Channel Myanmar

Virginie Ullmann

Breathless (1960) 7.7
Breathless (1960)  Breathless (1960)~ IMDb - 7.7/10, Rotten Tomatoes - 96% ~ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ...
movie

Breathless (1960)

1960