Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vincent Pastore
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
5.3
Serving Sara(2002)
Serving Sara (2002)IMDb - 5.4ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကိုဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူတစ်ယောက်ပါ။စာရွက်စာတမ်းတွေကိုပို့ ပေးရတာကလွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေကသူ့ကို ရှောင်နိုင်နေကြတာေကြာင့် အလုပ်တစ်ခုကိုတစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ နေရပါတယ်။တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကိုကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးကသူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက်သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်းဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင်ဒေါ်လာတစ်သန်း ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရောဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 1.9GB / 1GBQuality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Romance , Comedy Subtitle…. Myanmar ...
movie
Serving Sara(2002)
2002
5.5
Vault (2019)
ဒီကားလေးကတော့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားပါဒူ့စ်နဲ့ချက်ကီဆိုတဲ့သူငယ်ချင်းနှစ်ယောက်ကအသက်ဆယ့်ငါးနှစ်ထဲကခင်လာပြီးသူခိုးအလုပ်တူတူလုပ်ပြီးအရွယ်ရောက်လာတော့ ဘဏ်တွေကိုဓါးပြတိုက်ကြကံဆိုးချင်တော့တစ်ရက်မှာဘဏ်ဓါးပြတိုက်ပြီးဖမ်းခံလိုက်ရတဲ့အချိန်မှာ....လူမိုက်ဂိုဏ်းကအုပ်စိုးထားတဲ့အကျဉ်းထောင်ကိုပို့ခံလိုက်ရပြီးအဲဒီအချိန်ကစပြီးသူတို့ဘဝရဲ့ကံဆိုးမှုကြီးစတင်တာပဲ...လူမိုက်အဖွဲ့ထဲကတစ်ယောက်ကသူတို့နှစ်ယောက်ကိုသတိထားမိပြီးတော့အပေးအယူတစ်ခုကိုကမ်းလှမ်းလိုက်တယ်အဲဒီအပေးအယူအတိုင်းသူတို့လည်းထောင်ကထွက်ကရောလူမိုက်တွေရဲ့ပိုက်ဆံတွေကိုအစိုးရကမသိအောင်သိမ်းပေးတဲ့ဆိုင်တစ်ဆိုင်ကိုဓါးပြဝင်တိုက်ရပေမယ့်...အပေးအယူအတိုင်းဖြစ်မလာပဲလူတွေတစ်ယောက်ပြီးတစ်ယောက်သတ်ခံလာရတဲ့အခါမှာနောက်ဆုံးအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်သစ္စာဖောက်ဖို့အထိတွေပါဖြစ်လာတဲ့အခါနောက်ကွယ်ကအကုန်လုံးကိုကြိုးကိုင်ထားတဲ့လူဆီရောက်နိုင်မလားသူတို့အသက်ရှင်နိုင်မလားဆိုတာတွေကို ကြည့်ရှုလိုက်ပါဦးနော်သူငယ်ချင်းသံယောဇဉ်တွေငွေနောက်ကိုပဲမလိုက်သင့်တဲ့အကြောင်းတွေဘယ်သူ့ကိုမှမယုံကြည်သင့်တဲ့အကြောင်းတွေကိုသေချာရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားကောင်းလေးတစ်ကားပါ File Size : (928 MB) & (176MB)Quality : WEB-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Vault (2019)
2019
6.3
The Family (2013)
The Family (2013)_____IMDb - 6.3/10 နယူးယောက်မှ လူဆိုးဂိုဏ်းဝင် ဂျော်ဗန်နီ မန်ဇိုနီ ဟာ FBIအေးဂျင့် ရောဘတ် စတန်ဖီနဲ့ အပေးအယူလုပ်ပြီး သူ့ရဲ့ မာဖီးယားအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်... သူ့ရဲ့ သတင်းပေးမှုကြောင့် မာဖီးယားအဖွဲ့ အတော်လေးဖွဲ့စည်းပုံပျက်သွားတယ်... ဂျော်ဗန်နီဟာ သက်သေကာကွယ်ရေးအစီအစဉ်မှာပါဝင်ခဲ့ပြီး ဖရက် ဘလိတ် အဖြစ် မှတ်ပုံတင်အသစ်ရခဲ့ပါတယ်... ဂျော်ဗန်နီနဲ့ သူ့ဇနီး မက်ဂီ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဖြစ်ကြတဲ့ ဘဲလ်လာနဲ့ ဝါရန်တို့ဟာ နော်မန်က Cholong sur Avredကို စတန်ဖီနှင့် အေးဂျင့်၂ယောက်တို့ရဲ့ အကာအကွယ်နဲ့ပြောင်းရွေ့ခဲ့ပါတယ်... မာဖီယားတွေအတွက်တော့ သူတို့မိသားစုဟာ ကမ္ဘာမကျေပါပဲ... ဒီအချိန်မှာ မာဖီယားဂိုဏ်းက လူသတ်သမားကို ဒေါ်လာသန်း၂၀ပေးပြီး သူတို့မိသားစုကို သတ်ခိုင်းပါတယ်... မာဖီးယားဂိုဏ်းဟာ မန်ဇိုနီ မိသားစုကို မထင်မှတ်ဘဲ ရှာတွေ့သွားပြီးတဲ့နောက်မှာတော့..... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် Hnin Amy Khineကရေးသားပေးပါတယ်... File Size : (903 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard ...
movie
The Family (2013)
2013
4.8
The Eyes (2017)
ကဲဆက်တင်တွေ ရှုထောင့်အမျိုးအမျိုးတွေရိုက်ပြ၀ုန်းဒိုင်းဂွမ်းတွေလုပ်ပြတဲ့ဇာတ်ကားတွေထက် ပိုမိုလေးနက်တဲ့ အခန်းတစ်ခန်းထဲမှာတင် လူလေး ၅ယောက် ၆ယောက်လောက်နဲ့တင်ပြီးသွားတဲ့ကားတွေရဲ့အရသာကို ဇာတ်ကားCrazy တော်တော်များများကြည့်ဖူးကြမှာပါ။ဒီကားလေးကလည်း အဲဒီလိုပဲအစအဆုံး အခန်းလေးတစ်ခုထဲမှာတင်ရိုက်ပြ သွားတာပါ။စရိုက်မတူတဲ့လူ၆ယောက်ကိုအခန်းတစ်ခန်းထဲမှာထည့်ထားလိုက်ပါတယ်။အားလုံးနိုးလာတဲ့အခါမှာတော့ ခြေတွေလက်တွေတုပ်နှောင်ထားတာကိုတွေ့လိုက်ရတော့ စရိုက်အမျိုးမျိုးအလိုက် တုံ့ပြန်ပုံချင်းကွဲပြားပုံကို စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ဒါ့အပြင်အဲဒီလူ၆ယောက်လုံးဟာလည်း တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့လူတွေဖြစ်နေတာပါပဲ။ဒီမှာတစ်ချက်ရှိတာကတော့ ဒါဟာဂိမ်းတစ်ခုဖြစ်လိမ့်မယ်ဆိုပြီး လူတစ်ယောက်ခန့်မှန်းပြထားကိုကြည့်ခြင်းအားဖြင့် “ဟာ ဒီလိုပုံစံပဲ ဂိမ်းတစ်မျိုးလာပြန်ပြီ”ဆိုတဲ့ပရိသတ်ရဲ့အတွေးကိုစောစောကတည်းကချေဖျက်ထားပြီး စိတ်ဝင်စားမှုရယူထားပါတယ်။စရိုက်တစ်မျိုးစီ အသက်မွေးဝမ်းကျောင်းမှုပုံစံတစ်မျိုးစီနဲ့ လူ၆ယောက်အတွက် ဘာလို့သူတို့တွေဒီအခန်းထဲရောက်နေရသလဲဆိုတာကို အဖြေရှာကြတော့တာပါပဲ။အဲဒီမှာပဲ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလို လူတွေရဲ့အမျိုးမျိုးသောပုံစံတွေ ဟန်ဆောင်ပန်ဆောင်များမှုတွေတွေ့ရမှာပါ။တစ်ခုပါပဲ အဲဒီလိုဟန်ဆောင်ပန်ဆောင်များတယ်ဆိုတာကို ဇာတ်လမ်းအဆုံးမှာဘွားကနဲချသွားတာကတော့ ကြည့်ရှုသူပရိသတ်ရဲ့ရင်ကိုကွေ့ဝိုက်သွားစေတာတော့ အားမရစရာပါ။ဒါပေမယ့်အဲဒီလိုကားမျိုးပဲဆိုတဲ့အထင်တစ်လုံးကို တစ်မျိုးတစ်ဖုံလုပ်ပြသွားတာဖြစ်တော့ ကြည့်ရတာမဆိုးလှတာမို့ Mystery/Thiller ကြိုက်တဲ့ပရိသတ်တွေအတွက် တင်ပေးလိုက်ရပါတယ်။ ရှုစားကြပါဦး… File Size : (730 MB) and (370 MB) Quality : WEB-DL 720p Running Time ...
movie
The Eyes (2017)
2017