Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vikrant Massey
6.1
Phir Aayi Hasseen Dillruba (2024)
Phir Aayi Hasseen Dillruba (2024) "ချစ်ရပါသော" IMDb - 6.3/10စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို Netflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။ အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.78GB / 817MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Phir Aayi Hasseen Dillruba (2024)
2024
Blackout (2024)
Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ညဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့ crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက် ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့ သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက် တခြားသူတွေကိုဘယ်လိုပဲဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့် စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့ အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.1GB / 867MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Blackout (2024)
2024
9.2
12th Fail (2023)
12th Fail (2023) "ရိုးဂုဏ်"IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ...
movie
12th Fail (2023)
2023
4K HEVC
4.6
Half Girlfriend (2017)
Half Girlfriend(2017)(သူငယ်ချင်းချစ်သူ)မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက် ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ...။ ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။ အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Half Girlfriend (2017)
2017
4.9
Mumbaikar(2023)
Mumbaikar (2023)နာမည်ကျော် တမီးလ်မင်းသားကြီး ဗီဂျေးစည်သူပတီရယ် လက်ပြတ်မင်းသားရယ်လို့ နာမည်ကြီးတဲ့ ဗီကရန့်မက်ဆီတို့က တောသားမြို့တက်မွမ်ဘိုင်းသားတွေအဖြစ် အပြိုင်ချဲထားကြတဲ့ကားပါ သွားကျွတ်ကျန်ခဲ့တဲ့ဗန်ပိုင်းယားစီးရီးထဲက သားတက်လေးနဲ့ မင်းသမီးချောလေးတန်ညာမာနီကတ်တလာ နဲ့ မျက်နှာတည်မျက်နှာထားနဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ ဆန်ဂျေးမစ်ရှရာတို့ အဓိကသရုပ်ဆောင်ထားတဲ့ တမီးလ်ရုပ်ရှင်remake ဟင်ဒီစကားပြောရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း ရဲအရာရှိဖြစ်ချင်ပေမဲ့ ချစ်ရသူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုတဲ့အတွက် အလုပ်လျောက်နေရသူတစ်ဦး၊ သူငယ်ချင်းအကပ်နဲ့ လူမိုက်ဂိုဏ်းထဲဝင်ဖို့ လုပ်တဲ့ဂန်းစတားဖြစ်ချင်သူ မန်နူး၊ မိသားစုတွေပျော်ဖို့အတွက် မွမ်ဘိုင်းမှာအလုပ်လာလျောက်ပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သွားလေရာကံဆိုးနေသူ ကောင်လေးတယောက်၊ လူမိုက်ဂိုဏ်းမှာ ကားဒရိုင်ဘာဝင်လုပ်နေရတဲ့ဦးလေးကြီးတစ်ဦး၊ ဂန်းစတားကြီးဖြစ်ချင်သူမန်နူးတစ်ယောက် ကလေးပြန်ပေးဆွဲဖို့ လုပ်ရာက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးရဲ့သားကိုမှ မှားပြီး ပြန်ပေးဆွဲမိရာကစ သူတို့လေးယောက် ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(အညွှန်းရေးသားသူကတော့ Chiclon3~BpL ဖြစ်ပြီး ဘာသာပြန်တွေကတော့ Chiclon3~BpL~Thaik~Yunni နဲ့ YH တို့ပဲဖြစ်ပါတယ်) File size…2.2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~BpL~Thaik~Yunni ~ YH
movie
Mumbaikar(2023)
2023
5.9
Gaslight(2023)
Gaslight (2023)IMDb-6.0/10ဆန်းဆန်းပြားပြားသည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက် ဆာရာလေးအဓိကပါ၀င်ထားပြီး မင်းသားကြီး Rahul Dev ၊ အမေရိကန်နိုင်ငံဖွား မင်းသားချောလေး Akshay Oberoi ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရ Chitrangda Singh တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါ၀င်ထားတဲ့ကားပါဇာတ်လမ်းအညွှန်းနန်းတော်ကြီးကနေ အတော်ကြာထွက်ခွာသွားတဲ့ မင်းသမီးလေးမီရှာဟာ ဖခင်ရဲ့စာတွေကြောင့်ပြန်လာခဲ့ပါတယ် သူနန်းတော်ပြန်ရောက်ချိန်မှာတော့ သူ့ဖင်ဘုရင်ကြီးရှိမနေပါဘူး အဲဒီအစား အိမ်မက်ယောင်လို သူ့အဖေရဲ့အရိပ်အယောင်တွေသာ သူမြင်တွေ့နေရပါတယ် ဘယ်သူ့ကိုမေးမေး သူ့အဖေပျောက်နေတယ်ဆိုတာကလွဲ ဘာမှမဖြေကြပါဘူးနန်းတော်ကနေဘုရင်တစ်ပါးလုံးပျောက်နေတာတောင် ဘာမှမသိကြတဲ့အသိုင်းအဝိုင်းကြားမှာ မီရှာတစ်ယောက်တည်းဘယ်လိုအဖြေရှာစုံစမ်းမလဲ သူ့ဘေးမှာရှိနေတဲ့လူတွေကရော ဘာကြောင့်မသိကြတာလဲ နန်းတို့ရဲ့ထုံးစံအတိုင်း မိတ်ဆွေကောင်းဘယ်သူလဲ ဇာတ်သိမ်းခါနီးထိမသိရပဲ လျှို့ဝှက်မှုပေါင်းများစွာနဲ့ကြည့်ရှူရမယ့်ကားဖြစ်ပါတယ် File size…1.4GB / 511MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Khin Khin
movie
Gaslight(2023)
2023
6.4
Forensic (2022)
ForensicIMDb - 6.9ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ဗစ်ကရန့်မက်စီပါဝင်သရုပ်ဆောင်ထားတဲ့မှုခင်းစုံထောက်ကားလေးပဲဖြစ်ပါတယ်.. ဒီမင်းသားကိုတော့ ပရိသတ်တွေမစိမ်းဘူးလို့ထင်မိပါတယ်Haseen Dilruba ထဲမှာ တာ့ပ်ဆီးပါနူးနဲ့ တွဲရိုက်ထားတဲ့ ညီဖြစ်သူနဲ့ မိန်းမကဖောက်ပြန်လို့လက်ဖြတ်ပေးပြီး ပြန်ချစ်ပြတဲ့ အချစ်သူရဲကောင်းကြီးဆို သိကြမယ်ထင်ပါတယ်။2020မှာထွက်ရှိခဲ့တဲ့ Forensicကိုပဲ Remake ပြန်ရိုက်ထားတဲ့ 2022 Versionပါ။ 2020တုန်းကထွက်ရှိခဲ့တဲ့ကားမှာ Bad Reviewတစ်ချို့ရှိနေခဲ့ပေမဲ့ ဒီ2022ထုတ်အနေနဲ့ကတော့ ဒါရိုက်တာVishal Furiaကရုပ်ရှင် Plotအပြင် သရုပ်ဆောင်တွေ၊ အမှုအခင်းတွေကိုပါ အဆင့်မြှင့်ပြီး ထပ်မံရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။ Mussorieဆိုတဲ့ တောင်ကုန်း မြို့လေးမှာ စတင်လာတဲ့ ကွင်းဆက်လူသတ်မှု။ ကွင်းဆက်လူသတ်မှုတွေတိုင်းမှာသူတို့ရဲ့တစ်မူထူးတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီလူသတ်မှုမှာတော့ အသတ်ခံရတဲ့သူတွေကထူးထူးဆန်းဆန်း သူတို့ရဲ့မွေးနေ့မှာ အသတ်ခံရတာပဲဖြစ်ပြီး အသတ်ခံရတဲ့သူတွေအားလုံးကလည်းကလေးမလေးတွေပါပဲ။ အာဏာပိုင်ရဲတွေကတောင် လက်လျှော့ပြီး ဖုံးလိုက်ရတဲ့ ဒီအမှုကိုဘယ်လိုပဲဖြစ်ဖြစ် မိအောင်လိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ ရဲမေတစ်ယောက်နဲ့ မှုခင်းဆေးပညာရှင်တစ်ယောက်ပူးပေါင်းပြီးလိုက်ကြတဲ့နောက်မှာ အမှုကို လိုက်နေတဲ့ ရဲမေရဲ့ တူမဖြစ်သူ အန်နေယာဆိုတဲ့ကလေးမလေးကလည်း ပျောက်ချင်းမလှပျောက်သွားတဲ့နောက်.... တဖြည်းဖြည်းပုံပေါ်လာတဲ့ကွင်းဆက်တွေ၊သံသယရှိသူတွေနဲ့ ရှုပ်ထွေးတဲ့အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာကို ...
movie
Forensic (2022)
2022
5.1
Love Hostel (2022)
Love Hostel (2022)Haseen Dillrubaရုပ်ရှင်မှာ တာ့ပ်ဆီးရဲ့ ခင်ပွန်းနေရာကနေသရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာ အတော်လေးကောင်းတဲ့မင်းသားVikrant Masseyရဲ့ ဘောလိဝုဒ်ကားသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မိဘအသိုင်းအဝိုင်းက ပေးစားမယ့်သူနဲ့ စေ့စပ်ပွဲမတိုင်ခင်လေးမှာအိမ်ကနေ ထွက်ပြေးသွားတဲ့ ဂျရိုသီတစ်ယောက်ဟာ သူ့ရဲ့ချစ်သူအာမက်နဲ့ ခိုးရာလိုက်ပြေး လက်ထပ်ခဲ့ကြပါတယ် ဒီလိုခိုးပြေးတဲ့စုံတွဲတွေကိုမိဘများက အတင်းခွဲလို့မရအောင် တရားရုံးက ပို့ပေးတဲ့ Safe House လေးမှာ သူတို့ ဘယ်လိုတွေ နေထိုင်ကြမလဲတစ်ဖက်မှာလည်း ဂျရိုသီရဲ့ အာဏာရှိတဲ့ မိသားစုက မိသားစုဂုဏ်သိက္ခာအတွက်သူတို့ချစ်သူနှစ်ဦးကို ရှင်းပစ်ဖို့ လက်မရွံ့ကြေးစားလူသတ်သမားတစ်ယောက်ငှါးလိုက်ရာက ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတော့တယ်သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကရောI ဘယ်လိုဖြစ်သွားမလဲ မိသားစုတွေရောကြေးစားလူသတ်သမားကိုရော သူတို့နှစ်ယောက် ဘယ်လိုတွေရင်ဆိုင်ကြမလဲဒီဘာသာခြားအချစ်ကိုရော ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ…ဒီဇာတ်ကားလေးကိုရော ကြည့်ရှုခံစားပေးကြပါဦးနော် File size…1.3GB / 700MB / Quality…1080p WEB DL / 720p / Format…mp4 / mkv Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo ...
movie
Love Hostel (2022)
2022
6.5
Ginny Weds Sunny(2020)
Ginny Weds Sunny(2020)ဆန်နီတို့မိသားစုက မိသားစုကုန်မာဆိုင်လေးပိုင်ဆိုင်ထားတယ်..... ဆန်နီကတော့ အချက်အပြုတ်အရမ်းတော်တယ်.....အဲ့ဒါကြောင့်သူ့အဖေဆီမှာ စားသောက်ဆိုင်ဖွင့်ဖို့ အတွက် အရင်းအနှီးတောင်းတယ် .....ဒါပေမယ့်သူ့အဖေကဆန်နီကိုမိန်းမယူမှဆိုင်ဖွင့်ပေးမယ်လို့ပြောလိုက်တယ်..... အဲ့တော့ ဆန်နီတစ်ယောက်မိန်းမယူဖို့အသည်းအသန်လိုက်ရှာပေမဲ့ အဆင်မပြေခဲ့ပါဘူး..... ဒီလိုနဲ့ ဆိုင်ဖွင့်ရပြီးရော မိန်းမတစ်ယောက်ရမှဖြစ်မယ်ဆိုပြီး ကြံမိကြံရာ နာမည်ကြီးအောင်သွယ်တော်ကိုအကူအညီတောင်းရပါတော့တယ် .....ဒီအောင်သွယ်တော်နဲ့တွေ့မှပဲ ဆန်နီတစ်ယောက် ပုံစံမျိုးစုံကြုံရပါတယ်...ဒီကား အချစ်ဟာသကားလေးဖြစ်သလို တော်တော်လည်း ကောင်းပါတယ်....မင်းသားမင်းသမီးတွေ အကုန်ချောမောကြသလို ဇာတ်လမ်းလေးလည်းကောင်းမွန်တဲ့အတွက်India ကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်.....File Size :(998MB) and (357 MB) Quality : WEB-DL 720p Format…mp4 Duration…02:05:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Ginny Weds Sunny(2020)
6.0
Dolly Kitty and Those Shining Stars(2020)
Dolly Kitty and Those Shining Stars(2020)India ကားကောင်းလေးလာပါပြီဗျား....အစ်မဝမ်းကွဲဖြစ်သူကိုညီမကပြောလိုက်တယ် "နင့်ယောက်ျားကင့ါကမတော်မရော်လုပ်ဖို့ကြိုးစားနေတယ်"... အဲ့မှာအစ်မဖြစ်သူက ဘာမှမအံ့သြတဲ့ပုံစံမျိုးနဲ့ ညီမဖြစ်သူကို နင်ကအရွယ်ရောက်လာလို့ ပေါက်ကရလျှောက်တွေးနေတာ ဘာညာဆိုပြီးပြန်ပြောလိုက်တယ်.. ပုံမှန်ဆိုရင် ဘယ်သူမဆိုအဲ့လိုပြောလာရင် သူတို့ယောက်ျားဖြစ်သူကို တစ်နည်းနည်းနဲ့တော့ ပြန်လည်ဆန်းစစ်မေးမြန်းကြမှာပါပဲ... .ခဲအိုရဲ့ရန်ကိုကြောက်ရတဲ့သူ့ခဗျာ အိမ်မှာမနေတော့ဘဲနဲ့ အဆောင်ငှားနေပြီး မအူမလည်နဲ့ အနီရောင်ချစ်နှင်းဆီApp ဝန်ဆောင်မှုမှာအလုပ်လုပ်ပါတော့တယ်....အဲ့အလုပ်ကပုရိသတွေရဲ့ ဖုန်းနဲ့ လိင်စိတ်ကိုဖျေဖျောက်တဲ့ ပုံစံမျိုးပေါ့.... အဆောင်လခတို့ အိမ်တို့ပြန်ပို့အတွက် ပိုက်ဆံကောင်းကောင်းရတော့ ကျိတ်မှိတ်သည်းခံပြီးလုပ်ကိုင်ခဲ့ရတယ်..အဲ့ဒီနောက်မှာတော့ .....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်ကြပါ...ဒီဇာတ်လမ်းက အိမ်ထောင်ရေးပညာပေးကားဖြစ်သလို ငယ်ရွယ်တဲ့သူတွေရဲ့ လမ်းလွဲတွေအကြောင်းကိုလည်းပညာသားပါပါရိုက်ကူးပြထားတာပါ.. Netflix Original ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတိုင်း အကြမ်းကြီးမဟုတ်ပေမယ့် လူကြီးမိဘတွေနဲ့တော့ကြည့်လို့အဆင်ပြေမှာမဟုတ်ဘူးဆိုတာပြောကြားရင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....File Size :(950 MB) and (371 MB) Quality : WEB-DL 720p Format…mp4 Duration…02:06:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Dolly Kitty and Those Shining Stars(2020)
6.5
Cargo(2020)
Cargo(2020)India ကားကောင်းမျှော်လင့်နေတဲ့သူတွေလာပါပြီဗျား....လူသားတွေနဲ့နတ်ဆိုးတွေဟာ အရင်တုန်းက စစ်ပွဲပေါင်းများစွာဆင်နွှဲခဲ့တယ်...အသက်ပေါင်းများစွာဆုံးရှုံးမှုသာ ဖြစ်ခဲ့လေတော့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ပြုလုပ်ခဲ့ကြတယ်.... အဲ့ဒီနောက် နတ်ဆိုးတွေဟာ သေဆုံးသွားတဲ့လူသားတွေရဲ့ဝိညာဉ်တွေကိုအစီအစဉ်တကျထုတ်ယူ ကူးပြောင်းပေးပြီးကူညီခဲ့ကြပါတယ်.. သူတို့ဟာအာကာသထဲကို လွန်းပျံယာဉ်တွေလွှတ်တင်ပြီးတော့ သေဆုံးမှုနေရာချကူးပြောင်းပေးရေးဌာနဖွင့်ပြီး.. ကမ္ဘာပေါ်ကသေသွားတဲ့လူမှန်သမျှကို တစ်ခြားတစ်ဘဝစီကို ကူးပြောင်းပေးပါတယ်..အာကာသယာဉ်တစ်စီးမှာ ကူးပြောင်းဖယ်ရှားပေးခြင်းလုပ်ကိုင်နေတဲ့ နတ်ဆိုးတစ်ယောက်ဖြစ်သူပရတ်ဟတ်စသာ ဟာဒီအလုပ်ကိုလုပ်ဆောင်နေတာ နှစ်ပေါင်းအတော်ကြာပြီဖြစ်တဲ့အတွက် အနားယူဖို့လိုလာပါတယ်....အဲ့အချိန်မှာသူ့ကိုကူညီပေးဖို့ လက်ထောက်တစ်ယောက်ပို့ပေးလိုက်တဲ့အချိန်မှာတော့ပြဿနာမျိုးစုံစတက်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်.....File Size :(900 MB) and (373 MB) Quality : WEB-DL 720p Format…mp4 Duration…01:59:00 Genre : Fantasy, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Cargo(2020)
4.8
Chhapaak (2020)
(Unicode)"ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ. . ."လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်(စိတ်ရိုင်းကိုယ်စီ) ရှိကြတယ်။ဘာကြောင့်များ လူတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေးပြီး ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ လွှတ်ပေးလိုက်ရတာလဲ?မနေ့က ဒီဇာတ်ကားကို ကြည့်မိတော့ ဇာတ်ကားရဲ့အစအလယ်အဆုံးမှာ ကျွန်တော်တွေးနေမိတာက "လူ့စိတ်ထဲက အမှောင်ဘက်ခြမ်း(Darkside)"အကြောင်းပါပဲ။တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဥ်းမယ်ထင်တယ်။ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်ယူသလဲသူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး "အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်"ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ...
movie
Chhapaak (2020)
2020
6.9
Dil Dhadakne Do (2015)
ဒီဇာတ်ကားမှာ နာမည်ကြီး Bollywood မင်းသမီး(၂) ယောက်ဖြစ်တဲ့ Priyanka Chopra နဲ့ PK ဇာတ်ကားထဲက မင်းသမီး Anushka Sharma တို့အပြင် သရုပ်ဆောင်တော်တော်များများတို့ ပါဝင်ထားပါတယ်။ အချစ် ၊ အမုန်း ၊ စီးပွားရေး ၊ လူမှုရေး ၊ မိသားစုမေတ္တာ နဲ့ လူ့သဘော သဘာဝတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့ခ်တချို့နဲ့ပဲညွှန်းပေးလိုက်ပါတယ်။ "ခင်ဗျား တစ်ယောက်ယောက်ကိုချစ်နေရင် သူ့ကို လွတ်လပ်အောင်နေပေးလိုက်ပါ..... လွတ်လပ်မှုဆိုတာ ခက်ခဲတယ်...အမြဲတမ်းလဲ အကောင်းဆုံးပဲ...နှလုံးသားတိုင်းကို ခုန်ခိုင်းပါ.... နေရာလေးသေးနေပေမယ့် ချစ်ခြင်းက ပြည့်စုံနေရင် ဘာတွေလိုအပ်နေဦးမှာလဲ" လူသားတွေအတွက် အလိုအပ်ဆုံးက ချစ်ခြင်းမေတ္တာဆိုတာ မြင်ရမှာဖြစ်ပါတယ်။ IMDB Rating (6.8/10) ရရှိထားတဲ့ Drama, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ File size...(995MB) Quality...HDRip 720p Format...mp4 Duration....02:53:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန်
movie
Dil Dhadakne Do (2015)
2015