Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vladimir Mashkov
7.4
Mission: Impossible – Ghost Protocol (2011)
Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့ သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie
Mission: Impossible – Ghost Protocol (2011)
2000
4K HEVC
6.4
Behind Enemy Lines (2001)
အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ CM ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb Rating 6.4 ရထားပြီး Box office မှာ 92 million ဝင်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ...
movie
Behind Enemy Lines (2001)
2001