Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vinay Pathak
5.3
Jism (2003)
Jism (2003) "ညှို့ယူဖမ်းစားတတ်သော" IMDb - 5.3/10စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.88GB / 865MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jism (2003)
2003
7.7
Merry Christmas (2024)
Merry Christmas 2024 (မယ်ရီခရစ္စမတ်)IMDb 7.7/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင်ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ... တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့"အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ" အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် ) File size…2.1GB/919MB Quality…WEB DL 1080p / ...
movie
Merry Christmas (2024)
2024
The Archies (2023)
The Archies (2023) "အိပ်မက်မြို့လေးက လူငယ်ဘဝ"Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော teen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့ သမီးချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီး အသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့ မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။"အာချီ" ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ "The Archies" ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့ စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖော်ပြထားတာပါရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ် မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park ...
movie
The Archies (2023)
2023
5.4
Blind (2023)
Blind 2023Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL
movie
Blind (2023)
2023
7.4
Hum Dil De Chuke Sanam(1999)
Hum Dil De Chuke Sanam (1999) ********************************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe ...
movie
Hum Dil De Chuke Sanam(1999)
1999
6.6
420 IPC (2021)
420 IPC၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းမှုခင်းစုံထောက်ရုပ်ရှင်ဇာတ်ကားကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကလည်း ကြည့်ရမယ့်စာရင်းထဲမှာ ပါတဲ့ကာကောင်းလေးတစ်ကားပဲဗျာ။ဆိုဒ်ပြည့်ဂိုဒ်ပြည့်မင်းသားချောတွေရဲ့ ချခန်းဖိုက်ခန်းတွေချည်း ကြည့်ရတာငြီးလာတဲ့အခါဦးနှောက်ကိုအလုပ်လုပ်ခိုင်းရမယ့်မှုခင်းဇာတ်ကားကောင်းလေးပေါ့ဗျာ။ ဇာတ်လမ်းလေးကဘယ်လောက်တောင် ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်ထွေးလဲဆိုရင် ဘာသီချင်းမှကိုမပါတဲ့အထိပဲဗျာ။သိတယ်မလား အိန္ဒိယကားတွေ သီချင်းတစ်ပုဒ်မှမပါတာ တကယ်မဟာအံ့ဖွယ်ဖြစ်ရပ်ကြီးဗျ။တောင်ပိုင်းကားက မပါတာဆိုတော့ ပိုတောင်ထူးဆန်းနေတာပေါ့ဗျာ။ပါဝင်တဲ့သရုပ်ဆောင်တွေက နာမည်ကြီးတွေပဲဆိုတော့ ဇာတ်ကားဘယ်လောက်ကောင်းလဲဆိုတာညွှန်းနေဖို့တောင် သိပ်လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကစ်ဝမ်နီဆိုတဲ့အသက် ၄၀ ကျော်အရွယ် စာရင်းကိုင်ကြီးတစ်ယောက် အကြွေးပေါင်းစုံ လည်မျိုမှာတစ်နေတာကနေစတယ်ပေါ့ဗျာ။ အိမ်ကို အရစ်ကျနဲ့ဝယ်ထားတာ မဆပ်နိုင်တာတွေ၊ကျောင်းစရိတ် စားစရိတ် ဗာဟိရစားရိတ်တွေ ပိုပို ပိပိလာတဲ့အခါ ပိုပြီးမျက်ကလူးဆန်ပြာဖြစ်နေတဲ့အချိန် သူအလုပ်လုပ်တဲ့ကုမ္ပဏီကသူဋ္ဌေးရဲ့ငွေ ၁၅ သန်းဟာ ချက်လတ်မှတ်ကနေ ခိုးခံရခါနီးဖြစ်သွားတဲ့အခါကစ်ဝမ်နီကို တရားရုံးမှာ အမှုရင်ဆိုင်ခိုင်းပါတော့တယ်။ဒီတော့ ကစ်ဝမ်နီဟာ အကြွေးတွေကိုဆပ်နိုင်ဖို့ ၁၅ သိန်းကနေ ခိုးပြီးအမှုကနေလွတ်အောင်ရှောင်သွားနိုင်မှာလား၊ တကယ်မခိုးခဲ့ဘဲစွပ်စွဲခံရတာလား၊ တကယ်ခိုးခဲ့တာကနေ သက်သေခိုင်လုံပြီးထောင်လုံးလုံးကျသွားမှာလား အဓိကဇာတ်ဆောင် ရှေ့နေ့လေးဘာဘဲဘယ်လိုကြမ်းမှာလဲလည်း ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်တာမို့ စီးမြောခံစားပေးကြပါဦးခင်ဗျာ။ File size…286MB / 956MB / 524MB Quality…720p HEVC ...
movie
420 IPC (2021)
2021
8.1
Chintu Ka Birthday(2020)
Chintu Ka Birthday(2020)ဒီဇာတ်ကားဟာ IMDB rating 8.1 နဲ့ Google users like 97%ရရှိထားတဲ့Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချင်တူရဲ့အဖေဟာရေသန့်စင်ပစ္စည်းရောင်းချတဲ့အရောင်းသမားဖြစ်ပါတယ်...တစ်နေ့မှာတော့အီရတ်မှာရေရှားပါးမှူပြဿနာဖြစ်နေကြောင်းသူ့ရဲ့ဘောစ့်ကသိသွားခဲ့ပါတယ် ... ဒါနဲ့ပဲချင်တူရဲ့အဖေကိုရေသန့်ကိရိယာတွေသွားရောင်းဖို့အီရတ်နိုင်ငံကိုလွှတ်လိုက်ပါတယ်...ပြီးနောက်ချင်တူတို့တစ်မိသားစုလုံးကိုပါအီရတ်ကိုပို့လိုက်ပါတယ်။အီရတ်နိုင်ငံကို USမှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကြောင့်အီရတ်မှာရောက်နေတဲ့အိန္ဒိယမိသားစုတစ်စုဟာပတ်စ်ပို့အခက်အခဲတွေကြုံနေရပြီး အိန္ဒိယကိုပြန်ဖို့အခြေအနေမပေးတဲ့အတွက်အီရတ်နိုင်ငံမှာပဲပိတ်မိနေခဲ့ကြတဲ့အပြင် ပြဿနာပေါင်းစုံစတင်ကြုံတွေ့ရပါတော့တယ်...သူတို့ဘယ်လို ပြဿနာမျိုးစုံကြုံတွေ့ကြရမလဲ..ဒီအခက်အခဲတွေတွေကိုဖြတ်ကျော်ပြီး တစ်မိသားစုလုံး ဘေးမသီရန်မခဘဲ မွေးရပ်မြေကိုြပန်လာနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...India ကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း........ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။File Size : (800 MB) and (393 MB) Quality : WEB-DL 720p Format…mp4 Duration…01:20:00 Genre : Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Chintu Ka Birthday(2020)
8.2
The Tashkent Files (2019)
(Zawgyi)နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေထဲက တစ်ဦးလို့ ပြောလို့ရတဲ့ဝန်ကြီးချုပ် လာ ဗဟာဒူး ရှာစရီသေဆုံးခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်…လာ ဗဟာဒူး ရှာစရီဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး အင်ဒီ-ပါကစ္စတန်စစ်ပွဲမှာ သူ့ကြောင့် အိန္ဒိယက အနိုင်ရခဲ့တယ်လို့ဆိုပါတယ်…1966 ခုနှစ် ပါကစ္စတန်နဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ တာရှီကန်မှာ ရှိနေခဲ့တဲ့အချိန်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ်သူ့ရဲ့သေဆုံးမှုဟာ နှလုံးဖောက်မှုကြောင့် သဘာဝအတိုင်းသေတာလား ..အဆိပ်ခတ်မှုကြောင့်လား မရေရာဖြစ်ခဲ့ပြီးတော့ နှစ်ပေါင်း ၅၀ကြာတဲ့အထိ သမိုင်းဖျောက်ခံထားခဲ့ရပါတယ်…အရမ်းကို စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံရေးအချက်အလက်တွေသမိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေအများကြီးပါတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်…နိုင်ငံရေးစိတ်ပါဝင်စားသူတွေ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေသဘောကျကြမယ့်ဇာတ်ကားဖြစ်ပြီးဇာတ်ကားထဲမှာပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း မှတ်သားစရာသိပ်ကောင်းတာမို့ ကိုယ်တိုင်ပဲကြည့ှ်ရှုခံစားကြပါ…IMDb ကတော့ 8.1/10 တောင်ရထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) (Unicode)နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ...
movie
The Tashkent Files (2019)
2019
6.4
Luka Chuppi(2019)
Luka Chuppi(2019)IMDb...6.4ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖ်ာရိုက်ကူးထားပြီးKartik ...
movie
Luka Chuppi(2019)
2019
7.5
Badlapur (2015)
သွေးအေးအေးနဲ့ကြမ်းတဲ့ကားလေးလာပါပြီအငြိုးအတေးနဲ့ကလဲ့စားကားတွေဆို ပီပီပြင်ပြင်ရိုက်တတ်တဲ့ဘောလိဝုဒ်ရဲ့အထာအတိုင်း ဒီကားလေးထဲမှာလည်းရင်နင့်ဖွယ်ရာအဖြစ်အပျက်ကိုတွေ့ရမှာပါဇာတ်လမ်းအညွှန်းကတော့ ရက်ဂ်ျဟူးနဲ့မီရှာတို့ဟာ ရော်ဘင်ဆိုတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုပါအနိစ္စဆိုတဲ့သဘောအတိုင်းကံကြမ္မာမုန်တိုင်းတစ်ခုကြောင့်တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခုကနေ ကားယူပြေးတဲ့ဓားပြတွေကြောင့်မီရှာနဲ့ရော်ဘင်တို့သေဆုံးသွားခဲ့ရပါတယ်လိုက်ရက်ခ်လို့ခေါ်တဲ့ရာဇဝတ်ကောင်တစ်ယောက်ကိုဖမ်းမိခဲ့ပေမယ့် ကြံရာပါတစ်ယောက်ကတော့ငွေတွေနဲ့အတူအစအနပျောက်သွားပါတယ်ဖမ်းမိခဲ့တဲ့လိုက်ရက်ခ်ကလည်းသူ့ကြံရာပါနာမည်ကိုရေငုံနှုတ်ပိတ်နေခဲ့ပြီးထောင်အကျခံခဲ့ပါတယ်ဒီလိုရင်နင့်ဖွယ်ဖြစ်ရပ်မျိုးဟာသေသွားတဲ့ သူအတွက်တော့ဘဝကူးရုံပဲဆိုပေမယ့် ကျန်နေခဲ့တဲ့ရက်ဂ်ျဟူးအတွက်တော့ကမ္ဘာပျက်နေတဲ့အရူးတစ်ယောက်လိုပါပဲသားသေ/ မယားသေလို့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ရက်ဂ်ျဟူးတစ်ယောက် အမုန်းတရားတွေကိုဘယ်လိုချေဖျက်သွားမလဲတရားခံဆိုတဲ့သူတွေကကော ဘယ်လိုဆက်ဖြစ်ကြမလဲစတဲ့ ဇာတ်ရှိန်အလှည့်အပြောင်းလေးတွေကိုတော့ ဇာတ်သိမ်းပိုင်းကျမှပဲ နားလည်သဘောပေါက်ကြမှာဖြစ်တဲ့အတွက် ပြီးအောင်ကြည့်ရမှာတော့ကျွန်တော်တို့အပိုင်းပေါ့ဗျာ... (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File Size : (0.99 GB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 8min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Badlapur (2015)
2015