Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vinay Forrt
6
Somante Krithavu (2023)
Somante Krithavu (2023) "လူ့ဂွစာ" IMDb - 6.0/10စိမ်းစိုတဲ့ လယ်ယာရှုခင်းတွေနဲ့အတူ ကျေးလက်သဘာ၀ကို ဖော်ကျူးထားတဲ့ မလေယာလမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆိုမန်ဆိုတာ စိုက်ပျိုးရေးအရာရှိလူပျိုကြီးတစ်ယောက်။ သဘာ၀တရားကြီးကို ချစ်မြတ်နိုးပြီး အော်ဂဲနစ်ဆိုတာကို ရူးသွပ်သူတစ်ယောက်။အလိမ်အညာစကားမဆိုဘဲ အလုပ်ကိုရိုးသားကြိုးစားစွာနဲ့လုပ်ကိုင်နေသူတစ်ယောက်ဆိုလည်းဟုတ်။ သူတင်မကဘဲ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဓာတုဆေးပါတဲ့ အစားအသောက် အသုံးအဆောင်တွေကိုမသုံးစွဲဖို့ လိုက်တားမြစ်ပြီးဆုံးမနေတဲ့အတွက် တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို သူ့ကိုအမြင်မကြည်ကြပါဘူး။ဖြစ်ချင်တော့ သူ့သစ်တောရုံးက သစ်ပင်တစ်ပင်မှာ တင်ပါးဆုံပုံစံထွက်လာတာကို ကလေးတွေက နောက်ပြောင်ပြီး ဓာတ်ပုံရိုက်လိုက်ကြ အမျိုးသမီးတွေလည်းအဲဒါကိုကြည့်ပြီး ရှက်ကြတယ်ဆိုတော့ ရွာလူကြီးက ခုတ်ဖို့စီစဉ်ပါရော။ဒီမှာပဲ ဆိုမန်တစ်ယောက် သစ်ပင်မခုတ်ဖို့အရေး အစာငတ်ခံဆန္ဒပြပါတော့တယ်။ ဒီလိုလူ့ဂွစာဖြစ်နေတဲ့ ဆိုမန်ရဲ့ ဘ၀ရှင်သန်ပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားတာမို့ အပျော်သဘောနဲ့ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.88GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Somante Krithavu (2023)
2023
8.5
Aattam (2023)
Aattam (2024) ပြဇာတ် IMDb 8.5/10အဖွဲ့သားတွေတစ်စုတစ်စည်းနဲ့ အောင်မြင်မှုတွေဆွတ်ခူးကြတဲ့ ပြဇာတ်အဖွဲ့သားများ နိုင်ငံခြားသားတွေတောင်သဘောကျလို့ ချီးကျူးသံတွေကြားဝေဝေဆာနေတာပေါ့ အကြောင်းကတော့ ဒီ၁နှစ်နေမှ ၃ပွဲလောက်ကရတဲ့အဖွဲ့ထဲ ရုပ်ရှင်မင်းသားတစ်ယောက်ရောက်လာလို့ပါအမာခံပရိသတ်တွေကြားရေပန်းစားလာတော့ ပြဇာတ်ထဲရောက်တာ၂နှစ်ပဲကြာသေးပေမဲ့ သူ့ကိုခေါင်းဆောင်မင်းသားတင်လိုက်ပါတယ် ဒီပြဇာတ်ထဲမှာ ၁၄နှစ်လောက်နေလာတဲ့လူကိုတော့ ဟီးရိုးနေရာမပေးလို့တင်းတဲ့လူကတင်းပေါ့ ဒီလိုနဲ့ အအောင်မြင်ဆုံးပြဇာတ်ကပြီး နိုင်ငံခြားသားစုံတွဲကသဘောကျသွားလို့သူတို့အိမ်ဆီ တစ်ဖွဲ့လုံးကိုအလည်ဖိတ်ခဲ့တယ် အဖွဲ့လိုက်ရောက်သွားတဲ့ ဒီပါတီမှာမူးတဲ့လူကမူး ရူးတဲ့လူကရူး နဂိုတည်းကတင်းနေတဲ့ ကောင်ကတင်းဆိုတော့ထင်မထားတဲ့ဘယ်လိုပြဿနာတွေကြုံကြမလဲ ငွေနဲ့တရားမျှတမှုကြား ဘာတွေကအနိုင်ရမလဲဆိုတာတော့ ....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ ပဲဖြစ်ပါတယ်) File size…2.33GB / 982MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ
movie
Aattam (2023)
2023
7.6
Kolla (2023)
Kolla (2023) IMDb 8/10မြို့နယ်လေးတစ်ခုဆီ အလှပြင်ဆိုင်ဖွင့်မယ်ဆိုပြီး ပြောင်းရွှေ့လာကြတဲ့ မိန်းမငယ်လေး ၂ယောက်... ဖော်ရွေတတ်ကြတော့ ဆိုင်နားဝန်းကျင်ကလူတွေနဲ့ ခဏလေးအတွင်းရင်းနှီးပြီး အချင်းချင်း ကူညီကြ ဖေးမကြနဲ့ပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားကြလို့ လူကြီးတွေကအစ ချီးကျူးကြ ချီးမွမ်းကြနဲ့..ဒါပေမဲ့ သူတို့မထင်ထားတာက ဒီ၂ယောက်ဟာ အလှပြင်ဆိုင်ကိုအကြောင်းပြပြီး နောက်ကွယ်မှာ ကိစ္စကြီးတစ်ခု လုပ်နေကြတာပါပဲ အလှပြင်ဆိုင်ရဲ့ အပေါ်မျက်နှာကြက်မှာ အာရုံခံကိရိယာပါတဲ့ လျှို့ဝှက်ခန်းတစ်ခုကို ဘယ်သူမှမသိအောင်ဆောက်ထားပြီး သူတို့ဘာတွေဆက်လုပ်ကြမလဲ ဒီမြို့ကိုရောက်လာကြတဲ့ အကြောင်းကရော ဘာကြောင့်လဲ တကယ့်သရုပ်မှန်က ဘာတွေလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe Yan ~BpL~ Cherry တို့ပဲ ဖြစ်ပါတယ်) File size…1.8GB / 816MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe Yan ~BpL~ Cherry
movie
Kolla (2023)
2023
8.1
Malik (2021)
Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Malik (2021)
2021
7.9
Nonsense(2019)
Nonsense(2019)IMDb....7.9ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျောင်းစာမှာ ထူးချွန်ပြီး Aခန်းမှာနေရတဲ့သူတွေ များသလို စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျရင်း Z အခန်းမှာပဲ ကျောက်ချနေရတဲ့ သူတွေလည်းများပါတယ်.... ဒါပေမယ့် အားကစားသမား စီးပွားရေးသမားနဲ့အခြားသော နယ်ပယ်တွေမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် Z အခန်းကသူတွေကလည်း အခြားသောသူတွေနဲ့ ရင်ဘောင်တန်းရပ်တည်နေနိုင်ကြတာကိုတွေ့ကြရမှာပါ.... တကယ်တော့ ဒီအခြေအနေတွေကိုမရောက်ခင်ထိတော့ ဒီလို Z ခန်းက သူတွေဟာ တစ်လောက်ကလုံး ဒုက္ခတွေ နင်တို့ပဲ ခံကြစမ်းဟု ကြိမ်စာတိုက်ခံနေရသလိုပါပဲ.... ဒီကားထဲမှာလည်း ကောင်လေးတစ်ယောက်ရှိတယ်... လမ်းကြမ်းစက်ဘီးစတန့်အားကစားနည်းကို ခုံမင်လွန်းတဲ့တစ်ယောက်......သို့ပေမယ့် ကျောင်းစာမှာညံ့လွန်းတော့ မစ္စတာပေါက်ကရကောင်လို့တောင် ခေါ်ခံရတဲ့သူပေါ့.... စာသင်ခန်းရဲ့ အချိန်တိုင်းလိုလိုမှာ အံမဝင်လွန်းတော့ ခွေးမောင်းသလို မောင်းထုတ်ခံရတဲ့ ထိတောင် ပေါက်ကရကောင်ဖြစ်ခဲ့တယ်.... ဒါပေမယ့်လည်း သူဟာ စက်ဘီးလေးစီးရင်း စတန့်တွေကြိုးစားလုပ်ရင်းနဲ့ ပေါက်ကရကောင်ဆိုတဲ့ နာမည်ဆိုးကိုလိုက်ခေါ်နေတဲ့သူတွေကို ခပ်ပြုံးပြုံးပြန်ကြည့်ဖို့ကြိုးစားနေလေရဲ့.... ဒီလိုကောင်လေးဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ.... သူဘဝအတွက် ဘယ်လိုဆက်ရပ်တည်မလဲ.... အားလုံးအမြင်မှာ အသုံးမကျတဲ့ပေါက်ကရကောင်လေးဟာ တစ်ချိန်မှာ အမြင်တွေပြောင်းသွားစေနိုင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ကုလားကားကောင်းကြိုက်သူတို့အဖို့ ဒီကားကိုလက်မလွှတ်စေချင်ပါဘူး.... IMDb လည်း အကောင်းဆုံးအနေအထားမှာရှိသလို ကြည်နူးဖွယ် ချစ်သူပုံရိပ်တွေပါလေတဲ့အတွက် ခံစားကြည့်ရှုသင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah & May Tharaphi တို့ပဲဖြစ်ပါတယ်...File Size : (1.2 ...
movie
Nonsense(2019)
2018