Channel Myanmar

Vikram

Iru Mugan (2016) 6.3
Iru Mugan (2016) Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် ‌ အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Iru Mugan (2016)

Shankar’s I(2015) 7.3
Shankar’s I(2015) I 2015 ခါးကုန်းကြီး Imdb 7.4ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီး‌ရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲအတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်‌နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် ) File size…5.59GB / 2.49GB  Quality…WebRIp Uncut 1080p / 720p Format…mp4 Duration….3h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM
movie

Shankar’s I(2015)

2015
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023) Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie

Ponniyin Selvan: Part II (2023)

4K HEVC
Ponniyin Selvan: Part I (2022) 8.3
Ponniyin Selvan: Part I (2022) Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie

Ponniyin Selvan: Part I (2022)

2022
4K HEVC
David (2012)
David (2012) David (2012)=============လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး ‌David ကို မိတ်ဆက်ပေးချင်ပါတယ်။ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်း‌တော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…2.9GB  / 1.3GB Quality…1080p  WEBRIP ...
movie

David (2012)

2012
Cobra (2022) 6.4
Cobra (2022) ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vikram လို နာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား? ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ ပြစ်မှုကျူးလွန်ပါတယ်သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ်ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင် ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို အမိဖမ်းမှာပဲ ဖြစ်ပါတယ်သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရေ ာတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော် File size…7GB /3.2GB / 1.5GB Quality…4k HEVC / 1080p True WEB DL / 720p Format…mp4 Duration….3h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM &  OeliuJ & Lwin ...
movie

Cobra (2022)

2022
4K HEVC Web-DL
Mahaan (2022) 8.5
Mahaan (2022) Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie

Mahaan (2022)

2022
1080p HEVC