Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vineeth Sreenivasan
7.2
Varshangalkku Shesham (2024)
Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie
Varshangalkku Shesham (2024)
2024
5.9
Kurukkan (2023)
Kurukkan (2023) IMDb-6.1/10ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်) File size…1.8GB / 860MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~V~Zwe Yan~BpL~Moon
movie
Kurukkan (2023)
2023
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
7.3
Corona Papers(2023)
Corona Papers (2023)IMDb-7.5/10Malayalam ရုပ်ရှင်တွေရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Shane Nigam, Shine Tom Chacko, Jean Lal, Gayathrie တို့ အဓိကပါ၀င်ထားတဲ့ Crime/Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအလုပ်ကိုကောင်းကောင်းမလုပ် လိမ်စားလှည့်စားနေတဲ့ရဲစခန်းမှာ ဘယ်သူ့မှမကြောက်တဲ့ မှန်မှန်ကန်ကန်ရဲအရာရှိတစ်ယောက်ရှိနေတယ် အဲဒီလိုရဲစခန်းကိုမှ SI ရာထူးနဲ့ရဲ၀န်ထမ်းအသစ်စက်စက်လေး ရာဟူလန် (ရာဟူး)ရောက်လာပါတယ် တစ်နေ့ဘက်စ်ကားစီးရင်းပဲ သူ့ရဲ့ ပစ်စတိုလေးအခိုးခံလိုက်ရပါတော့တယ် လူငယ်ရဲအသစ်လေးက အထက်ကိုမတင်ပြပဲကိုယ်တိုင်ပဲလိုက်ဖမ်းဖို့ကြိုးစားချိန်မှာ COVID ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ များစွာသောဒုစရိုက်မှုတွေကို ရှာဖွေတွေ့ရှိလာချိန်မှာတော့....အုန်းစားရတဲ့ ခက်ခဲနက်နဲလိမ်ထွေးနေတာမျိုးမဟုတ်ဘဲ တစ်ရစ်ချင်းတစ်ခန်းချင်း plot twist အလှည့်အပြောင်းအတက်အကျလေးတွေနဲ့ ပြစ်မှုဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦး File size…2.3GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Khin~Sai~Nyein
movie
Corona Papers(2023)
2023
7.2
Thankam(2023)
Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie
Thankam(2023)
2023
8.0
Mukundan Unni Associates™ (2022)
Mukandan Unni Associate ==================== imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie
Mukundan Unni Associates™ (2022)
2022