Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vidya Balan
6.6
The Dirty Picture (2011)
The Dirty Picture (2011) Genre- Biography, Comedy, Drama, Romanceဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာ ပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီး ပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင် ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန် ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ...
movie
The Dirty Picture (2011)
2011
6.4
Do Aur Do Pyaar (2024)
Do Aur Do Pyaar (2024)"နှစ် အပေါင်း နှစ်" ==================================ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး ဗီဒယာဘာလန်ရဲ့ IMDb 6.5/10 ရ အသစ်ထွက် dark fantasy ဆန်ဆန် အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဆိုတာ သွားတိုက်ဆေးနဲ့တူတယ်။မကုန်မချင်း ဖျစ်ညှစ်ခြစ်ကုပ်ပြီး သုံးကြပေမဲ့ ကုန်သွားရင်တော့ လွှင့်ပစ်ပြီး အသစ်ဝယ်ရတော့တာပဲတဲ့။ အန်နီနဲ့ ကာဗ်ရာတို့ လင်မယားနှစ်ယောက်ဟာ ချစ်လွန်းလို့ ခိုးပြေးလက်ထပ်ခဲ့ကြတဲ့သူတွေပါ။သူတို့ဟာ ချစ်စကြင်နာစမှာတော့ ပျော်ရွှင်ခဲ့ကြပေမဲ့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အေးစက်လာပြီး အချစ်သစ်တွေရှာမိကြပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ အသစ်တွေ့နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားနာပြီး သူက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း လမ်းမခွဲဘဲ တအုံ့နွေးနွေးဖြစ်နေကြတာပါ။သူတို့တွေ တစ်ယောက်အကြောင်းကို တစ်ယောက်သိသွားကြမှာလား၊ ဖွင့်ပြောရင်ရော ဘယ်လိုတွေဖြစ်ကုန်မှာလဲ၊ လေးပွင့်ဆိုင်ဇာတ်ကို ဘယ်လိုကကြမလဲဆိုတာကို ဒီဒီရုပ်ရှင်ထဲမှာ ပုံစံတစ်မျိုးနဲ့မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL~ ToMo ~ KKKZ ~ Alex ~ Zwe Yan တို့ဖြစ်ပါတယ်။) File ...
movie
Do Aur Do Pyaar (2024)
2024
6.5
Neeyat (2023)
Neeyat ( 2023 ) ===============IMDb 6.6/10 မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကို အဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့- အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာ သူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲ ဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကို တခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကို ဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေ ဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ ...
movie
Neeyat (2023)
2023
4K HEVC
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
7.3
Bhool Bhulaiyaa (2007)
ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw
movie
Bhool Bhulaiyaa (2007)
6.6
Jalsa (2022)
Jalsa 2022IMDb 6.3ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကိုဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲမာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ်ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းကို Yunniမှရေးသားပေးထားပါတယ်) File size…1.5GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & Honey
movie
Jalsa (2022)
2022
6.7
Hamari Adhuri Kahani (2015)
Hamari Adhuri Kahani (2015)======================IMDb Rating - 6.7/10ဗာဆူဒါး..."ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့သစ်ရွက်ခြောက်တွေမရှိရင်အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး""စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်" အာရဗ်... "မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်" ဟရီ... "ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်""ဒီအသက်ရှူသံတွေကို ငါပိုင်တယ်"−−−−−−−−−−−−−−−−−−−−−−−−−−−−−−အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ....ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ CM မှ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို သူရ နှင့် YK KY တို့မှရေးသားပေးပြီး။ ...
movie
Hamari Adhuri Kahani (2015)
2015
6.9
Sherni(2021)
Sherni 2021တောတွင်းက Wild Life တွေ အစိမ်းရောင်တောအုပ်တွေကိုတစိမ့်စိမ့်ထိုင်ကြည့်ရတာကြိုက်တဲ့သူတွေအတွက် Sherni လာပါပြီNewton ဇာတ်ကားနဲ့ အရမ်းပေါက်ခဲ့တဲ့ Director Amit V Masurkarရိုက်ကူးထားတဲ့ 2021 အသစ်ထွက် movie ဖြစ်ပြီးတော့ IMdB 6.9/10 ရရှိထားပါတယ်ဗစ်ဒီရာ သစ်တောအရာရှိအသစ်အဖြစ်နဲ့ တာဝန်ယူရတဲ့ ရွာကလေးမှာ ကျားရန်က ခြိမ်းခြောက်နေပါတယ်နိုင်ငံရေးသမားတွေရဲ့ အကွက်ချမှုကြောင့် စားကျက်မြေလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရွာသူရွာသားတွေခမျာဆုပ်လည်းစူး စားလည်းရူး ကျောင်းစရာမြေက တောထဲပဲ ရှိလေတော့ ကျားရန်ကြောက်ပေမယ့်လည်း ကိုယ်မွေးထားတဲ့ကျွဲနွားဆိတ်လေးတွေ ဗိုက်ဆာကြမှာစိုးလို့ တောထဲပဲ သွားကျောင်းရပါတယ်အန္တရာယ်များတဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ အန္တရာယ်တွေ တကယ်ကြုံလာရတဲ့အခါကတိတွေအထပ်တလဲလဲပေးခဲ့တဲ့ နိုင်ငံရေးသမားတွေက သူတို့ပေးတဲ့ကတိတည်နိုင်ကြပါ့မလားသစ်တောဌာနရဲ့ ရည်ရွယ်ချက်က ဘာလဲသစ်တောကို ထိန်းသိမ်းရင်းနဲ့ လူတွေကို လျစ်လျူရှုမိသလိုများ ဖြစ်နေမလားစတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ Women Empowerment ကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့Wild Life , Discovery ...
movie
Sherni(2021)
2021
Shakuntala Devi(2020)
Shakuntala Devi(2020)ဒီဇာတ်လမ်းက Human Computer လို့တင်စားလောက်အောင်သင်္ချာမှာတော်တဲ့ အိန္ဒိယက အမျိုးသမီးကြီးရှုကန်တလားဒေဝီ အကြောင်းကိုရိုက်ကူးထားတာပါ...မင်းသမီးကြီးကလည်း မြန်မာပရိတ်သတ်တွေရင်းနှီးတဲ့Vidya Balan ကသရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းစစချင်း မှာ ကောင်မလေးတစ်ယောက်ဟာ မကျေနပ်ချက်မျိုးစုံနဲ့ ရုံးကြီးတစ်ခုကိုသွားနေတယ်....သူမက ကြိုတင်ချိန်းဆိုထားတာဖြစ်လို့ လူကြီးတွေလည်းစောင့်ဆိုင်းနေကြတယ်...ဒီလူကြီးတွေ ကောင်မလေးချိန်းဆိုပြီး တရားစွဲတဲ့ကိစ္စအတွက်စောင့်ဆိုင်းနေကြတာပါ...သို့ပေမဲ့သူတို့အားလုံးက အံအားသင့်နေတဲ့မျက်နှာကိုယ်စီနဲ့...ဘာလို့ဆို ဒီကောင်မလေးဟာ သူ့အမေဖြစ်သူရဲ့ရှကန်တလားဒေဝီကို ဘဏ္ဍာရေးစာရင်းတွေ တရားမဝင်ဖျောက်ဖျက်မှုနဲ့ တရားစွဲထားတာကြောင့်ပါ....ဘာကြောင့်အမေဖြစ်သူကိုတရားစွဲတာလဲ...ဒီအမေဖြစ်သူက ဘာကြောင့် Human Computer လို့တင်စားလောက်အောင်တော်နေတာလဲ...သူဖြတ်သန်းခဲ့ရတဲ့ငယ်ဘဝပုံရိပ်တွေဟာဘယ်လိုမျိုးလဲ...ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဒီကားက တော်တော်ကြီးကိုကောင်းပါတယ်...သရုပ်ဆောင်တွေလည်း အရမ်းကိုစနစ်တကျပြင်ဆင်ပြီး ရိုက်ချက်တွေလည်းအတော်ခမ်းနားပါတယ်...ပေးချင်တဲ့ Message တွေလည်းကောင်းမွန်လွန်းတာမို့ Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲတော်ပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Zwe Zan Aung,Thaik San & Thar Htet တို့ပဲဖြစ်ပါတယ်... File Size : (2.41GB) and (1.02GB) Quality : WEB-DL 720p Format…mp4 Duration…02:07:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Shakuntala Devi(2020)
6.5
Dum Maaro Dum(2011)
Dum Maaro Dum(2011)အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ....တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့.....ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။ မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်...သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့...ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်.... ၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား? မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ? အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့....... Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (1.01 GB) and (554 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Action , Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Dum Maaro Dum(2011)
6.6
Mission Mangal(2019)
Mission Mangal(2019)အညှှနြး************************(Zawgyi)မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်... အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ "နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကိုငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ" လို့ ကျွန်တော် ပြောလိုက်ရင်ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ "သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ" တဲ့ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ...ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ... အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်...သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး...ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ... ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ "ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်" တဲ့ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ...
movie
Mission Mangal(2019)
2019
8.1
Kahaani (2012)
Kahaani (2012)IMDb Rating (8.1)၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမဲ့ မင်းသားဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယဇာတ်လမ်းတွေနဲ့ ကွာပါတယ်။ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။ ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ၀င်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအ၀င် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။သည်းထိတ်ရင်ဖို ...
movie
Kahaani (2012)
2012
6.9
Tumhari Sulu (2017)
Sulu Chnar _ အိမ်ထောင်ရှင်မတစ်ယောက် ၊ အိမ်မှုကိစ္စရပ်တွေမှာ စေ့ငှပြီး ခင်ပွန်းဖြစ်သူကို ဇနီးကောင်းတစ်ယောက်လို ၊ သူငယ်ချင်းတစ်ယောက်ကဲ့သို့ သတ်မှတ်ပြီးပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းနေသူ ။မူလတန်းအရွယ် ကလေးတစ်ယက်၏ မိခင် ။ခင်ပွန်းဖြစ်သူရဲ့ အသိုင်းအဝန်းစူလိုချနားရဲ့အိမ်ကို မကြာဆိုသလို လာရောက်လည်ပတ်တတ်ပြီး သူတို့ အလုပ်အကိုင်အကြောင်းတွေကို ကြွားလုံးထုတ် စူလိုချနား မခံချင်အောင် မီးမွှေးကြတဲ့သူတွေပေါ့ ။အသိုင်းအဝန်းမှာ သူမပညာမတတ်တာကိုဘဲ အမြဲ ရမယ်ရှာပြီး အပြစ်ပြောခံနေရတတ်သူ ၊ စူလိုချနားဟာ ဒီလိုအချိန်တွေမှာ နားထောင်ကောင်းကောင်းနဲ့ အမြဲတမ်းအငြိမ်နေသည်းခံတတ်သူတော့မဟုတ်ပါဘူး။တစ်ခွန်းဆိုရင် ဆယ်ခွန်းပြန်ဆိုလိုက်ရမှ နေသာထိုင်သာရှိသူတစ်ယောက်အိမ်ထောင်ရှင်မ စူလိုချနားမှာ ကောင်းတဲ့အကျင့်စရိုက်လေးတစ်ခုက ဘယ်အလုပ်ကိုမဆို ငါလုပ်နိင်တယ် ဆိုတဲ့ ခံယူချက်လေးပါဘဲ ။လင်ယောက်ျားဖြစ်သူ အရို့ က် တစ်ယောက်တည်းဝင်ငွေနဲ့ ရပ်တည်နေတာကို တစ်ဖက်တစ်လမ်းကကူညီဖြေရှင်းပေးချင်တဲ့ စိတ်လေးက စူလိုချနားမှာရှိနေတယ်။စိတ်ထဲရှိတာတင်မဟုတ် အိမ်တစ်ဆောင်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ မီးဖိုချောင်သုံးပစ္စည်း ပန်းကန် ခွက်ယောက်မကျန် တီဗီအဆုံး စူလိုချနား ဖြည့်ဆည်းထားတာချည်း ။ယောက်ျားအသုံးစရိတ်နဲ့ ...
movie
Tumhari Sulu (2017)
2017
8.1
Lage Raho Munna Bhai(2006)
Lage Raho Munna Bhai (2006) °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° " Hello ; Good Morning ; Mumbai " ဆိုတဲ့ နှုတ်ဆက်စကားလေးဟာ ရေဒီယို လေးကနေ ပျံ့လွင့်လို့လာခဲ့တယ်။ သာယာတဲ့ အသံပိုင်ရှင်ဟာလည်း ချောမောလှတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ အသံလွှင့် သူလေးက "ဂျန်ဗီ" ။ဒီအသံလေး ကို ရင်ဘတ်နဲ့ စွဲငြိနေခဲ့မိသူကတော့ လူကြမ်းကြီး မူနာပါပဲ။ တစ်နေ့မှာတော့ "ဂျန်ဗီ "ဟာ ရေဒီယို ကဏ္ဍ လေးတစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီ ကဏ္ဍ လေးမှာတော့ အိန္နိယနိုင်ငံရဲ့ နှလုံးလှဖခင်ကြီး ဂန္ဒီ အကြောင်း ကို ဖြေဆိုရင်း သူမနှင့် တွေ့ဆုံနိုငိမယ့် အခွင့်အရေးလေးပါပဲ။ ဒီ ကဏ္ဍ အတွက် မူနာ ဟာ အစွမ်းအကုန် အားထုတ်နေခဲ့မိပါတယ်။ မရတာ မရှိ မဖြစ်နိုင်တာ မရှိလေတဲ့ လူကြမ်း မူနာအတွက်တော့ ...
movie
Lage Raho Munna Bhai(2006)
2006
Begum Jaan (2017)
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ...
movie
Begum Jaan (2017)
2017
5.5
Bobby Jasoos (2014)
IMDb rating 5.5 ရရှိထားပြီး ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝုဒ် အချစ်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘော်ဘီ ဟာ ဟိုက်ဒရာဘတ် မြို့ဟောင်းမှာနေထိုင်သူတစ်ယောက်ဖြစ်ပြီးတော့ စုံထောက်အလုပ်ကို ရူးသွပ်သူတယောက်ဖြစ်ပါတယ် ပြီးတော့ သူစုံထောက်လုပ်ခြင်တာက သူ့အဖေ သက်သေမပြနိုင်ခဲ့တဲ့ အမှုကို ဆက်လက်စုံစမ်း ဖော်ထုပ်ခြင်တာကြောင့်လဲဖြစ်ပါတယ် နောက်ဆုံးမှာတော့ သူဟာာ ချမ်းသာတဲ့ အလုပ်ရှုင်တယောက်နဲ့ ချိတ်ဆက်မိပြီး ငွေကြေးမြောက်မြားစွာပေးကာ သူ့သမီး၂ယောက်ကို စုံစမ်းခိုင်းတဲ့ အခါမှာတော့ ဘယ်လို ဟာတွေက ယုန်ထောင်ကြောင်မိ ပေါ်လာလေမလဲ ဆိုတာကို အလွဲလွဲအချော်မချော်တွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် ဘောလိဝူဒ်ဇာတ်မြူးကြိုက်တဲ့ ပရိတ်သတ်ကြီးအနေနဲ့ကတော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲဗျ :D
movie
Bobby Jasoos (2014)
2014
N/A
TE3N (2016) မြန်မာစာတန်းထိုး
လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားမျိုးကိုမှ ရွေးချယ်ကြိုက်သူတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ မှတ်ကျောက်တင်ခံရဦးမှာပါ။ IMDB rating ကလည်း 7.3 အထိရရှိထားပြီး မင်းသားကြီး အမီတာဘဂျမ်းပါဝင်ထားတာကြောင့် ဇာတ်ကားအရှိန်အဝါဟာ ပိုကြီးမားလာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းအားဖြင့် အဘိုးအို "ဂျွန်" ဟာ ၈ နှစ်ကြာ ကာလအထိ မပေါ်ပေါက်သေးတဲ့ သူ့မြေးလေး ပြန်ပေးဆွဲခံရမှု အပေါ် ဇွဲမလျှော့တဲ့ လူတစ်ယောက်ပါ။ သေဆုံးသွားခဲ့ရသူ မြေးလေးအတွက်လည်း နေ့စဉ်အမျှ ဝမ်းနည်းနေခဲ့ရတဲ့ မြေးချစ်အဖိုး တစ်ယောက်လည်း ဖြစ်ပါတယ်။ရဲစခန်းဌာနတွေမှာ နေ့နေ့ညည စုံစမ်းရင်းနဲ့ အမှုမှန် ပေါ်ပေါက်လာဖို့ "ဂျွန်" တစ်ယောက် မျှော်လင့်နေခဲ့တယ်။ တစ်နေ့မှာတော့ "ဂျွန်" ဟာ မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက် သူ့မြေးဦးထုပ်လေးဆောင်းထားတာက်ို တွေ့လိုက်ရတယ်။ သဲလွန်စတစ်ခုမို့ "ဂျွန်" ဟာ စုံစမ်းမှုတွေတသီနဲဲ့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေခဲ့တယ်။ များမကြာမီမှာတော့ အရာရှိရဲ့ကလေးငယ်တစ်ယောက် ပြန်ပေးဆွဲခံရမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်တယ်။ ထူးခြားမှုကတော့ ...
movie
TE3N (2016) မြန်မာစာတန်းထိုး
2016