Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Chuan
6
Welcome to My Side ( 2024 )
ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကြည့်နေကျဇာတ်ကားမျိုးမဟုတ်တဲ့ အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ချန်ရှောင်ကျိုးဆိုတဲ့ ကောင်လေးတစ်ယောက် တစ်နေ့ သူ့ချစ်သူနဲ့လမ်းခွဲခဲ့ကြပါတယ် အကြောင်းအရင်းကတော့ ဆေးလိပ်မဖြတ်နိုင်လို့ပါ အဲ့နေ့လမ်းခွဲတဲ့ညမှာတင်ပဲ ရှောင်ကျိုးတစ်ယောက် ဆေးလိပ်ကိုနာကျည်းပြီး ဆေးလိပ်ဖြတ်ဖို့ ဆေးခန်းတစ်ခုကို ရောက်သွားရာမှာတော့ ဆရာဝန်က ဦးနှောက်ကို လျှပ်စစ်ကုထုံးနဲ့ လုပ်ပေးနေချိန်မှာ ရုတ်တရက်ကြီး မီးပျက်သွားပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်၃ရက်ကြာမေ့မြောပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အဝါရောင်ကိုမြင်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးဟာ အဝါရောင်ဘဲရုပ်အဖြစ်ပြောင်းသွားပြီး စကားသံမကြားရတော့ဘဲ ဘဲအော်သံပဲကြားရတော့တာပါအဲ့လိုနဲ့တစ်နေ့ အစားသောက် vlog လုပ်တဲ့နာမည်ကြီး ဖုန်ကျားနန်ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကြောင့် တွေ့ဆုံခဲ့ရပြီးနောက်မှာတော့ ရှောင်ကျိုးတစ်ယောက်သိလိုက်ရတာက ကျားနန်သူ့နားမှာရှိနေရင် သူအဝါရောင်ကိုကြည့်လည်း ဘာမှမဖြစ်တာပါပဲအဲ့လိုနဲ့ တစ်နေ့မှာ ကျားနန်တစ်ယောက် သူ့အနားကနေ ထွက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမှာလဲ ဘာလို့ ကျားနန်က သူ့အနားမှာရှိနေချိန်တိုင် ရောဂါမဖောက်ရတာလဲ ဆိုတာကိုတော့ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးမှာ ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 956 MB / 536 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance , Fantasy Runtime : 1h 42 ...
movie
Welcome to My Side ( 2024 )
6
Dwelling by the West Lake ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Dwelling by the West Lake ( 2024 )
5.7
Ten Years of Loving You ( 2022 )
မေ့ပစ်ချင်ဆုံးလူတစ်ယောက်ဟာ အိပ်မက်ထဲမှာအမြဲပေါ်ပေါ်လာတတ်တယ်။ ကိုယ့်အတွက်အိမ်လိုနွေးထွေးမှုတွေပေးခဲ့တဲ့လူတစ်ယောက်ဟာ သူ့လက်နဲ့ပဲအဲဒီအိမ်ကိုပဲဖျက်ဆီးပစ်ခဲ့တယ်။အကြောင်းပြချက်မရှိ သူ့ကိုစွန့်ပစ်သွားတဲ့လူတစ်ယောက်ဟာ (၇)နှစ်ကြာမှပြန်ပေါ်လာတော့ သူ့ရဲ့သမာရိုးကျဘဝလေးဟာ စည်းချက်တွေပျက်ပြီး ရှုပ်ထွေးသွားရပြန်တယ်။ ခွင့်လွှတ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား...... ခွင့်လွှတ်လိုက်ရင်ရော တရားပါ့မလား...... ကံကြမ္မာရဲ့ကြိုးကိုင်မှုအောက်မှာ ရင်ဘတ်ကြီးနဲ့ရင်းပြီး ကခုန်ခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်စရာချစ်ဇာတ်လမ်းလေးပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Ten Years of Loving You ( 2022 )
8.4
A Brighter Summer Day (1991)
[Unicode]A Brighter Summer Day (1991)IMDB - 8.4 Rotten Tomatoes -100%A Brighter Summer Dayဟာ တရုတ်ဂန္တဝင်စာပေတွေဖြစ်တဲ့ ခန်းဆောင်နီအိပ်မက်တို့ လက်ဖက်ရည်ဆိုင်တို့လို ဇာတ်ကောင်အခြေပြု ခေတ်အရိပ်ထင်ဟပ်တဲ့ ရုပ်ရှင်ပါပဲ။ အက်ဒ်ဝတ်ယန်းဟာ ဒီရုပ်ရှင်အတွက် မျက်နှာသစ်သရုပ်ဆောင်၁၀၀ကိုသုံးခဲ့ပြီး ဒီရုပ်ရှင်ဟာ လေးနာရီအတိနီးပါရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စိုက်ရာခေတ်ကာလကတော့ ၁၉၅၉ပါ။ ၁၉၄၉မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေဟာ ပြည်မကြီးအပါအဝင် တရုတ်ပြည်ရဲ့သုံးပုံတစ်ပုံ ကိုသိမ်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစထောင်လိုက်ပါတယ်။ အမျိုးသားအစိုးရနဲ့အတူ လူအများဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘဝအသစ်စတင်ကြရပါပြီ။ ဒီလိုပြောင်းရွေ့ရာ အခြေမကျသေးတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာရတဲ့ လူငယ်တွေရဲ့ဘဝဟာလည်း လွယ်ကူမနေခဲ့ပါဘူး။ လူငယ်တွေရဲ့ အခြေအနေကို ဗဟိုပြုပြီး ၁၉၅၉ခုနှစ် ထိုင်ဝမ်ရဲ့ရွှေအိုရောင်မသန်းခဲ့တဲ့ အတိတ်တွေအကြောင်းပါးပါးလေး ပုတ်ပြထားပါတယ်။ဒီရုပ်ရှင်ဟာ လက်တွေ့ထက်ကို အတော်လက်တွေ့ဆန်တယ်လို့ ဆိုရပါမယ်။ မသိစိတ်ရဲ့ လိင်အာသီသတွေ၊ မိန်းမတွေကိုကြည့်တဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေ။ လူရဲ့စရိုက်တွေဟာ သူများအိမ်ကို နံရံကလိုင်ပေါက်ကနေ ချောင်းကြည့်နေရသလိုပါပဲ။ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လူကောင်းတွေရဲ့ ဇာတ်သိမ်းမလှမှုတွေနဲ့ အဆင်မပြေတဲ့ခေတ်ကြီးထဲက ခါးသက်သက်အဖြစ်အပျက်တွေကြားမှာ သားဘက်က အမြဲရှိပေးတဲ့အဖေတွေ၊ သူငယ်ချင်းကောင်းတွေ၊ အနစ်နာခံတတ်တဲ့အကိုတွေကို ...
movie
A Brighter Summer Day (1991)