Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vineet Kumar Singh
7.9
Ugly (2013)
Ugly (2013) "အကျည်းတန်"ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာစော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။(အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Ugly (2013)
2013
8.9
Siya (2022)
Siya (2023) ************** ဒီ ဟင်ဒီစကားပြောCrime/Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးကိုတော့ Zee5 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး IMDb rating 8.9အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း စီယာဟာ ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရွာမှာ အဖေတို့ အဒေါ်တို့နဲ့ နေပါတယ်။ သူက ဒေလီကိုသွားပြီး အလုပ်လျှောက်ဖို့ အိပ်မက်မက်နေခဲ့ပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် သွားခွင့်မရခဲ့ပါဘူး။ တစ်နေ့မှာတော့ ရွာသားတချို့ရဲ့ ယုတ်မာမှုကို ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ သူဟာ အမှန်တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ယုတ်ညံ့တဲ့ အသိုက်အဝိုင်းကို သတ္တိရှိရှိ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရာမှာတော့ ...စီယာတစ်ယောက် ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာလဲ .... အမှန်တရားက သူ့ကို မျက်နှာသာ ပေးမှာလား ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ...ဇာတ်လမ်းအညွှန်းကတော့ Thaik Sanမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Thaik San,BpLနဲ့ Yunniတို့ပဲ ဖြစ်ပါတယ်။ File size…1.9GB / 771MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik ...
movie
Siya (2022)
2023
6.2
Gunjan Saxena: The Kargil Girl (2020)
ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant
movie
Gunjan Saxena: The Kargil Girl (2020)
2020
8.6
Saand Ki Aankh(2019)
Saand Ki Aankh(2019)IMDb...8.6ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ.. ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ.. ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို အဓိကထားရိုက်ကူးထားတာပါ..ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ် အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောကျ်ားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်..ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံ အကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့....ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်..... ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည် အချင်းတွေကို ချိုးနှိမ်ထားခံရသလိုဖြစ်နေတဲ့အနေအထားက အားလုံးကို အတိုက်အခံလုပ်ပြီး ကြိုးစားပြထားတာကို ဆွဲဆောင်မှုရှိအောင်ရိုက်ပြထားတာပါ..ပြသချိန် (၂) နာရီဆိုတာကို တောင် ခင်ဗျားတို့ မေ့လျော့သွားပါလိမ့်မယ်... IMDb...8.6 ရထားတာမို့ ထွေထွေထူးထူးတော့မညွှန်းတော့ပါဘူး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.....(zawgyi)ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ.. ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ.. ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို အဓိကထားရိုက်ကူးထားတာပါ..ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ် အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောက်ျားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်..ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံ အကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့....ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်..... ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည် အချင်းတွေကို ...
movie
Saand Ki Aankh(2019)
8.2
Mukkabaaz (2017)
IMDB - 8.2ကဲ အိန္ဒိယရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ လူတွေအတွက်အိန္ဒိယ လက်ဝှေ့ကားကောင်းကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပြီဗျာ။လက်ဝှေ့တင်မဟုတ်ဘူးနော် အက်ရှင်၊ ရိုမန့်၊ ဒရမ်မာ မျိုးစုံကိုပေးစွမ်းနိုင်တဲ့ကားကောင်းလေးတစ်ကားဆို ပိုမှန်ပါလိမ့်မယ်။ငယ်ငယ်ကတည်းက လက်ဝှေ့ပညာပေါ် အရူးအမူးစွဲလန်းပြီးမိုက်တိုင်ဆန်ကို အားကျခဲ့မိတဲ့ လက်ဝှေ့သမားလေးတစ်ယောက်ဟာမာဖီးယားဆန်တဲ့ နည်းပြရဲ့ဖိနှိပ်မှုတွေကြောင့် တိုက်ခိုက်ထွက်ပြေးလာပြီးအာဏာရှင်နည်းပြရဲ့ နောက်ယှက်မှုတွေကြားထဲက ချန်ပီယံဖြစ်အောင်ကြိုးစားထားတဲ့ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိသွားမလားဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် အဆုံးသတ်သွားမလားဆိုတာတော့ဇာတ်လမ်းကြိုမပြောတော့ဘူးနော်။ဇာတ်ကားကောင်းမို့ အမြန်သာဒေါင်းကြည့်လိုက်ကြပါဦးနော် File Size : (1 GB) & (228 MB)Quality :Web DL 720pRunning Time :2hr 05 minFormat : Mp4Genre :Action , Drama ...
movie
Mukkabaaz (2017)
2017