တင်မကပါဘူး သဲထိပ်ရင်ဖိုကြိုက်တဲ့သူတွေပါ ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ် ဗျ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ယံမီဟာလဲ မျက်မမြင်အဖြစ်သရုပ်ဆောင်တာ တော်တော်လေးပိုင်နိုင်တာကိုတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ရဲအရာရှိရှောင်ရှောင်းဟာ သူ့မောင်လေးကို ရှာဖို့အတွက်နိုက်ကလပ်တစ်ခုကိုသွားခဲ့ပြီး သူ့မောင်လေးကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ သူ့မောင်လေးက စိတ်ဆိုးပြီး ကားကို လီဗာကို နင်းရာမှ မတော်တဆ ဖြစ်ပြီး ကားမှောက်သွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အက်စီးဒင့်ကြောင့် မျက်လုံးကွယ်သွားခဲ့ပြီး ဌာနကနေ အနားယူခဲ့ရပါတယ် ဒီလိုနဲ့ ၃နှစ်ကြာပြီးတဲ့ အခါမှာတော့ သူ့ဌာနက စီနီယာက ပြန်လည်ဆက်သွယ်လာခဲ့ပြီး အရင် အမှုဟောင်းရဲ့ ဆက်စပ်ချက်တွေနဲ့ ပြန်လည်ကူညီဖို့ပြောလာခဲ့ပါတယ် ဒီလိုနဲ့ အမှုဟောင်းကြောင့်ပဲ ရှောင်ရှောင်းကို အသက်ရန်ရှာလာတဲ့ အခါမှာတော့ မျက်မမြင်ဖြစ်နေတဲ့ရှောင်ရှောင်းတယောက် ဘယ်လိုတွေများ ဆက်လက်ဖြစ်ပျက်မလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရမှာဖြစ်ပါတယ်ဗျ (ဘာသာပြန်သူကတော့ ကျော်လင်း ဖြစ်ပါတယ်ဗျ )
movie
The Witness (2015)
2015
7.7
So Long, My Son (2019)
အောင်မြင်မှုတွေရထားတဲ့ တရုတ်Dramaကားကောင်းလေးပါ။လီရင်နဲ့ ယိုဂျင်းတို့ ဇနီးမောင်နှံက ဘေဂျင်းမြို့ကစက်ရုံတစ်ခုမှာအလုပ်ကြိုးစားကြသူတွေဖြစ်ပြီးရှင်းရှင်းဆိုတဲ့သားလိမ္မာလေးတစ်ယောက်လည်းရှိပါတယ်။သူတို့လင်မယားနဲ့ ရင်းနှီးချစ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ဟိုင်ရန်နဲ့ရီမင်တို့မှာလည်း ရှင်းရှင်းနဲ့မွေးနေ့တူတဲ့ သားလေးဟိုဟိုရှိပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေလျှော့ချရေးစီမံချက်အရလင်မယားနှစ်ယောက်တွင်ကလေးတစ်ဦးပဲယူရမယ့်ဥပဒေရှိနေပေမယ့်လီရင်ကိုယ်ဝန်ထပ်ရှိလာတဲ့အခါစက်ရုံဒါရိုက်တာဖြစ်တဲ့ဟိုင်ရန်က ကိုယ်ဝန်ဖျက်ချစေခဲ့ပါတယ်။နောက်တော့ ကံဆိုးစွာနဲ့ပဲ ရှင်းရှင်းလေးတစ်ယောက်ရေနစ်တဲ့အခါမှာတော့မိသားစုနှစ်ခုရဲ့ချစ်ခင်နေတဲ့ဆက်ဆံရေးတွေပြောင်းလဲသွားပါတော့တယ်။အဲ့နောက်မှာ လီရင်တို့လင်မယားရဲ့ ဘဝတွေဟာခြောက်ကပ်ပြီးပျော်ရွှင်မှုနတ္ထိဖြစ်သွားပါတယ်။ဇာတ်လမ်းကို 1980လောက်မှ ယခုအချိန်ထိ ရိုက်ပြထားပြီးပူဆွေးမှုသောကတွေ၊ စိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဖော်ပြထားပါတယ်။ကြည့်ရှုခံစားကြပါအုံး။ File Size : ( 2 GB , 380 MB) Quality : BluRay 720p Running Time : 3 hr 05 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard ...
movie
So Long, My Son (2019)
5.3
The Climbers ( 2019 )
Zawgyi*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ကြိမ်ရဲ့ကျရှုံးမှုကြောင့် ခန္တာကိုယ်မှာ ခွန်အား အများအပြား ဆုံးရှုံးထားပြီးဖြစ်တယ်။နောက်ဆုံးမှာ လေပြင်းတိုက်တာ လျော့နည်းလာပြီးတော့ အခွင့်အရေးပေါ်သောအခါ...Climber (2019) က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီးဆုရဒါရိုက်တာကြီး Daniel Lee မှရိုက်ကူပြီးတော့ နာမည်ကြီးသရုပ်ဆောင် Wu Jing နဲ့ Zhang Ziyi တို့က ဦးဆောင်ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းဟာ ဧဝရက်တောင်ကို မြောက်ဘက်ကနေပထမဆုံးတက်ခဲ့သူများအကြောင်းဖြစ်ပါတယ်။ ဧဝရက်တောင်တက်တဲ့လမ်းတွေထဲမှာ မြောက်ဘက်က အကြမ်းတမ်းအခက်ခဲဆုံးဖြစ်တဲ့အတွက် ဘယ်လိုရင်ခုန်စရာ စွန့်စားခန်းတွေတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဇာတ်လမ်းအဆုံးမှာ surprise လေးတစ်ခုပါတယ်နော်) Unicode*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ...
movie
The Climbers ( 2019 )
2019
7.2
Shadow (2018)
တရုတ်နန်းတွင်း သိုင်းကားလေးတစ်ခု တင်ပေးထားပါတယ်။ ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။ ဒီကားမှာတော့ အဲဒီလို လူစားကို အရိပ်လို့ ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်အကြောင်းကို ကြည့်လိုက်ရအောင်။ File Format - mp4 IMDB rating - 7.2/10 Quality - BluRay 1080P Running Time - 1h 56min Translated by Littleneo and Hein Thet Naing Encoded by Thit San Khant
movie
Shadow (2018)
2018
5.8
Explosion (Yin Bao Zhe) 2017
Explosion ရုပ်ရှင်ကားဟာ နိုဝင်ဘာ၂၀၁၇ မှာထွက်ရှိထားတာဖြစ်ပြီး တရုတ်ရာဇ၀တ်မှုခင်းဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒိုင်းနမိုက်တွေပြုလုပ်တာမှာအင်မတန်ကျွမ်းကျင်တဲ့ မိုင်းတွင်းဖောက်ခွဲရေးအလုပ်သမားတစ်ဦးဖြစ်သူ ကျောင်းရွှီတုံဟာ မိုင်းတွင်းမတော်တဆပေါက်ကွဲမှုတစ်ခုမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်ခဲ့ပါတယ် ဒါပေမယ့် ဒီပေါက်ကွဲမှုဟာ မတော်တဆဖြစ်ရပ်မဟုတ်မှန်း သူကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့နောက်မှာတော့ ရဲတွေအတွက်သူဟာ အဓိကသံသယရှိသူအဖြစ် ပစ်မှတ်ထားခံခဲ့ရပါတယ် ဒါလိုနဲ့ သူ့ရဲ့ ဒိုင်းနမိုက်ပြုလုပ်ခြင်းအတတ်ပညာကိုသုံးပြီး အမှန်တကယ်အပြစ်ရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့သလား မဖမ်းဆီးနိုင်ခဲ့ဘူးလား ဒါမှမဟုတ် အပြစ်တကယ်ရှိသူက သူကိုယ်တိုင်ပဲလားဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှူတော်မူပါဦး သရုပ်ဆောင်ထားကြသူတွေကတော့ နာမည်ကြီး တရုတ်စတားတွေဖြစ်တဲ့ Yihong Duan, Yu Nang,Chen Taisheng, Wang Jainchun စသူတို့ပဲဖြစ်ကြပါတယ်… ဒါရိုက်တာက တော့ Chang Zheng ပဲဖြစ်ပါတယ် Qty - 720p Web dlDuration - 1hr 47minGern - ThrillTranslator - Zuel Twin KhantEncoder - Kyaw Ye Aung
movie
Explosion (Yin Bao Zhe) 2017
2017
6.9
Beautiful Accident (2017)
2017 ခုနှစ်ထွက် Imdb 6.9 ရထားတဲ့ အချစ်ဟာသဇာတ် မြူးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက် ကသူ့အချစ်ရေးမှာတွေ့ကြုံရတဲ့အလွဲလေးတွေကို ရိုက်ကူးပြထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ပိတ်ရက်မှာ အပန်းဖြေကြည့်ဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ အောင်မြင်မူ့တွေရနေတဲ့ ရှေ့နေမတစ်ယောက် တစ်နေ့မှာ အဝေးပြေးလမ်းမှာ ကားမတေည်တဆမူဖြစ်ခဲ့ပါတယ်မတော်တဆမူ့ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို သူကိုယ်တိုင် တာဝန်ယူလာဖို့ ဖြစ်လာတော့ သူ့ရဲ့ ဆိုးသွမ်းတဲ့ သားသမီး၂ယောက်နဲ့ ယောကျာ်းကြားထဲမှာ ဘယ်လိုတွေဗျာများရမလဲ သူတာဝန်ယူရတဲ့ ပြသနာကကောဘာလဲ သူကိုယ်တိုင်ကကော ဘယ်လို အလွဲတွေနဲ့ကြုံခဲ့ရတာလဲ အစရှိတာတွေကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - Web dl (720p)Duration - 1hr35minFormat - Mp4 (×264)Subtitle - Myanmar HardsubTranslator - Nang Phyu Phyu NaingEncoder - Me
movie
Beautiful Accident (2017)
2017